Sign Up
lost your password?

ဂလိုဘယ်လမ်းကြား

Gtalk Hack

Monday, July 28th, 2008

ကဲ.. နည်းလမ်းကတော့ ရှာတွေ့သွားပြီ။ သိချင်စိတ်တွေလဲ များနေလောက်ပြီဖြစ်လို့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ အောက်မှာ Read more ကိုသာ နှိပ်ပြီး လေ့လာလိုက်တော့။

သတိ၊

Educational ရည်ရွယ်ချက်ဖြင့်သာ ဤ Post ကို ရေးသားခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများမှာ လိုက်နာပြုလုပ်သူနှင့်သာ လုံးဝသက်ဆိုင်ပါသည်။ ရေးသားသူ ကျွန်တော်နှင့် R Blog..! မှ ဤ Post ကြောင့် ဖြစ်လာနိုင်မည့် ပြဿနာများကို လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင် အသိပေး ပါသည်။ ယခု Hack အား မည့်သို့ ကာကွယ်ရမည်ကိုလည်း Post တစ်နေရာတွင် ရေးသားထားပါသည်။

- ဘာတွေ လိုအပ်မလဲ ??
၁။ ကိုယ်သိချင်တဲ့လူက ကိုယ်နဲ့ နီးနီးနားနားမှာ ရှိနေရပါမယ်။ (ကွန်ပြူတာနဲ့ Internet ချိတ်ထားပြီး Google Talk ကို သုံးနေရပါမယ်)
၂။ အချိန် အနည်းဆုံး ၁၀ မိနစ် ခန့် လိုအပ်ပါတယ်။ များလေ ကောင်းလေပါပဲ။
၃။ Passware က အခမဲ့ ထုတ်တဲ့ Asterisk Key ဆိုတဲ့ application တစ်ခုလိုအပ်ပါမယ်။ Portable ဖြစ်အောင် ကျွန်တော်လုပ်ပေးထားပါတယ်။ ဒီမှာ နဲ့ ဒီမှာ Download လို့ရပါတယ်။
၎။ အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့ လူမိသွားရင် ကိုယ်ဖြစ်ကိုယ်ခံ လုပ်ရဲရင် ခံရဲရမယ် ဆိုတဲ့ စိတ်ထား။

- ဘာတွေ လုပ်လို့မရဘူးလဲ ??
၁။ ဒီနည်းနဲ့ အဝေးကနေ လှမ်းပြီး Crack လုပ်လို့ မရပါဘူး။

- ဒီလို လုပ်ပါ။
၁။ ကိုယ် hack ချင်တဲ့ လူဟာ google talk ကို login ၀င်ထားပြီး အဝေးခဏ သွားနေတဲ့ အချိန်မှာ စပြီး hack လုပ်ပါမယ်။

၂။ Dial up ဆိုရင် internet ကနေ disconnect လိုက်ပါ။ ADSL တို့ Local Network ဆိုရင်တော့ Network ကြိုးကို ဆွဲဖြုတ်လိုက်ပါ။ ဒါမှမဟုတ် Network ကို Control Panel ထဲကနေ ၀င်ပြီး
Disable လုပ်လိုက်ပါ။

၃။ ကြိုးဖြုတ် (သို့) disconnect လိုက်ရင် Google talk က online ဆက်ပြီး ရှိနေဦးပါမယ်။ စောင့်လိုက်ပါ။ ခဏနေရင် Google Talk က "Reconnecting.. 3 seconds" လို့ စပြီး ပေါ်လာပါလိမ့်မယ်။ ခဏ ထပ်စောင့်လိုက်ပါဦး။



၎။ Google talk က အောက်မှာ Contacts တွေ ပေါ်နေတာကနေ Login နေရာ (User name နဲ့ password ကို ရိုက်ရတဲ့နေရာ) ကို ပြန်ရောက်သွားရင်



၅။ Asterisk Key ကို run လိုက်ပါ။ ပြီးရင် "Recover" (or press Ctrl + O) ကို နှိပ်လိုက်ရင် အောက်မှာ Password: ဆိုပြီး ပေါ်နေမှာကို တွေ့ရမှာဖြစ်ပါတယ်။



၆။ Password ကို အမြန်ကူး ဒါမှမဟုတ် မှတ်လိုက်ပြီး အကုန်ပြန်ထွက်လိုက်ပါ။ Dial up ဆိုရင် connection ပြန်ချိတ်ပါ။ Network cable ပြန်တပ်ပါ။ Asterisk key ကို uninstall လုပ်ပါ။

၇။ အမူအရာ မပျက် ကိုယ့်နေရာကို ပြန်နေလိုက်ပါ။ ဒါဆိုရင် သူများ password ကို ရပြီဖြစ်ပါတယ်။ :)

- ကိုယ့်ကို ဒီလို အလုပ်မခံရအောင် ဘယ်လို ကာကွယ်မလဲ?

၁။ အကောင်းဆုံးကတော့ ကွန်ပြူနားက ခဏထသွားမယ်ဆိုရင် Google Talk ကနေ log off လုပ်ခဲ့ပါ။

၂။ နောက်တစ်နည်းက Windows Login မှာ password ခံထားပြီး ခဏထသွားမယ်ဆိုရင် ကွန်ပြူတာကို Lock or Sleep mode ကို ပြောင်းထားခဲ့ပါ။ ဒါဆိုရင် စိတ်ချရပါတယ်။

ဒီနည်းကို ဘယ်လိုရှာတွေ့လည်းလို့ မေးရင် ကျွန်တော်က Internet Connection ကြောင့်လို့ ဖြေရမှာပါ။ :P ဟုတ်တယ်လေ.. ကွန်နက်ရှင်က ခဏခဏ ဒေါင်းတော့ Reconnecting တွေ ဖြစ်တာကို ထိုင်ကြည့်ရင်း အကြံရ သွားတာပဲ။ Google Talk ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လုပ်တာဖြစ်လို့ နောက်တစ်ခါ Google ကနေ Google Talk Version အသစ်ဖြန့်တဲ့အခါ ဒီ flaw ကို ပြင်ထားမယ်လို့ ယူဆရပါတယ်။

 

Labels: P.S: R Blog..! ရဲ့ ၁၀၀ မြောက် Post ဖြစ်ပါတယ်။!!

8 Comments

rapster88
Wednesday, 03 March 2010
ဒါဆိုရင် ကျွန်တော့် Screen shot တွေက watermark တွေကို ပြင်ထားတာကရော? လင်းပါဦး။
piyopiyo
Sunday, 28 February 2010
အဲဒါ you ကိုယ်တိုင်ရှာတွေ့ထားတာလား? ကျွန်တော် lable မှာရေးထားပါတယ်ခင်ဗျာ ... Rblog ရဲ့ 100 မြောက်ဆိုတာ
eithulay
Thursday, 31 July 2008
မဟုတ်တရုတ်တွေ သင်ပေးနေတယ်ဗျို့ မာမီရယ်...........
kaungmalay
Monday, 28 July 2008
ဟုတ်ကဲ့ အကိုရေ။ မထမဆုံးအနေနဲ့ အကို့ကိုအစမ်း hack ကြည့်လိုက်ဦးမယ်။ ဖြစ်တယ်မလား။
mgmgbuu
Monday, 28 July 2008
ငါ့ကောင် Hacker လုပ်ဖို့ရည်ရွယ်ချက်နဲ့ လေ့လာနေတာလားကွ.အင်း....ကောင်းတော့ကောင်းတယ်ဒါပေမဲ့ မျက်စိတော့စပ်သားကွ
sat paing
Monday, 28 July 2008
စိုးမိုး ရှာတွေ့သွားပြီိကိုး ...............
patheinthu
Monday, 28 July 2008
ကိုစိုးမိုး ရှာတွေ့သွားပြီိကိုး ...............
zwm
Monday, 28 July 2008
မင်းအရင် ခံရဘူးလို့လား?

Would you like to comment?

Sign up for a free account, or Sign in (if you're already a member)
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.