နယ်မြေသစ်ဆီ…
Saturday, June 21st, 2008
ပန်းပွင့်တွေကို ဖုံးကွယ်တော့
ရနံ့တွေလဲ ပျယ်ခဲ့ပြီ…
မြင့်မားတဲ့ နံရံ တစ်ချပ်နဲ့ စည်းခြား
နားလည်မှုတွေလည်းပဲ ပါးလျား လာခဲ့ပြီ…
လမင်းရှေ့မှာ အုပ်မိုးတဲ့
မည်းနက်တဲ့ တိမ်ခိုးတွေလည်း များလှပြီ…
အလျဉ်း ရိုးသားခြင်းနဲ့ပဲ
တို့နှစ်ယောက် ရှေ့မှာ တံတားတစ်စင်းခင်းရမယ်…
*
အသိမဲ့ အိပ်စက်မှုက နိုးထပြီး
ရင်ထဲက အရှိတရား အမှန်ကို
အပြန်အလှန် အသိအမှတ်ပြုကြဖို့
တို့… ဘယ်လောက်ထိ စောင့်ရမလဲ…
မျက်နှာချင်းဆိုင်ဖို့
တို့… အတူတကွ ချည်နှောင်ကြရမယ်
*
ယုံပါကွယ်
မျှော်လင့်ချက်မရှိ
ပကတိ ရိုးသားတဲ့ နေရောင်ခြည်ကြောင့်
လောကဟာ ပိုမို လင်းပလာရတယ်…
ဟန်ဆောင်မှုကို ပယ်ရှင်း
အတÅကင်းတဲ့ မိုးရေစက်အေးအေးကြောင့်
ပန်းပွင့်တွေက ပိုပြီးမွှေးမြလာရတယ်…
*
လာပါကွယ်…
လွတ်လပ်တဲ့ ကွင်းပြင်ကျယ်ထဲမှာ
အတူတကွ
ရွှင်မြူးစွာ ကဖို့ …
မာနဆိုတဲ့ ကျဉ်းကျပ်မယ့် အဆင်တန်ဆာ
သိက©ာဆိုတဲ့ လေးလံမယ့် ဥသျှောင်
ဟန်ဆောင်မှုဆိုတဲ့ စိန်ပွင့်တွေနဲ့ ခြေနင်း
အားလုံးကို မင်းပစ်ခဲ့တော့
*
ရဲရင့်စွာ ရိုးသား
ပွင့်လင်းစွာ ခံစားပြီး
မြတ်နိုးစွာ ချစ်ခင်ကြဖို့
ရိုးစင်းပေါ့ပါးတဲ့ အမှန်တရား ၀တ်စုံကိုလဲလှယ်လို့
တို့… လက်တွဲ ရှေ့ဆက်မယ်…



0 Comment
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)