မြက်ပန်းတစ်ပွင့်နဲ့ ကဗျာတစ်ပုဒ်
Thursday, September 25th, 2008
အနားတွေဖွာလန်ထွက်နေတဲ့ ကျုလင်ပန်းစုတ်ထဲမှာ မြက်ပန်းတစ်ပွင့်နဲ့ ကဗျာတစ်ပုဒ် ကို သယ်ဆောင်လို့ ခြေဦးတည့်ရာ ခြေတစ်စုံက သွားနေလေရဲ့ကွယ်..။
ချော့ကလက်တွေ၊ ပန်းစည်းတွေ ထည့်လိုက်တိုင်း ကျွံကျွံကျသွားတတ်လွန်းလို့ ဒီမြက်ပန်းနဲ့ ကဗျာတစ်ပုဒ်ကတော့ စကာတင် နေနိုင်ကောင်းပါရဲ့။
ကျုပ်ရင်ဘတ်တွေကော ကျောကုန်းပြင်တစ်ခုလုံးမှာပါ ရေခဲမြစ်တွေ စီးဆင်းနေသလိုပါပဲလား။
ကော်ဖီသောက်တတ်တဲ့ ရုပ် ကျုပ်မဟုတ်ဘူးဆိုတာ ရှင် ကျုပ်ကို မြင်ကတည်းက သိဖို့ကောင်းတယ်။ ကော်ဖီခါးခါးတစ်ခွက်ထဲကို သံပုရာသီး ညှစ်သောက်ရလောက်အောင် ကျုပ် မရူးသေးဘူးရှင်။ ကော်ဖီတစ်ခွက်တည်းနဲ့လဲ ဒီရေခဲမြစ်တွေ အရည်ပျော်ကျကုန်မယ် ထင်လို့လားရှင်ရယ်…။

ဘယ်အရာမဆို အကောင်းဘက်က လှည့်တွေးလွန်းတာဟာ ကျုပ်ရဲ့ အားနည်းချက်တဲ့လား။
ဒီလိုမှ မတွေးလို့ နေစရာနေရာမရှိဖြစ်ခဲ့မယ် ဆိုရင် ကောင်းကင်ထဲ တက်ထိုင်နေတဲ့လား။
သိပ်ကြီးမားတဲ့ အရာတွေ ကို သေးသေးလေးနဲ့ ပေါ့ပေါ့လေးဖြစ်အောင် ကျုပ် ရယ်မောပစ်တတ်တာ အမှားတဲ့လား။ ဂျိမ်းဂျွိုက်စ်ကိုတောင် လက်မခံနိုင်သေးတဲ့ ရပ်ဝန်းမှာ “အဟွန်း” လို့ မရယ်ရဘူးတဲ့လား။ ရှင်ပြောသမျှစကားတွေ ဒီဘက်နားက၀င် ဟိုဘက်နားကထွက်တာ ကျုပ်အတွက် ဘ၀အစစ်က ဟိုးမြေကြီးပေါ်မှာ။
ရှင်.. ဖြတ်သန်းဖူးခဲ့တဲ့ ကောင်းကင်တွေကို ရည်တွက်လိုက်မယ်ဆိုရင်လဲ နဲမှာတော့ မဟုတ်ဘူးဆိုတာ ကြယ်တွေကောင်းကောင်းသိပါလိမ့်မယ်။ ကောင်းကင်တွေ အများကြီးထဲမှာမှ နတ်ဘုရားတွေလဲ ကောင်းကင်ရဲ့ ဟိုထောင့်ဒီထောင့်တွေမှာ ဘယ်လောက်များလိုက်မလဲ၊ ဒီကောင်းကင်မှာ ဘုရားတဆူ တက်ထိုင်နေသလို ဖြစ်နေတာကိုတော့ ကျုပ်နဲနဲရှက်မိပါရဲ့။ တစ်ယောက်ထဲထပြီး အရောင်တွေ ပြိုးပြိုးပျက်ပျက်လက် မနေချင်တာ ရှင် အသိဆုံး။ အခြားသော ကောင်းကင်တွေလို မိုးညိုတာနဲ့ မရွာတတ်သလို၊ နေသာတာနဲ့ ပန်းမပွင့်တတ်တဲ့ သွေးအေးထုံပေမှုတစ်ခုဟာ ကျုပ်ကို ကယ်တင်သွားလိမ့်မယ်လို့ ယုံကြည်စိတ်ချနေတုန်း….
.......
.......
အေးစက်နေတဲ့ အုတ်တံတိုင်းထူကြီးရဲ့ တစ်ဖက်တစ်ချက်မှာ ကျောပေးပြီး ရပ်နေတဲ့ လူသားနှစ်ဦးနားမှာ ဆူညံ့အုံးထနေတဲ့ အာဖရိက ဗုံသံတွေလဲ တိတ်ဆိတ်သွားတာ ကြာပြီကောရှင်။

9 Comments
Sunday, 11 October 2009
Saturday, 03 January 2009
Saturday, 27 September 2008
Thursday, 25 September 2008
Thursday, 25 September 2008
Thursday, 25 September 2008
Thursday, 25 September 2008
Thursday, 25 September 2008
Thursday, 25 September 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)