Sign Up
lost your password?

zerolay.91@gmail.com

တွေးချင်ရာတွေးပြီး ရေးချင်ရာရေးထားတာလေးတွေပါ...

ငေးမောနေခဲ့မိတဲ့ ညနေပျို

Thursday, April 9th, 2009

ခုတစ်လော ကွန်နက်ရှင်မကောင်းတာနဲ့ပဲ အွန်လိုင်းမတက်ဖြစ်လို့ စုဘူးထဲတောင် မ၀င်တာကြာပြီ (အဓိကတော့ရေခန်းနေတာပါTongue out)..... အွန်လိုင်းဝင်ဖြစ်တော့လည်း သုံးစားလို့မရတဲ့ကွန်နက်ရှင်နဲ့ ဂျီတော့လောက်ပဲ ပြောလို့ရတယ် Frown..။ မနေ့ညကတော့ နေမကောင်းတာနဲ့ပဲ အိပ်လို့လည်းမရ၊ စာကျက်လို့လည်းမရ၊ မထူးဘူးဆိုပြီး အွန်လိုင်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်ဖွင့်ကြည့်ရင်း စုဘူးထဲရောက်လာပါရော... မဖတ်ရသေးတဲ့ blog တွေဆိုတာ အများကြီးပဲ (သူများတွေများ ကွန်နက်ရှင်ကောင်းကြတယ်ထင်ပါရဲ့)...။ ဒါနဲ့ပဲ ပရိုဖိုင်တွေကို လျှောက်သွားပြီး အကြွေးတွေလိုက်ဆပ်လိုက်ရသေးတယ်.. (sign in မလုပ်ထားလို့ ကွန်းမန့်တွေတော့ မပေးဖြစ်ဘူး စိတ်ဆိုးကြနဲ့နော် Laughing)..။ မအိပ်ချင်တာနဲ့ zero ရဲ့ profile ထဲက commet တွေကို ပြန်ဖတ်ရင်း သူငယ်ချင်းတွေကိုတောင် လွမ်းသွားတယ်... အရင်ကဆို နေ့တိုင်းနီးပါးတွေ့နေရတဲ့သူတွေ ခုကြတော့လည်း အပြင်မှာတွေ့ဖို့မပြောနဲ့ အွန်လိုင်းမှာတောင် သိပ်မတွေ့ဖြစ်တော့ဘူး... Cry။ အကုန်လုံးကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ပဲလေ zero တောင် ဘာအလုပ်မှမရှိဘဲနဲ့ တစ်ယောက်တည်းဘာတွေရှုပ်မှန်းမသိ ရှုပ်နေသေးတာပဲ..Tongue out။ နောက်ပြီး zero စုဘူးထဲစရောက်ကာစ ယောင်ချာချာဖြစ်နေတဲ့အချိန်က ခင်မင်ခဲ့ရတဲ့သူတွေ.. အကူအညီပေးခဲ့တဲ့သူတွေ.. သူတို့ profile တွေကို လျှောက်ကြည့်တော့မှ တချို့သူငယ်ချင်းတွေနဲ့ မတွေ့ရတာတော်တော်လေး ကြာနေခဲ့ပြီ..။ တချို့ကျတော့လည်း last login ဆိုတဲ့နေရာမှာ လနဲ့တောင် ချီနေပြီ...။ zero စုဘူးထဲမှာရှိတဲ့ တစ်နှစ်အတွင်း သူငယ်ချင်းတွေ၊ အကိုအမတွေ အများကြီးရခဲ့ပါတယ်... ခုချိန်မှာ မတွေ့ဖြစ်တော့တဲ့သူတွေလည်း အများကြီးရှိခဲ့ပါပြီ...။ ဘာပဲဖြစ်ဖြစ်ပါ လူချင်းမတွေ့ပေမယ့် အွန်လိုင်းမှာမတွေ့ပေမယ့် zero ရဲ့ သူငယ်ချင်းတွေ အကိုတွေအမတွေကို ဘယ်တော့မှမမေ့ပါဘူး..။ "ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏" ဆိုတဲ့အတိုင်း နောက်ထပ်ပြန်မဆုံဖြစ်ကြတော့ဘူး ဆိုရင်တောင် zero နားမှာရှိနေပေးခဲ့တဲ့၊ နားလည်ပေးခဲ့တဲ့ သူငယ်ချင်းတွေအားလုံးကို အမြဲသတိရနေမှာပါ...။ ၀ါဝါမ ရေးခဲ့ဖူးသလိုပေါ့ "သူငယ်ချင်းဆိုတာ ဘယ်တော့မှ နေမ၀င်တဲ့ အေးအေးချမ်းချမ်း ညနေပျို" ပါပဲ... အဲဒီစာသားလေးပေါ်အခြေခံပြီး zero ကဗျာတစ်ပုဒ်ရေးထားသေးတယ်... ခေါင်းစဉ်က "ငေးမောနေခဲ့မိတဲ့ ညနေပျို" တဲ့ ဖတ်ကြည့်ပေးပါဦး .....

 

 ငေးမောနေခဲ့မိတဲ့ ညနေပျို

"အိပ်မက်" "ဘ၀" "မျှော်လင့်ချက်"

ခေါင်းစဉ်ပေါင်းများစွာက

ငါတို့ရဲ့ညနေပျိုကို ခိုးဝှက်လုယူသွားခဲ့ .....

 

လောဘ, မောဟတွေနဲ့

အဆိပ်သင့်နေတဲ့လေထုကြီးကို ရှူရှိုက်ရင်း ...

ကိန်းဂဏန်းတွေကြားမှာ

ရုန်းကန်လှုပ်ရှားရင်း ...

မျက်နှာဖုံးစွပ်ထားတဲ့ မျက်နှာတွေကို

မပြုံးချင်ပဲပြုံးပြရင်း ...

ငါ့ရဲ့ .................

အေးအေးချမ်းချမ်း ညနေပျိုကို

လွမ်း ........ တယ် .......။

 

အိပ်မက်ခင်းတဲ့လမ်းကို

လှမ်းလျှောက်နေကြသူချင်း အတူတူ

ဘယ်သူက ဘယ်သူ့ထက်ပိုပြီး

လွမ်းဆွတ်တသနိုင်မှာလဲ .....

 

ဦးတည်ရာအရပ် မတူညီကြတဲ့

ငါတို့ရဲ့ခပ်ကျဲကျဲခြေလှမ်းတွေက

တစ်ဦးနဲ့တစ်ဦး ပို ... ပိုပြီး

ဝေးကွာစေခဲ့ .....

 

နှုတ်ဆက်ခွင့်မရလိုက်တဲ့ ခွဲခွာမှုတွေ

ဘယ်လောက်တောင် များခဲ့ပြီလဲ

ဆို့ဆို့နင့်နင့် ကြေကွဲမိရဲ့

ဘာတွေပဲဖြစ်ဖြစ်

ထောင့်ချိုးတစ်နေရာရာမှာတော့

မျက်နှာချင်းဆိုင် ငါတို့ ... ပြန်ဆုံကြမယ် ... ။

 

zero

 

ဒီကဗျာလေးရဲ့ခေါင်းစဉ်က ညီမင်းခန့် စဉ်းစားပေးထားတာပါ... ကျေးဇူးညီမင်းခန့်ရေ.... Smile

Labels: ချစ်ရသော သူငယ်ချင်းများသို့ ......

ရင်ဘတ်ထဲကနွေနဲ့နေသားမကျသေးတဲ့ကဗျာ (zero)

Friday, March 20th, 2009

 
ရင်ဘတ်ထဲကနွေနဲ့နေသားမကျသေးတဲ့ကဗျာ 
 
 
ပျော်ရွှင်မှုတွေနဲ့ 
ကြည်လင်အေးချမ်းနေတဲ့ ငါ့ရင်ဘတ်ထဲ 
နေဆယ်စင်းလင်းတဲ့နွေက 
တံခါးမခေါက်ဘဲ ၀င်ရောက်လာတယ်.....
 
ပျော်ရွှင်မှုတွေ ဘယ်ဆီများရောက်ကုန်ပြီလဲ 
ချစ်သူရေ................ 
ချစ်သူရေ.......................... 
ငါ... အသံတွေဝင်အောင် အော်ခေါ်နေခဲ့လည်း
ချစ်သူက မကြားနိုင်ခဲ့
အိပ်မက်တွေထဲတောင်
ယောင်ယမ်းပြီး ရှာဖွေနေမိတာ
သိပါရဲ့လား ချစ်သူရယ်......
 
ပူတယ်.......
အက်စစ်နဲ့လောင်းထားသလို ငါ့ရင်တွေပူတယ်
ရင်ထဲမှာပူလောင်လွန်းလို့
စံချိန်တင်နွေရာသီတောင်
ငါ့ရင်ဘတ်ထဲကနွေကို အံမတုနိုင်ခဲ့ဘူး......
 
ချစ်သူရေ........
ဖတ်သူမဲ့နေလည်း မင်းအတွက်ကဗျာတွေ
ငါ... ရေးနေဆဲပါ......
မင်းမရှိတော့ ငါ့ကဗျာတွေ
အထားအသိုမှားရင်း
စာလုံးပေါင်းမှားရင်း
အမှားတွေထဲ ထပ်မှားရင်း
ခုထိနေသားမကျနိုင်သေးတာ
မင်း........ သိနိုင်ပါ့မလား.... ။ ။
 
 1
 
zero 

Labels: http://zerolay.co.cc

၁၇ နှစ်မြောက် မတ်လ ၄ရက်နေ့

Wednesday, March 4th, 2009

ဒီနေ့ဆိုရင် zero လူ့လောကကို ရောက်လာတာ (၁၇)နှစ်ပြည့်သွားပါပြီ.. :) ။ ဘ၀တစ်ခုလုံးနဲ့ယှဉ်လိုက်ရင် (၁၇)နှစ်ဆိုတာ ဘာမှမပြောပလောက်ပေမယ့် ဒီအချိန်အတွင်းမှာ ဘ၀ရဲ့အရသာကို အနည်းငယ်တော့ မြည်းစမ်းကြည့်မိပါပြီ..။ ပြဿနာတွေ ၀မ်းနည်းစရာတွေကို ရင်ဆိုင်နိုင်အောင်လည်း ကြိုးစားနေတတ်ခဲ့ပြီ..။ စိတ်ညစ်စရာတွေ ကြားမှာ ပျော်စရာကို ရှာဖွေစိတ်ဖြေတတ်အောင်လည်း ကြိုးစားခဲ့တယ်..။ ဒီနှစ်မွေးနေ့ကတော့ တော်တော်လေးကို အဆင်မပြေတာတွေများတဲ့ မွေးနေ့တစ်ရက်ပါ..။ မွေးနေ့နားနီးမှ စိတ်ညစ်စရာတွေ အဆင်မပြေတာတွေပဲ ကြုံနေရတယ်..။ ဘယ်တော့မှ ကြာကြာစိတ်ညစ်မခံတတ်ခဲ့ပေမယ့် အခုရူးချင်လောက်အောင်ကို စိတ်ညစ်နေတယ်..။ လူတွေနဲ့ အဝေးဆုံးတစ်နေရာကို ထွက်သွားချင်တယ်..။ တစ်နေ့တစ်နေ့ ဒေါသထွက်စရာတွေ အကုသိုလ်တွေပဲ ဖြစ်နေရတယ်.. သေရင်တောင် ငရဲကပြန်တက်ရမှာကို မဟုတ်တော့ဘူး.. :( ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ လူဖြစ်နေသရွေ့တော့ ၀ဋ်ရှိသမျှခံပေါ့...။ ဘာပဲဖြစ်ဖြစ်ပါ မွေးနေ့ဆိုတော့ ကိုယ့်ကိုမွေးပေးထားတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ရမှာပေါ့ (ဒါပေမယ့် လူ့လောကထဲကို ရောက်မလာရင် ပိုကောင်းမယ်)..။ ဒီနှစ်မွေးနေ့မှာ စဉ်းစားမိတာ ဆုံးဖြတ်မိတာကတော့ အရင်နှစ်တွေကထက် ပိုကြိုးစားရမယ်ဆိုတာပဲ.. အိမ်ကိုစွန့်ခွာရမယ် အမိမြေကိုစွန့်ခွာရမယ်.. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အချိန်ကျရင် ဆရာတာရာမင်းဝေရေးထားတဲ့ “လူသားတစ်ယောက် အနေနှင့် မိုးကောင်းကင်အောက်မှာ ခိုင်မာကျစ်လျစ် တာဝန်ကျေသော ပေတစ်ဆစ်မျှတော့ ဖြစ်သင့်သည်။” ဆိုတဲ့ ကဗျာစာသားအတိုင်း အမိမြေအတွက် နှမ်းတစ်စေ့တော့ဖြစ်ချင်ပါတယ်..။ zero တစ်နှစ်ထက် တစ်နှစ် ကြီးပြင်းလာခဲ့ပေမယ့် ငယ်ငယ်တုန်းက ဘ၀ကိုပဲ နှစ်သက်တယ် လိုချင်တယ်..။ ခပ်ငယ်ငယ်တုန်းက ဘာအပူအပင်မှမရှိဘဲ အမတွေနဲ့ နေခဲ့ရတဲ့အချိန်ကို ဖြစ်နိုင်မယ်ဆိုရင် ခဏလောက်တော့ ပြန်ရချင်တယ်..။ အဲဒီတုန်းကလို အမတွေနဲ့ ထမင်းတူတူစားချင်တယ်.. အတူကစားချင်တယ်.. လှေကားထောင့်မှာ စကားတွေပြောချင်သေးတယ်.. ခြံထဲမှာ ခရေပန်းကောက်ချင်သေးတယ်.. နောက်ပြီး ဘဘရဲ့ ဆုံးမစကားတွေကို ပြန်နားထောင်ချင်သေးတယ်.. zeroရဲ့အခုပုံစံကို ဘဘသိရင် ဘာပြောမလဲဆိုတာ သိချင်တယ်..။ ဒါပေမယ့်လည်း zero သိနေပါတယ် အဲလိုအချိန်မျိုး နောက်ထပ်ဘ၀မှာ ဘယ်တော့မှ ထပ်ရမှာမဟုတ်တော့ဘူး..။ zero အရမ်းချစ်ပြီး လေးစားရတဲ့ ဘဘလည်း လောကထဲမှာမရှိတော့တာ (၇)နှစ်လောက်ရှိခဲ့ပြီပဲ..။ လူတိုင်းအတွက် ကလေးဘ၀အချိန်တွေကတော့ ပျော်စရာအကောင်းဆုံးပါပဲလေ..။ ဘာတွေပဲဖြစ်ဖြစ် မွေးနေ့ဆိုတော့လည်း အသက်တစ်နှစ်ကြီးသွားတာကတော့ သေချာပါတယ်.. :P ။ စိတ်ညစ်ညစ်နဲ့ရေးချင်တာ လျှောက်ရေးနေတာ တော်တော်ရှည်သွားပြီ.. :) ။ zero ကို ကြိုပြီးမွေးနေ့ဆုတောင်း ပေးတဲ့သူငယ်ချင်းတွေရော.. နေ့မှားပြီးဆုတောင်းပေးတဲ့သူငယ်ချင်းတွေရော :P .. ဘာမုန့်ကျွေးမှာလဲလို့ မေးတဲ့သူငယ်ချင်းတွေရော.. အားလုံး သတိတရရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။

မုန့်စားချင်ရင်တော့ ဖုန်းဆက်လိုက်ကြပေါ့ .. ပိုက်ပိုက်မကုန်သေးရင်ကျွေးမယ်... ဟိ

Labels: ကွန်းမန့်လေးတော့ ပွတ်ခဲ့ကြပါ.. အမှတ်တရပေါ့...

အဖြေမဲ့ပုစ္ဆာ

Monday, February 23rd, 2009

မွန်းကြပ်မှုတွေ ...
အထီးကျန်မှုတွေ...နဲ့
မျိုသိပ်ထားရခြင်းတွေ...
များလွန်းတဲ့ ဒီကမ္ဘာကြီးထဲ
ငါ့အတွက် စိတ်ထွက်ပေါက်ကဘာလဲ။ ။

မျက်ရည်လား ကဗျာလား
တစ်ခုခုတော့ ရှိနေသင့်တယ်။ ။

မျက်ရည်.....
ဟင့်အင်း မဖြစ်နိုင်ပါဘူး
ငါဆိုတဲ့ လူသားတစ်ယောက်မှာ
မျက်ရည်ဆိုတာ မရှိဘူး။ ။

ကဗျာ.....
မဟုတ်ဘူး
ငါ့ခံစားချက်ကို ဖော်ပြဖို့
စံချိန်မှီတဲ့ စကားလုံး
ခုထိ ငါ...ရှာမတွေ့သေးဘူး။ ။

ဒါဆိုရင် ဘာလဲ...
ဘာက ငါ့အတွက်စိတ်ထွက်ပေါက်လဲ
မိတ်ဆွေလား သူငယ်ချင်းလား
မဖြစ်နိုင်ပါဘူး
ခါးသက်သက် ခံစားချက်တွေအတွက်
နားထောင်ပေးမယ့်သူ ရှိနေခဲ့ရင်တောင်
ငါက...ထုတ်ဖော်ပြောတတ်သူ မဟုတ်ဘူး။ ။

ဒါဆို..... ဒါဆို.....
ဟောဒီ လောကကြီးထဲ
ငါ့အတွက်
စိတ်ထွက်ပေါက်ဆိုတာ
............. .............။ ။

zero

 

Labels: www.z3r0lay.co.cc

ပြင်းရှရှ ဝေဒနာ

Thursday, January 29th, 2009

မျိုသိပ်ထားရခြင်းတွေက

စို့စို့နင့်နင့် မွန်းကြပ်လာတဲ့အခါ

ငါ့ရဲ့ မနက်ဖြန်တွေကို

ရေစုန်မှာ မျှောပစ်လိုက်ချင်ပါပြီ...။

 

ဘယ်သူမှ မသိတဲ့

ဒဏ်ရာအနာတရတွေက

ငါ့ကို..... ပြင်းပြင်းရှရှထိခိုက်စေခဲ့တာ

အချိန်ကာလ ဘယ်လောက်ကြာခဲ့ပြီလဲ...

ဘယ်သူကမှ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး...။

 

ကလေးတစ်ယောက်အတွက်

နက်ရှိုင်းပြင်းထန်တဲ့

ခပ်ရင့်ရင့် ခံစားချက်တွေကို

ဘာမှမဖြစ်သလို ပုံစံလေးနဲ့

တိတ်တဆိတ်နေခဲ့ရတာ

ငါ..... ပင်ပန်းလွန်းနေပါပြီ...။

 

ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့

နှုတ်ဖျားက ဘယ်တော့မှထွက်ကျမလာတဲ့ စကားလုံးတွေ

ဘယ်သူ့ကိုမှ မပြောပြချင်တဲ့ ခံစားချက်တွေ

အရာအားလုံးကို ခပ်ဝေးဝေးမှာလွှင့်ပစ်

ငါ မကချင်တော့တဲ့ ဇာတ်ကို

အဆုံးသတ်လိုက်ချင်ပါပြီ...။

 

မလွန်ဆန်နိုင်တဲ့ လောကတရားတွေ

ကျေးဇူးတရားတွေ သိတတ်နားလည်မှုတွေ

အားလုံး...... အားလုံးကို

ငါနဲ့မဆိုင်တော့သလို လမ်းတစ်ဝက်မှာချန်ရစ်

ပျောက်ကွယ်ကာစ နေမင်းနဲ့အတူ

အားလုံးကို နှုတ်ဆက်ခဲ့ချင်ပြီ...။ ။

 

ဒီနေ့ ဇီးရိုး စိတ်တော်တော်ညစ်နေလို့ ဒီကဗျာကို ချရေးမိတာပါ.. :( ။ ဒါပေမယ့် သိကြတဲ့အတိုင်းပဲ ဇီးရိုးက ကြာကြာစိတ်ညစ်မခံတတ်တော့ ဒီကဗျာတင်နေတဲ့ အချိန်မှာပဲ စိတ်ကပြေနေပြီ.. :) ။ ဘာပဲဖြစ်ဖြစ် ဒဏ်ရာတစ်ခုတော့ တိုးသွားတာပေါ့.. ခံစားချက်တွေကို ပေါက်ကွဲလိုက်၇တော့ နည်းနည်းပေါ့သွားတယ်..။ ဒီကဗျာဖတ်ပြီး စိတ်ညစ်သွားရင်တော့ တောင်းပန်ပါတယ်...

Labels: my emotion

ပဲခူးခရီးအမှတ်တရ (၂)

Tuesday, January 27th, 2009

ခေတ်သစ် တိုက်တန်းနစ်ကွ....

ခေတ်သစ် တိုက်တန်းနစ်ကွ....

 

0

အော်... ရုပ်ကလေးကိုက

 

1

ဓါတ်ပုံတွေ အပီအပြင်လိုက်ရိုက်နေတဲ့ ကိုခန့်ကြီး

 

2

စုဘူးက အရမ်းခင်ဖို့ကောင်းတဲ့ သူပေါ့... ဟိ

 

3

ပဲများနေတာ ပဲများနေတာ... 

 

နဂါးဥကို အရက်နဲ့မြည်းမလို့တဲ့ကွာ...

နဂါးဥကို အရက်နဲ့မြည်းမလို့ လုနေတာလေ...

 

 သူဝပ်ထားသလိုလို ဘာလိုလိုနဲ့... ဟိ

သူပဲဝပ်ထားသလိုလို ဘာလိုလိုနဲ့... ဟိ

 

4

နာနဲ့မျောက်နဲ့ မျောက်နဲ့နာနဲ့ တူလည်းမျောက် နာလည်းမျောက်.. အဲလေ မှားလို့ နာလည်း မျောက်နှစ်ဖွားလို့... ဟီး

 

4

မိသားစုသုံးယောက် ထင်ပါရဲ့နော်...

 

5

ပဲများနေတဲ့ ဆာမူ၇ိုင်းလေး

 

ဒါလေးတွေကတော့ ပဲခူးခရီးအမှတ်တရ လက်ကျန်ပုံလေးတွေပါ...။ စာမေးပွဲက နီးနေပြီဆိုတော့ အသည်းအသန် စာကျက်နေရတဲ့အတွက် သူငယ်ချင်းတို့ဆီ လာမလည်နိုင်ရင်၊ စာတွေလာမဖတ်ပေးနိုင်ရင် ခွင့်လွှတ်ကြပါနော်... စာမေးပွဲပြီးသွားရင် အတိုးချပြီး ဖတ်ပေးပါ့မယ်လို့...း))

Labels: ချစ်သယ်ရင်းတွေရဲ့ ပုံလှလှလေးတွေ..

ပဲခူးခရီး အမှတ်တရ

Wednesday, January 21st, 2009

ပုံစံကိုက ဟိုလိုလို ဒီလိုလိုနဲ့...း))

ပုံစံကိုက ဟိုလိုလို ဒီလိုလိုနဲ့...း))

 

ကားဆီထည့်နေတာ မစောင့်နိုင်လို့ ပဲခူးကို တံမြက်စည်းပျံနဲ့သွားမယ်တဲ့....

ကားဆီထည့်နေတာ မစောင့်နိုင်လို့ ပဲခူးကို တံမြက်စည်းပျံနဲ့ သွားမယ်တဲ့ကွာ....

 

1

သောက်မှာပဲ သောက်မှာပဲ နာ့ကိုလာတားနဲ့... :P

 

 နာတို့သုံးယောက်ပေါ့...

နာတို့ သုံးယောက်လေ...

 

အဲရာနာကွ....

အဲရာ နာကွ...

 

2

စည်ပင်သာယာက ထင်ပါရဲ့....

 

3

ရေပေါ်မှာ မတ်တပ်ရပ်နေတာတဲ့.... ဟိ

 

 4

ဘာကိုများ မျှော်နေပါလိမ့်နော်....

 

5

 

6

ရေထဲဆင်းပြီး သောင်းကျန်းနေကြတာလေ...

 

7

ပြည့်ရယ် နာရယ် သံယောဇဉ်ရယ် အရားခက်ခက်ရယ် ကင်းကောင်ရယ်.... :)

 

ပုံတွေကတော့ ရိုက်လာတာ အများကြီးပဲ..... ပဲခူးက ပြန်ရောက်တည်းကassignment နဲ့ နပန်းသတ်နေရလို့ ခုမှတင်ရတယ် :) ကျန်တဲ့ပုံတွေကတော့ တင်ချင်တင်မယ် မတင်ချင်မတင်ဘူးပေါ့နော်.... အဟိ 

Labels: ပဲခူးအမှတ်တရ ဓါတ်ပုံတွေ

ကျဆုံးခြင်း

Sunday, January 11th, 2009

မမျှော်လင့်ဘဲ

ကြယ်တစ်ပွင့်က 

ဖြတ်ကနဲ ကြွေတယ်....

 တိမ်တွေပေါ်ကနေ

ဟိုး.........

မြေကြီးအောက်ထိ

ထိုးဆင်းဖောက်ခွဲ

မပီဝိုးတ၀ါး မျှော်လင့်ချက်ကို

ဖွဖွလေး နမ်းရှိုက်လိုက်တယ်...

အဲဒီအခိုက်လေး

ပျော်ရွှင်ခြင်းတွေနဲ့

လင်းနေတဲ့ ကမ္ဘာကြီးက

ရုတ်တရက် မှောင်အတိကျသွား

ရှိုက်သံသဲ့သဲ့လေး

ယောင်ယမ်းပြီး ကြားလိုက်ရတယ်...

ဆွဲဆုတ်ခံလိုက်ရတဲ့

စာရွက်ပေါ်က

ကာရံမညီကဗျာတစ်ပုဒ်

နတ်ဆိုးတွေရဲ့ရယ်သံတွေကြား

ရိုးသားစွာ ပျောက်ဆုံးပစ်လိုက်တယ်...။ ။

Labels: ကဗျာ

အမှတ်တရ ရုပ်ပုံလွှာ....

Thursday, January 8th, 2009

1

 နာ့ပုံကို ကိုရီးယားမင်းသားနဲ့တူတယ်တဲ့... ဟီဟိ

 

 ပဲများနေတဲ့ စုဘူးနတ်မိမယ်လေး ဆာဆာ...

၂ ဂဏန်းကောင်းတယ်တဲ့....

 ၂ တစ်လုံးကောင်းတယ်တဲ့နော်...

နာနဲ့ စုဘူးလိုဂိုလေး ကျားလိနဲ့... ဟီဟိ

 စုဘူးလိုဂိုလေး ကျားလိနဲ့ နာနဲ့...

ရေဘူးကြော်ငြာနေတာထင်တယ်...

 ရေဘူးကြော်ငြာနေတာ ထင်ပါ့...

 လက်ပြိုင်ထောင်နေကြတာလေ...း))

 နာတို့တွေလေ ဂိုဏ်းဖွဲ့မလို့..ဟိ

အိုက်စ်ရယ် နာရယ် ကောင်းကင်ရယ်...

 အိုက်စ်ရယ် နာရယ် ကောင်းကင်ရယ်...

2

 အရယ်ပြိုင်နေကြတာလေ...

ဆေးလိပ်ကိုနားမှာညှပ်ထားတဲ့ စုဘူးကင်းကြီး... (ပုံက၀ါးသွားတယ်..)

 ဆေးလိပ်ကို နားကြားညှပ်ထားတဲ့ စုဘူးကင်းကြီး ပင်ကွင်း....

လူဆိုး ၃ ယောက် (အရက်ခါးခါး ၀ါဝါမနဲ့ ကောင်းကင်)

 လူမိုက်ဒီဇိုင်းနဲ့ အ၇က်ခါးခါး ၀ါဝါမနဲ့ ကောင်းကင်...

ဘူရေးရဲ.. အဲဒါဘူရေးရဲ... လှလိုက်တာနော် ပန်းလေးတွေက .. ဟိ

 ဘူရေးရဲ... အဲဒါဘူရေးရဲ.. (လှလိုက်တာနော်.. ပန်းလေးတွေပြောပါတယ်)း))

ပဲများနေတဲ့ ကျားလိနဲ့ ဟန်းလေး

 ပဲများနေတဲ့ ကျားလိနဲ့ ဟန်းလေး...

ပုံဆိုးပန်းဆိုးနဲ့ သူရဲဘောကြောင်...

 ပုံဆိုးပန်းဆိုးနဲ့ သူရဲဘောကြောင်....

 ပြုံးစိ ပြုံးစိနဲ့ ပဲများနေတဲ့မီးပူ...

 ပြုံးစိ ပြုံးစိနဲ့ ရှက်ချင်ယောင်ဆောင်နေတဲ့မီးပူ..

သရဲ သရဲ... ဟိ

 သရဲဗျို့... သရဲ သရဲ

ချစ်စရာ စုဘူးလိုဂိုလေး.. ဟိ

 ချစ်စရာစုဘူးလိုဂိုလေးးးး ကျားလိ...

 

ဒီတစ်ခါတော့ ကဗျာရေးရမှာ ပျင်း နေလို့... ရှိတဲ့ဓါတ်ပုံလေးတွေပဲ စုပြီးတင်ပေးလိုက်တယ်နော်... အိမ်မှာကြွက်ခြောက်လို့ရတာပေါ့... အဟိ

Labels: ချစ်သယ်ရင်းတွေရဲ့ သရဲပြေးမယ့် ပုံလှလှလေးတွေ..

လွမ်းမိတဲ့ ဒီဇင်ဘာ

Tuesday, December 16th, 2008

ပြက္ခဒိန်ပေါ်က
ဒီဇင်ဘာ...ဆိုတဲ့ လ တစ်လက
ငါ့ကို.. ဖမ်းစားသွားခဲ့တယ်...
 
တကယ်တော့
သိပ်အကြာကြီး မဟုတ်ခဲ့ပါဘူး
၇၂ နာရီ အချိန်ကာလတိုလေးပါ...
 
ဒါပေမယ့်
ငါ့ဘက်မှာတော့
ဘ၀တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံတွေဖြစ်လို့...
 
လွမ်းလိုက်ရတာ
စက္ကန့် သန်းပေါင်း မနည်းတော့ဘူး...
 
ငါ့အခန်းထဲက ပြက္ခဒိန်ကို
တစ်ရွက်ပြီးတစ်ရွက် ဆုတ်ဖြဲခဲ့ရ
နောက်ဆုံး...
ကျန်ခဲ့တာက ဒီဇင်ဘာလ...တဲ့
 
ဒိုင်ယာရီ စာအုပ်ထဲက
စာမျက်နှာတွေထက်
မင်နီရာတွေ
ခုချိန်ထိ နေရာယူထားကြ...
 
အေးစက်စက်နိုင်တဲ့
ရန်ကုန်မြို့ရဲ့ ဒီဇင်ဘာညက
နှင်းတွေကျမနေပေမယ့်
အေးခဲနေတဲ့ ငါ့..နှလုံးသား
မျက်ရည်တွေ စိုရွှဲနေခဲ့တယ်...

Labels: သို့.... ဒီဇင်ဘာ

ဇီးရိုးချစ်တဲ့ စုဘူးလေး

Sunday, December 14th, 2008

အခုတစ်လော assignment တွေလုပ်နေရလို့ မအားတာနဲ့ အွန်လိုင်းမတက်ဖြစ်တာ ၄ ရက်လောက်ရှိပြီ။  ဒီနေ့ အွန်လိုင်းဝင်တော့ gtalk ကိုလည်း ဖွင့်လိုက်ရော dewdream က စုဘူးလေးပြန်ဖွင့်လို့ရပြီဆိုပြီး offline message ချန်ထားတာနဲ့ စုဘူးလေးထဲ ၀င်ကြည့်တော့ တကယ်ပဲ ၀င်လို့ရသွားတယ်။  ပျော်လိုက်တာဆိုတာ ဘယ်လိုပြောရမလဲတောင် မသိဘူး.... အခုမှ ကိုယ့်အိမ်ထဲကို ကိုယ်ပြန်ဝင်ခွင့်ရတဲ့ အတိုင်းပဲ။  စုဘူးလေးပြန်ရတဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်... admin တွေကိုလည်း ကျေးဇူးတင်ပါတယ်...။  စုဘူးလေးပြန်ရတဲ့ အကြောင်း message ချန်ထားပေးတဲ့ တိုကြီးကိုလည်း အရမ်းချစ်တာပဲ.. ဟီဟိ..။  မတွေ့တာကြာတဲ့ စုဘူးက သူငယ်ချင်းတွေကိုလည်း ပြန်တွေ့ရတော့မယ်...  ဟေးးး အိမ်တွေလျှောက်လည်မယ်ကွ... ဇီးရိုးရဲ့အိမ်ကိုလည်း လာလည်ကြဦးနော်...  ဒီပို့စ်က စုဘူးပြန်ရလို့ ၀မ်းသာပြီး ရေးလိုက်တာ ကဗျာတွေတော့ နောက်နေ့မှတင်တော့မယ်... ဒီနေ့က ခဏပဲဝင်တာဆိုတော့ အချိန်သိပ်မရှိဘူး... ဟီး

အပျော်လွန်ပြီး နည်းနည်းလေးပေါကြည့်တာ မျက်စိနောက်သွားရင် ခွေးလွှတ်ကြပါဗျို့.....း))

Labels: စုဘူးလေးကို ချစ်လိုက်တာ....း))

သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့် (တာရာမင်းဝေ)

Thursday, November 6th, 2008

ဇီးရိုးအရမ်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ပါ... ဒီကဗျာကို သိတဲ့သူနည်းပါတယ် ဒါကြောင့် ဆရာတာရာမင်းဝေရဲ့ ပရိသတ်တွေအတွက် share ပေးတာပါ...
 
သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်

၁)
အရှင်…
သင်၏ ခေါ်ရာ
ထပ်ချပ်.. ငါ.. လိုက်ပါမည် ။
ကြယ်တစ်ပွင့်ကို ဆွဲယူ
ငါ့ကို… ထူပါ ။

ဟိုးမှာ…
သေအံ့မူးမူးလူက
မြေပြင်ပေါ်က သူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ ။

ဒီမှာ…
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့ အဖိုးအို
တောင်ဝှေးကျိုးကို ရီဝေကြည့်ငေး
သူ… ဘာတွေ တွေးပြီနည်း ။

စမ်းရေကို ငုံ့သောက်မှ
ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရသောလူများ
အခြားဘာကို တွေ့စွမ်းမလဲကွယ် ။

အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာ သံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သော ခရီးသည်များ
သံသရာရထားကို စောင့်နေသည် ။

ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင် အိပ်ဝံ့ပါသလား ။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျော်ပိုက်ခဲ့ကြပြီ ။

အမှောင်က နက်၏
ကြယ်က လက်မည်
ဤခရီး ဝေးသလား
ငါ… ရောက်အောင်သွားပါမည်လေ…။

၂)
နွေ..နွေ  မိုး..မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား ။

ဆောင်းကိုပန်ပြီး
မြောက်ပြန်လေ ရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော… နှင်းတွေ တစ်ဆုပ်ပြီးတစ်ဆုပ် ။

သဲကန္တာရက
သဲတွေနဲ့ ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ် ။

ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ ။

သွေးစက်တွေနောက်မှာ
လက်သည်းနီစက် ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ ။

ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကို ဖျော်ဖြေတာ
ပျော်စရာမှ မဟုတ်ပဲကွယ် ။

၁၂ ကြိုးကသော
လောက၏ ကဝေလက်ချောင်းများ
ငါ့အား… ဆွဲခေါ်
ငါ… မမွေ့ပျော်တော့ပါပြီ အရှင်..။

၃)
ငါသည်… တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကို ချစ်လေသည် ။

မိုး၏အမြင့်ကိုမသိ… ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏
အမှန်ကား…
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက် ချောင်းချောင်းပွားလျက် ။

ထိုသော… မနေ့က ငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ ။

ဤယနေ့… ငါ… သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွာ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ ။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏
ငါ့ကို ငါကအုပ်ချုပ်၍
ငါ့အလုပ်ကို ငါလုပ်ရပေတော့မည် ။

၎)
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည် ။

ငါတို့သည်… လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာ ပါလေသည် ။

ဟိုချိုး… သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏ ။

အပ်ချည်နှင့် ပြန်ချုပ်ထားသော
စက်ရုပ်၏ အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည် ။

အို… ``လူသားအားလုံး ချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား ။

သူတစ်ပါးကိုလည်း ခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ ။

နင်းလာသော ခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ ။

၅)
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍ စားကြသူများ
သွားကြားထိုးတံ စူးကြလေသည် ။

စပါးစေ့ (၁၀၀)နှင့်
သင် လုံလောက်ပါက
စပါးစေ့ (၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ် ။

ဆင်ဖြူတော် မှီပြီးတော့လည်း
ကြံမစုပ် ကြပါနှင့်
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်း မဖြုတ်ကြပါနှင့် ။

ညောင်ရွက်တွေနဲ့ မိုးတဲ့
ရေအိုးစင်လေး ပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ ။

အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည် မဟုတ်ပါ ။

ဝင်သက်နှင့် ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်
ဒါ… ကမ္ဘာအစရဲ့
ပထမ သီအိုရီပဲဖြစ်သည် ။

ငါကတော့ (ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စ ပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏ ။

၆)
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည် ။

လက်သီးဆုပ်ခြင်း..... ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏ ။

ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင် ။

တစ်ခါက
ဤလက်တို့ အလံလုခဲ့ကြ၏
ထို… ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း ။

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည် ။

မာနကို ဖြေလျော့
ရေစင်အေးဖြင့် ငါ.. ကန်တော့ပါအံ့
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင်…။

၇)
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍… နိမ့်ဝင်သွားတတ်၏ ။)

ကြက်ခြေခတ်… ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏ ။

ငါ့ရှေ့မှလူများ
ငါ့ကို ပိတ်၍ကာထား၏
ငါ့နောက်မှ လူများ
ငါ့ကို တွန်း၍ကျော်သွား၏ ။

ထို့နောက်…
ချောက်ကမ်းပါးရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန်…
လူချင်းလဲကြပြန်၏ ။

အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေ ညတွေ
ငြိမ်းချမ်းသည်ထက် ငြိမ်းချမ်းပါစေ ။

သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက် တိုးပါစေ ။

သူကြွယ်ကြီးလည်း
ငရဲပြည်က ဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သော ဦးခေါင်းဖြင့်
မြင့်သည်ထက် မြင့်ပါစေ ။

၈)
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသော လူများ
သစ္စာတရားကို
ဟားတိုက် ရယ်မောနေကြသည် ။

ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့် စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွာ၍ စားလိမ့်မည် ။

ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက် လက်မြှေက်
ခြောက်ခြားဖူးသည် ။

တုတ်ကောက်မရှိသူ… နှင့်
ချိုင်းထောက်မရှိသူ…
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ ။

တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးလို ပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည် ။

မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏ ။

ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ ပင်ခြေရင်းမှာ
မာနကို အိပ်မွေ့ချ
ထာဝရ ငါ… ထားခဲ့ချင်ပါပြီလေ ။

၉)
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည် ။

ယဉ်ကျေးမှုအရ
တစ်နေရာတွင် ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင် ဖိနပ်ချွတ်ရဦးတော့မည် ။

ဘုရားပြောတာကိုမှ
ငါ… မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ… ယုံရတော့မည်လော ။

အစိုးမရသော
လောက၏ နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး… နီး… နီး၍လာခဲ့ပြီ ။

မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ် ။

တရားရိပ်မှာ
စိတ်ကိုထုတ်ပြီး ဖုန်ခါ
ပြီးတော့…
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည် ။

စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို… အရှင်…
မြေမှထသော ငါ့ကိုမြင်ပါ ။

၁၀)
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား ။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား ။

လူသားတစ်ယောက် အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖြစ်သင့်သည် ။

အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည် ။

အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွှတ်စေတော့၏ ။

ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင် ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ .. ကြားနေရ၏ ။

လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏ ။

ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့
ထိုသူတို့နောက်
ငါ တောက်လျှောက်လိုက်ပါတော့အံ့
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ .. မြတ်သော ငါ့ … အရှင် ။ ။
(ဗုဒ္ဓ … သို့)


Labels:

သံသရာ

Thursday, October 30th, 2008

ရက်ကိုလစား လကိုနှစ်ဖြို

ထိုထိုဘ၀ အန န္တတွင်

ကျင်လည်ကျက်စား

တရားမသိ ပွားဘိမိစ္ဆာ

အ၀ိဇ္ဇာတဏှာ ၀င်ကာနှောင့်ပူး

ရူးချက်ကယ်နာ….

သံသရာဝယ် တလည်လည်ဖြစ်ကြရာ၏…။

 

ငါမရှိ ငါမသိပဲ

ငါ၏ဥစ္စာ ငါပိုင်တာဟု

ငါ ငါခြင်းစွဲ အတ္တဇွဲဖြင့်

ဖောက်လွှဲဖောက်ပြန် ယူဆပြန်သည်

အမှန်မမြင်နိုင်ကြပါတကား…။

 

ဖောင်းမှုပိန်မှု စိတ်စိုက်ရှုစဉ်

အာရုံတစ်ခဏ ပေါ်မျှချက်ခြင်း

မှတ်ရင်းရင်းဖြင့် အတ္တကွာကျွတ်

ဖြစ်လေလတ္တံ့ ဖြစ်အံ့ဆဲဆဲ

ဘ၀များမှ လွတ်ချင်လာ၏…။

 

သံသရာဝယ် မောဟိုက်ပမ်းပမ်း မနွမ်းနယ်လို

ထိုထိုဘ၀ အနန္တမှ ကင်းလွတ်ငြိမ်းရာ

နိဗ္ဗာန်သာသို့ မြန်းလိုလှပြီတကား…။

……………… ……………….

 

ဟဲဟဲ... ဇီးရိုးကို တောထွက်တော့မှာလားလို့တော့ မမေးနဲ့နော်... ဇီးရိုးရေးတာ ဟုတ်ဘူး... ဇီးရိုးအမရေးထားတာ... ဇီးရိုးအရမ်းကြိုက်တဲ့ကဗျာလေးပါ အမှတ်တရအနေနဲ့ တင်လိုက်တာ..။ ဇီးရိုးထက် ဇီးရိုးအမက စာရေးတာ ပိုကောင်းတယ် သူရေးတာတွေ ဖတ်ပြီးတော့မှ စာရေးချင်စိတ်ပေါက်လာလို့ ဇီးရိုးက ရေးဖြစ်တာ ရေးသာရေးတာ တစ်ခုမှလည်းမကောင်းဘူး... ဟီး 

Labels: အမအတွက် အမှတ်တရနေနဲ့ပါ....

ပန်းအိမွေးနေ့ အမှတ်တရများ

Monday, October 27th, 2008

 

ကန်ဘောင်အသွား ကားပေါ်မှာ....

ကားပေါ်မှာပဲ..........

စုဘူးအဖွဲ့သားတွေများ အစားဆိုရင်....၀ါဝါက ထိပ်ဆုံးကပဲ...ဟိးဟိး...

ကိုလိမ်ကို ပိုလှသွားအောင်....

ကိုခန့်ကြီးနဲ့ ပန်းအိ (အီမိုကများနဲ့ အီမိ)ုတို့ အချင်းချင်းရိုင်းပင့်ကူညီနေတာထင်ရဲ့.....

အော်...အိုက်စ်တို့များဘယ်တော့ကြည့်ကြည့်လှနေတာပဲ.......

ကိုလိမ် သြ၀ါဒချွေနေတာ....

ပုသိမ်သူနဲ့ ပန်းအိ....

ကိုလိမ်နဲ့ ၀ါဝါတို့ကြည်နူးနေပုံ....

အချင့်ညင့်အရက်သမားကြိး နဲ့ အီမိုကများ ပန်းအိ....

မွေးနေ့ရှင်လေးက သူ့ အီမိုကေကို ကြွားနေတာ....

အော်ပန်းအိပန်းအိ....

အဟီး....မွေးနေ့ကိတ်လေးရဲ့ ဘ၀.....

အင်းယားကန်ကြီးကို ဗဟိုပြု၍....

အပီဖလိုင်းနေတဲ့ ဆာမူရိုင်း......

အယ်.....အဲရာ......

စုဘူးရံပုံငွေ...ရှာနေတာ....



နာတို့လှဘူးလား...

ဝါ၀ါ...ပုံ

ဝါ၀ါလှဘူးလား.....

အကြွေလေးများပါရင်....

သိမ်သိမ်နဲ့ ဆာဆာ....

မကွေးကို ပြေးနေတာတဲ့...

အော်.....ပုသိမ်သူ...ပုသိမ်သူ........

ကိုခန့်ကြီး.....ကို မုန့်ခွံ့နေတာတဲ့....

မွေးနေ့ရှင်လေး.....

အော်ငတိငတိ.....

အော်...ပေါက်စီ........

အင်း.......ဒူ့ကိုငေးနေလဲတိဝူး.....

အိုက်စ်နဲ့...ဆာဆာ...

ပန်းအိနဲ့ လုလင်

အိုက်စ်...ဘဲဥ

အော်စုဘူးသူစုဘူးသားတွေများ...အဟီး....

အံမယ်လေးဗျ.......

ကြောက်ပီလားငတိဟင်းးးးးး

ဆာဆာကို လာမစမ်းနဲ့....

နာတို့တွေပေါ့.....လှဝူးလား

 

 

 

 

Labels:

ကျေးဇူးသိသူနှင့် ကျေးဇူးကန်းသူ

Saturday, October 25th, 2008

ငယ်ရွယ်စဉ်က-

-         မိမိကို အမိ အဖက မွေးပါသည်၊ ကျွေးပါသည်။

-         ဆရာက လောကီပညာ သင်ပေးပါသည်။

-         ဘုရား တရား သံဃာက အပါယ်ဘေးမှ ကင်းဝေးအောင် သင်ပြပါသည်။

 

ကြီးလာတော့ -

      -   ကျွန်တော်/ကျွန်မတို့ လင်ယူပါ၏ ၊ မယားယူပါ၏ ။

          လင်ကို လုပ်ကျွေး၏။ မယားကို လုပ်ကျွေး၏ ။

-         မိဘကို နည်းနည်း၊ ဆရာကို နည်းနည်း၊ ဘုရား တရား သံဃာကို နည်းနည်း၊ လင်နှင့် မယားက များများ  သည်တော့ ဘယ်သူ ကျေးဇူးကန်းသူလဲ -

-         အမှားကိုသိလျှင် အမြန်ပြင်လိုက်ပါ။

 

ရပ်သင့်သည်ကို မရပ်၊ မရပ်သင့်သည်ကို ရပ်နေကြသူများ

 

          အများအားဖြင့် ကျွန်ုပ်တို့သည် (သင် မပါ-ပါ)

-         စီးပွားရှာ၏။ ဘယ်လောက်ရရ၊ မတင်းတိမ်နိုင်ပါ။

-         ရာထူး ဘယ်လောက်ကြီးကြီး မတင်းတိမ်နိုင်ပါ။

-         ရွှေ ငွေ ဘယ်လောက်များများ မတင်းတိမ်နိုင်ပါ။

-         မယား ဘယ်လောက်များများ မတင်းတိမ်နိုင်ပါ။ (ရှေးခေတ်ရှင်ဘုရင်များ)

          သို့သော် -

        ကုသိုလ်နှင့် ပတ်သက်လာပါက ကျွန်ုပ်တို့သည် (သင် မပါ-ပါ)

-         ဘုရားကို တစ်ကြိမ် နှစ်ကြိမ်မျှသာ ရှိခိုး၏။

-         တစ်ခါတစ်ရံမှသာ ဥပုသ်စောင့်၏။ တစ်နှစ် တစ်ကြိမ်ပင် မလှူချင်ကြ ဒါနကနည်းနည်း၊ သီလက နည်းနည်း၊ မေတ္တာ ဘာဝနာက နည်းနည်း၊ ၀ိပဿနာ(သစ္စာတရား)က လုံးဝမရှိ၊ သည်တော့ -

-         ရပ်သင့်သော တဏှာလောဘကို ရပ်ပါ။ မရပ်ထားသင့်သော ကုသိုလ်တရားကို တိုးပွားစေပါ…။

 

ငရဲသို့မပြန်ဆိုတဲ့ စာအုပ်လေးထဲကပါ... ဖတ်ကြည့်ပြီး တော်တော်သဘောကျလို့ တင်လိုက်တာပါ...

ဘယ်သူမှမတင်ရသေးတာ သေချာပါတယ်... :P

Labels:

ကျော်ရန်ခွရန် proxy

Friday, October 17th, 2008

ဘဲဥအခု blogspot လုပ်ကြည့်နေတယ်လေ.. ဒါပေမယ့် ဒီမှာက ဟိုဘန်းဒီဘန်း ဟိုဟာပိတ်ဒီဟာပိတ်ဆိုတော့ ကျော်ဖို့ခွဖို့ တော်တော်ဒုက္ခရောက်ပါတယ်... ultrastaff သုံးရင် အဆင်ပြေပေမယ့် modem နဲ့ သုံးတာဆိုတော့ ultra ကလည်း run လို့မရဘူးလေ။ ဒီတော့လည်း မရတာကိုမှ ပိုလုပ်ချင်တဲ့ လူတွေရဲ့ထုံးစံအတိုင်း ပိတ်ထားတဲ့ကြားက ကျော်လို့ခွလို့ရမယ့် proxy site တွေကို ရှာရဖွေရတော့တာပေါ့..။ ရှာရတာလည်း မလွယ်ပါဘူး... အချိန်လည်းကုန်တယ် ခေါင်းလည်းမူးတယ်။ ဒါပေမယ့် သုံးလို့ရမယ့် site တွေတော့ တွေ့သွားတယ်..။ စုဘူးက သူငယ်ချင်းတွေလည်း ကျော်ချင်ခွချင်ရင် အဆင်ပြေအောင် ဘဲဥလေး ရှာတွေ့ထားတဲ့ proxy တချို့ကို ပြန်ဝေမျှလိုက်ပါတယ်...။ သုံးတာများလို့ သူတို့ဘန်းလိုက်ရင်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲနော် လောလောဆယ်တော့ သုံးလို့ရတယ်... blogger တွေအတွက်ကတော့ အသုံးတည့်မှာပါ...။

 

https://www.btunnel.com

https://www.proxydoll.com 

https://www.pagewash.com 

 

စမ်းကြည့်ကြပေါ့နော် အဆင်ပြေမယ်လို့တော့ ထင်တာပဲ...။ 

Labels:

စုဘူးမှ အကို၊အမများသို့

Tuesday, October 14th, 2008

 သီတင်းကျွတ်ပြီဆိုတော့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအတိုင်း မိဘဘိုးဘွားတွေ၊   အမျိုးအဆွေတွေ၊  ဆရာသမားတွေ၊ ကိုယ့်ထက် အသက်၊၀ါ ကြီးတဲ့သူတွေကို ပူဇော်ကန်တော့တတ်ကြပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ ကံ(၃)ပါးနဲ့ ပစ်မှားကျူးလွန်မိတာတွေကို ၀န်ချတောင်းပန်တတ်ကြပါတယ်။

ဘဲဥလေးလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတော့ မိဘဘိုးဘွားတွေ ဦးလေးအဒေါ်တွေ အကိုအမတွေကို ကန်တော့တာပေါ့နော်။  ကလေးဆိုတော့ လက်အုပ်ချီပြီးပဲကန်တော့တာပေါ့ :P အဓိက က စိတ်ထဲကနေ၀န်ချတောင်းပန်ပြီး ထိခြင်းငါးပါးနဲ့ ကန်တော့ဖို့ပဲလေ ဟုတ်တယ်မဟုတ်လား..။  ဒါပေမယ့် မုန့်ဖိုးပြန်ပေးရင်တော့ ယူတယ် ဟိ။

ဒီနေ့ ဒီblog လေးကတော့ စုဘူးက သူငယ်ချင်း အကိုအမတွေကို ရည်ရွယ်တာပါ။ 

စုဘူးမှာက သူငယ်ချင်းအချင်းချင်း အရမ်းခင်ကြတော့ အားမနာတမ်းပြောတတ်ကြတယ်လေ။   အသက်တစ်နှစ် နှစ်နှစ်ကွာတာလောက်ဆိုရင် ဘဲဥလေးက နင်၊ငါ သုံးပြီးပြောတတ်တယ်။   အထူးသဖြင့်ကတော့ အကိုတွေပါ စုဘူးကယောင်္ကျားလေး တော်တော်များများကို ဘဲဥက နင်၊ငါ နဲ့ ပြောတတ်တယ်၊  ပြောရင်လည်း အားမနာလျှာမကျိုးဆိုတော့ အမှားပါတာရှိခဲ့ရင်၊   ပြောမှားဆိုမှားရှိခဲ့ရင်၊  ရိုင်းသွားတာမျိုးရှိခဲ့ရင် ဒီနေရာကနေ တောင်းပန်ပါတယ်။  အကိုတွေ အမတွေကို ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပစ်မှားမိတာရှိခဲ့လျှင်လည်း ခွင့်လွှတ်ပါ။   အပြင်မှာပဲဖြစ်ဖြစ် g-talk မှာပဲဖြစ်ဖြစ်ပေါ့နော် ပြောမှားဆိုမှားရှိခဲ့ရင် မသိတတ်သေးလို့ပါ..လို့ သဘောထားပြီး ခွင့်လွှတ်ပေးကြပါ..။ (ခွေးတော့မလွှတ်နဲ့နော် ဟီး) 

ခဏခဏတွေ့နေရတဲ့ သူငယ်ချင်းတွေ အရမ်းခင်သွားတဲ့ သူငယ်ချင်းတွေဆို ပိုဆိုးတယ် ပြောချင်ရာပြောပစ်လိုက်တာ ဆိုတော့ မရိုသေသလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်

အားလုံးကို ဒီနေရာကနေ ၀န်ချတောင်းပန်ပါတယ် အမှားတွေရှိခဲ့ရင် ခွင့်လွှတ်ကြပါ:)

 

 

ကြော်ငြာဝင်လိုက်ဦးမယ်.. computer နဲ့ ပတ်သတ်ပြီး လေ့လာလို့ရမယ့် Site ကောင်းကောင်းလေးတွေ သိရင်ပြောပြကြပါဦးနော်.... :D 

Labels: အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာ နေနိုင်ကြပါစေ...

အမည်မသိ ခံစားချက်

Sunday, October 12th, 2008

ရှုပ်ထွေးနေတဲ့ စိတ်တွေနဲ့

အာရုံတွေ နောက်ကျိ

အမည်တပ်မရတဲ့ ခံစားချက်တွေ

ဘာတွေလဲ........

ဘာတွေလဲ........

ငါကိုယ်တိုင်လည်း ခေါင်းစဉ်ရှာမရတော့ဘူး..

 

ချောက်ကမ်းပါးရဲ့ အစွန်းတစ်ဖက်မှာရပ်

လေချင်တိုင်းလေ လွင့်ချင်တိုင်းလွင့်နေတဲ့

ငါ့ အသိစိတ်တွေ

ဘယ်ဆီကို ရောက်နေတာလဲ

ဘယ်လို ပြန်ထိန်းချုပ်ရမလဲ

ငါ... ငါလည်း မသိတော့ဘူး...

 
အချစ်တွေ အမုန်းတွေ

အောင်မြင်မှုတွေ ကျရှုံးမှုတွေ

ဘာမှ... ဘာတစ်ခုမှ

ငါ့ဆီမှာ မကျန်တော့သလိုပဲ...


ငါ့ရဲ့စိတ် ဟင်းလင်းပြင်ထဲမှာ

အသက်ရှူတွေ မ၀တော့ဘူး

ငါ... ငါ မောဟိုက်မွန်းကြပ်

ဘယ်လို ခံစားချက်မျိုးလဲ

လေပူဖောင်းနဲ့ ဖိသတ်ခံရသလို

အောင့်သက်သက် နိုင်တယ်...

 

ငါလေ... ငါ

မွန်းကြပ်လွန်းလို့

ဖြစ်နိုင်မယ်ဆိုရင်

မြူမှုန်တစ်စလို လွင့်မျော

........ ........

ဟောဒီကမ္ဘာကြီးထဲကနေ ပျောက်ကွယ်သွားချင်တယ်...

 

 

 

တစ်ခါတစ်လေ အဲလိုမျိုးခံစားချက် ဖြစ်တတ်တယ်..။ စိတ်ထဲမှာ မကြည်တော့ဘဲ ဘာတွေဖြစ်နေမှန်းလဲ ကိုယ့်ဟာကိုယ် မသိဘူး။ အဲလိုဖြစ်နေတုန်း ရေးထားတဲ့ ကဗျာပါ။ စုဘူးမှာ တင်မယ်ဆိုပြီး မတင်ဖြစ်ဘဲ ခုမှတင်ရတာပါ...။ 

Labels: အမည်မသိတဲ့ ခံစားချက်တွေပေါ့....

ကျိန်စာများ .....

Wednesday, October 8th, 2008

ဝေးလွင့်ကြခြင်းကျိန်စာက

စတင်အေးခဲလာ 

ဒီနေ့မနက်ဆယ်နာရီမှာ

ရာသီဆိုး တစ်ခုထဲ လွင့်စင်သွားခဲ့ရသူ ....

                                                   (၀ါဝါမ)

နီးကပ်ကြခြင်းကျိန်စာက

စတင်ပူနွေးလာ .. ငါ့ရင်မှာ

ဒီနေ့မနက် ၇ နာရီ

အကြွေးရှင်ကလာ ......

                                    (ပင်ကွင်းမ)

အလောတော် ကျိန်စာက

စတင်ပူနွေးလာ .. အဆောင်မှာ

ဒီနေ့မနက် ၉ နာရီ

အဆောင်ခ လာတောင်းတာ ... ရင်နာစရာ

                                   (ဝေလွင် မ)

စာကျက်ရခြင်းကျိန်စာက

ကျက်လေလေမရလေပါ

ဒီနေ့မနက် ၈ နာရိမှာ

access kit ကုန်သွားတာ

သင်တန်းတွေပြေးလို့ အင်တာနက်ဆိုင်ပဲ သွားတော့မှာ

                                    ( ကိုဘဲဥ)

၂ နာရီခွဲ အင်တာနက်ဆိုင်မှာပဲ

တစ်နေ့လုံးကိုကဲ

ပြန်ခါနီးမှာ ပိုက်ဆံရှာ

ရှာလို့မတွေ့ ဒုက္ခတွေ့

ရှိတာဖြုတ်ပြီး ပေးခဲ့သည် (း( .. သွားပြီမရှိတော့ဘူး)

                                  (လင်လုမ) 

 

Labels: ယနေ့နေ့လည် ၂ နာရိ တွင် လှည်းတန်း ဦးညိုမှ ကျိန်စာများ ဖြစ်ပါသည် ။

ချစ်သူသို့

Monday, September 22nd, 2008

အမြင်အာရုံမှာ မင်းမျက်နှာ

နေရာတိုင်းမှာ တွေ့ရတာ...

 

အကြားအာရုံထဲ မင်းအသံပဲ

စွဲကာနေဆဲ ယခုတိုင်လဲ...

 

ငါ့အတွေးထဲမှာ မင်းရောက်လာ

မင်းအကြောင်းတွေးကာ လွမ်းရတာ...

 

ငါလွမ်းနေတာ မင်းကမသိ

ဝင်ကြည့်လိုက်ပါ ရင်ထဲထိ...

 

ငါ့ရင်ထဲမှာ ဘာရှိတယ်

မင်းသိအောင်ကွယ် ပြောပြမယ်

ငါလေမင်းကို "သိပ်ချစ်တယ်"... 

 

Labels: အရင်က poem မှာ တင်ဖူးပါတယ်... ဘလော့မှာပြန်တင်တာပါ....

မွေးနေ့လက်ဆောင်...

Wednesday, September 17th, 2008

အေးမြတဲ့ မေတ္တာကိုသာ

ကိုယ့်အတွက် စွန့်ကြဲပေးပါနော်

ပူလောင်မှုတွေကို ဟိုးးးအဝေးဆုံးမှာ

စွန့်ပစ်ခဲ့ကြရအောင်...

 

သီကုံးထားတဲ့ 

မင်းအတွက် သီချင်းတွေ

ပျော်စရာလေးတွေပဲ အမြဲဖြစ်ပါ၇စေနော်

အလွမ်းသီချင်းတွေကို မေ့ထားကြ၇အောင်...

 

တာဝန်ဝတ္တရား ကိုယ်စီနဲ့

ဘ၀လမ်းကို လျှောက်လှမ်းနေရလဲ

မင်းရင်ထဲမှာ ကိုယ်ရှိနေပေးပါနော်

လူချင်းဝေးနေရလဲ စိတ်ချင်းတော့နီးကြရအောင်...

 

မြင့်မြတ်ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့

ငါတို့ရဲ့ လက်တွဲတွေခိုင်မြဲ

အနာဂတ်လမ်းတွေ ကြမ်းလည်း

ဘယ်တော့မှ မခွဲကြေးနော်...

 

ငှဲငှဲ... မနည်းစဉ်းစားပြီး ရေးထားရတာနော်... ဒါမွေးနေ့လက်ဆောင်ပဲ :) တွေ့ရင်မုန့်ဝယ်ကျွေးရမယ် :P

Happy Birthday ကင်းကောင် ပျော်စရာမွေးနေ့ ဖြစ်ပါစေနော်... တစ်ရက်စောပြောတယ်လို့ မှတ်လိုက်ဟာ...

မနက်ဖြန်မအားလို့ ဒီနေ့ကြိုတင်လိုက်တာ... :P:P:P                                                                             

Labels: မကောင်းလည်း ကောင်းတယ်ပြော ဒါပဲ....

၂၈ ရက်နေ့ လှူမယ့်အလှူအတွက် ကဗျာ

Wednesday, September 17th, 2008

အဖေဘယ်မှာ အမေဘယ်မှာ

မြင်တွေ့ခေါ်ဆိုခွင့်ရယ်မရ

လောကအလယ် မျက်နှာငယ်နဲ့

မသိတတ်ခင် အရွယ်တည်းက

ဝဋ်ကြွေးတွေ ခံခဲ့ရပေါ့.....

 

လောကကြီးထဲ ခြေချ

လူရယ်လို့ ဖြစ်လာတည်းက

AIDSဆိုတဲ့ ဒီရောဂါဆိုး

တွဲယှဉ်ကာ ပါခဲ့ပြန်တော့လည်း

သံသရာကြွေးရှိရင်ဖြင့် ဒီဘ၀သာကျေပါစေတော့.....

 

ဒီနေ့လား မနက်ဖြန်လား

ဘယ်နေ့ရယ် မသိနိုင်လည်း

သေမိန့်ကျပြီးသား ဘ၀တွေမို့

မျှော်လင့်ချက်ဆိုတဲ့ အလင်းရောင်

သူတို့အတွက် မှေးမှိန်လွန်းလှပေါ့.....

 

ကရုဏာရှင်တွေရဲ့ မေတ္တာရိပ်အောက်

မောပန်းစွာ အသက်ဆက်

လိုအပ်ချက်တွေနဲ့ သူတို့ဘ၀တွေအတွက်

ငါတို့ရဲ့... ကြင်နာစွာပေးကမ်းမှု အနည်းငယ်ဟာလဲ

အားဆေးတစ်ခွက်ပါပဲ သူငယ်ချင်း.....

 

သူငယ်ချင်း.....

ကံအကျိုးပေးချို့တဲ့

ရောဂါဆိုးနဲ့ သူတို့ဘ၀တွေအတွက်

မေတ္တာစေတနာတရား အရင်းခံထားလို့

တစ်နိုင်တစ်ပိုင် တတ်နိုင်သလောက်

ငါတို့ခွန်ငါတို့အား စိုက်ထုတ်ကာကူညီကြပါစို့လား.....

 

 

Labels: ၂၈ရက်နေ့ အလှူအတွက်ပါ...

ဘဝ

Friday, September 12th, 2008

ငိုသံတစ်ချက်နဲ့

လောကကြီးကို စပြီးမိတ်ဆက်

အမိဝမ်းက ကျွတ်ကာစ

ငါ...... အဖော်မပါဘူး...

 

တစ်နေ့ 

ရုပ်နာမ်နှစ်ပါး လက်တွဲဖြုတ်လို့

အားလုံးကိုကျောခိုင်း စွန့်ခွာရင်လဲ

ငါ..... တစ်ယောက်တည်း...

 

တစ်ယောက်တည်း လာလို့

တစ်ယောက်တည်း ပြန်ရမယ့်

ဒီ ဘ၀လမ်း

တစ်ယောက်တည်း လျှောက်လှမ်းရလဲ

ငါ.... မကြောက်ဘူး...

 

အပေါ်ယံသကာဆမ်းထားတဲ့ မျက်နှာ

စကားလုံးချိုချိုအောက်က ဓါးသွားထက်ထက်

ဟန်ဆောင်ပြုံးရယ်မှုနောက်က မလိုမုန်းတီးမှုတွေနဲ့

မိတ်ဆွေတုတွေ ငါ...မလိုအပ်ဘူး...

 

စည်းစိမ်ဥစ္စာ အခွင့်အာဏာနဲ့

ထင်ပေါ်ကျော်စောမှု

ငါ့ဘ၀အတွက် အရေးမပါဘူး...

 

အဖြူစင်ဆုံးသော ချစ်မေတ္တာတွေနဲ့

လွှမ်းခြုံပေးထားတဲ့ မိသားစု

နားလည်မှုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေ

ငါ့အနားရှိရင် ကျေနပ်တယ်

 တစ်နေ့မှာ ကိုယ့်လမ်းကိုယ်လျှောက်ကြရလဲ

တန်ဖိုးရှိစွာရခဲ့တဲ့ အချိန်ခဏ

ငါ့ဘ၀အတွက် လုံလောက်တယ်....

Labels: ကဗျာ...

လိုအပ်ချက်

Wednesday, August 27th, 2008

ငိုတယ်ဆိုတာ ပျော့ညံ့တဲ့လူတွေရဲ့အလုပ်

မျက်ရည်ကျတယ်ဆိုတာ အရှုံးပေးတာလို့

ခံယူထားတဲ့ ငါ....

မျက်ရည်တွေကို မုန်းတီးလို့

ဘယ်သူ့ရှေ့မှာမှ မျက်ရည်မကျ

ရယ်ဟဟသာ နေတတ်လဲ

ရင်ဘတ်ထဲမှာတော့ ငိုနေခဲ့တယ်...

ဘယ်လောက်ပဲ နာအောင်ပြောပြော

မထုံတက်တေးပုံစံနဲ့ မသိချင်ယောင်ဆောင်

ဘာမှမခံစားရသလို ပြုံးပြုံးလေးနေလဲ

ဘယ်ဘက်ရင်အုံက အောင့်အောင့်လာတယ်...

တစ်ယောက်တည်းဆိုတဲ့ ဘဝ

နေသားကျသလို ဖြစ်နေခဲ့လဲ

တစ်ခါတစ်ခါ

ခံစားချက်တွေ ဝေမျှလို့

နားလည်မှုတွေနဲ့ ရိုးသားစွာဆက်ဆံ

ဟန်ဆောင်မှုကင်းမဲ့နိုင်တဲ့ မိတ်ဆွေ 

ငါ့အနားမှာ ရှိစေချင်တယ်... 

 

Labels: ခံစားချက်ချင်းတူမယ့်သူတစ်ယောက်လောက် ရှိစေချင်တယ်....

လူတစ်ချို့အကြောင်း

Sunday, August 17th, 2008

ပိုက်ဆံနောက် တကောက်ကောက်လိုက်

လူ့အဆင့်အတန်း လူ့တန်ဖိုးကို

ငွေအသပြာတွေနဲ့ ပိုင်းခြားသတ်မှတ်

ပိုက်ဆံမရှိရင် လူရာမ၀င်ဘူးတဲ့

ငွေရဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေ 

ပိုက်ဆံရှိရင်တစ်မျိုး ပိုက်ဆံမရှိရင်တစ်မျိုး

မျက်နှာအမျိုးမျိုးနဲ့ လူတန်းစားခွဲခြားတဲ့သူတွေ

သူတစ်ပါးရဲ့ စိတ်ဆင်းရဲမှုတွေ

မျက်ရည်တွေကိုအရင်းပြု ငွေရှာတဲ့သူတွေ 

ကိုယ့်ထက်သာရင်မနာလို ကိုယ့်အောက်ကလူကိုနှိမ့်ချ

 လောဘ မောဟတွေနဲ့ ဘ၀ကိုဖြတ်သန်း

စည်းစိမ်ဥစ္စာ အခွင့်အာဏာတွေနဲ့ ယစ်မူး

တံလျှပ်ကိုရေထင်လို့ ပျော်ရွှင်မှုအစစ်အမှန်ကိုမသိ

အရှက်သိက္ခာဆိုတာ မရှိ

အကြင်နာတရားကိုလည်း နားမလည်

ရိုးသားဖို့ဆို ဝေလာဝေး

အဖြူရောင်နှလုံးသားမှာ လောဘမှိုင်းတွေဖုံးလွှမ်း

ထမင်းစားဖို့အတွက် အသက်ရှင်နေကြတဲ့သူတွေ

များလှပါတယ်ဆိုတဲ့ မင်းတို့ရဲ့စည်းစိမ်ဥစ္စာတွေ

သေရမယ့်တစ်နေ့ ယူသွားနိုင်မယ်ထင်လား...

ငွေကြေးတွေပုံပေးပြီး သေမင်းကိုလာဘ်ထိုး

နောက်ဘ၀မှာ ကောင်းစားမယ်ထင်လား...

ဘုရားမသိ တရားမရှိ

အမိုက်မှောင်ထဲက သနားစရာဘဝ

မင်းကိုမင်းရော သိရဲ့လား... 

 .............................

 

 

 

ရေးတုန်းကတော့ ကဗျာဆိုပြီးရေးတာပါပဲ... ရေးပြီးသွားတော့ ဘာဖြစ်သွားလဲ မသိတော့ဘူး... ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ လူတချို့ကိုကြည့်ပြီး ရေးဖြစ်လိုက်တာပါ... ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... 

Labels:

ခြေရာမဲ့အလွမ်း (ဇီးရိုး)

Tuesday, August 12th, 2008

ကျနော်တို့တွေ စိတ်တူကိုယ်တူ ဒဏ်ရာတူ… လမ်းလျှောက်ထွက်မိပြန်ပါပြီ။ ဒီတစ်ခါတော့ ဘယ်လောက် လှမ်းလှမ်း ခြေရာမထင်ခဲ့တဲ့ အလွမ်းတွေအကြောင်းရေးဖြစ်ကြတယ်။ ဇီးရိုး…. ကိုဖြိုးနွယ်… သောတ... ၀ိုင် နဲ့ သူရဿဝါတို့ပါ။ ကဗျာလေးနာမည်က `ခြေရာမဲ့အလွမ်း´ တဲ့။ ဖတ်ကြည့်ကြပါဦး။

 

             `ခြေရာမဲ့အလွမ်း´

 

ခြားနားနေတဲ့ ကမ္ဘာမြေကြီး

မတူညီတဲ့ အချိန်နာရီတွေ

ကန့်သတ်မှုကြားက ငါတို့ဘဝ

လမ်းပျောက်နေတဲ့ ရင်ခုန်သံတွေနဲ့

အဖော်မဲ့နေတဲ့ ငါ့ရဲ့ခြေလှမ်းတွေက

မင်းရှိရာကို လှမ်းလာချင်နေလည်း

ကံဇာတ်ဆရာ အလိုအတိုင်း

အလွမ်းတွေနဲ့ပဲ ….

လှမ်းလာခက်ခဲလို့

ခြေရာတွေမဲ့နေဆဲပါ...

                              (ဇီးရိုး)
 

Labels:

ကြယ်တစ်ပွင့် (သို့) တာရာမင်းဝေ

Wednesday, July 23rd, 2008

ဒါလေးက ဆရာတာရာမင်းဝေ ကွယ်လွန်တုန်းက ရေးထားတာပါ နည်းနည်းတော့ ကြာပြီပေါ့လေ...။ စာအုပ်ထဲမှာ ပြန်တွေ့လို့ တင်လိုက်တာပါ...အမှတ်တရအနေနဲ့ပေါ့။ အဲဒီအချိန်တုန်းက ရေးထားတဲ့အတိုင်းလေးပဲ ပြန်တင်လိုက်ပါတယ် မကောင်းရင်လည်း သည်းခံပြီးဖတ်ပေးပါနော်...

 

ကြယ်တစ်ပွင့်.....

ဟိုး...ကောင်းကင်အမြင့်ပေါ်က ကြယ်တစ်ပွင့်

သူချစ်တဲ့အနုပညာနဲ့ သူချစ်တဲ့ပရိသတ်ကို

အလုပ်အကျွေးပြုတဲ့ ကြယ်တစ်ပွင့်

 

ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့

ထူးခြားတဲ့အရေးအသားကို ပိုင်ဆိုင်တဲ့သူ

အများနဲ့မတူတဲ့ အတွေးအခေါ်ကို

ချ ပြနိုင်တဲ့သူ

ဒဿနသဘောတွေနဲ့

တစ်ခါတစ်ခါ နားလည်ရခက်လည်း

တွေးစရာတွေ ချန်ပေးတတ်တဲ့သူ

 

သူ................

သူ့ကို`ရွှေဖိနပ်´ နဲ့စသိခဲ့တယ်...

`နဂါးငွေ့တန်း´နဲ့ `နှင်းဆီဓါးသွားတစ်လက်´မှာ

ထူးခြားတဲ့ပုံစံလေးကို နှစ်သက်မိခဲ့တယ်...

`ဖိုးကြယ်´နဲ့ `သီဟသစ်´ကြောင့်

တွေးစရာတွေ ရခဲ့တယ်...

`အရှေ့မြို့ရိုး´မှာ ရွာတဲ့မိုးကြောင့်

`ဂျူနို´ကို လေးစားခဲ့ဖူးတယ်...

သူ့ရဲ့ကဗျာတွေကို

စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတယ်...

 

ခုတော့..... သူ..............

သူ့ရဲ့အနုပညာတွေ မကုန်ခင်

လောကကို ကျောခိုင်းသွားခဲ့ပြီ...

ကောင်းကင်ထက်မှာ ၀ံ့ကြွားစွာတောက်ပနေဆဲ

ကြွေကျခဲ့ရပြီ...

 

ကောင်းကင်ကကြယ် ကြွေခဲ့ပေမယ့်

နှလုံးအိမ်ထဲကကြယ် ရှိနေဆဲပါ.....

သူမရှိတော့ပေမယ့် သူဖန်တီးခဲ့တဲ့

အနုပညာတွေ ရှိနေဆဲပါ.....

ကမ္ဘာပေါ်ကသူ ပျောက်ကွယ်သွားခဲ့ပေမယ့်

သူ့ပရိသတ်ရဲ့ရင်ထဲမှာ သူ...ထာဝရရှိနေမှာပါ.....

 

ရွှေဖိနပ် - ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး

နဂါးငွေ့တန်း - ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း

နှင်းဆီဓါးသွားတစ်လက် - ငါ့ရင်ခွင်ကြားက နှင်းဆီဓါးသွားတစ်လက်

အရှေ့မြို့ရိုး - အရှေ့မြို့ရိုးက မိုးရေစက်များ 

Labels:

ကဗျာမဟုတ်သော ခံစားချက်

Thursday, July 10th, 2008

တစ်စုံတစ်ခုကို လိုချင်ရင်

တစ်စုံတစ်ခုကို ပြန်ပေးဆပ်ရမယ်

ဒါ.........................

သဘာဝပဲ

 

ပျော်ရွှင်မှုကိုပဲ ဦးစားပေးခဲ့လို့

ငါ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို

ငါ..........................

ပေးဆပ်ခဲ့ရတယ်

 

အခုချိန်ထိ 

လုပ်ချင်တဲ့အလုပ်တွေ အများကြီးကို

ငါ................... လုပ်ခဲ့ပြီးပြီ 

ဒါပေမယ့်

လုပ်သင့်တဲ့အလုပ်တွေကို လုံလောက်အောင်

ငါ................... မလုပ်ရသေးဘူး 

 

အချိန်တွေကို ငါ.............

တိုက်စားပစ်ခဲ့မိလို့

အချိန်တွေက ငါ့ကို

ပြန်တိုက်စားမှာကိုတော့

ငါ........................

ငါ မလိုလားဘူး 

 

ဆုံးရှုံးခြင်းနဲ့ စွန့်လွှတ်ခြင်း

တစ်ခုကို ရွေးချယ်ရမယ်ဆိုရင်

စွန့်လွှတ်ခြင်းကိုပဲ ငါ............

ရွေးချယ်လိုက်မယ်

 

အတိတ်ကို ပြန်လှည့်ကြည့်ပြီး

နောင်တရနေတတ်တဲ့ လူစားထဲမှာ

ငါ................... မပါဘူး

ဖြစ်မလာသေးတဲ့အနာဂတ်ကို လှမ်းမျှော်ပြီး

ပူပန်နေတတ်တဲ့ လူစားမျိုးလဲ

ငါ.................. မဟုတ်ဘူး 

 

ဖြစ်တည်မှု ရှိခဲ့ရင်

ပျက်ယွင်းမှုဆိုတာ ရှိလာမှာပဲ

အမှားဆိုတာ ရှိနေသရွေ့

အမှန်ဆိုတာလဲ ရှိနေမှာပါပဲ.....

 

မရေရာတဲ့ အရာတွေထဲမှာ

နစ်မြှပ်နေမယ့်အစား 

သေချာတဲ့ လက်ရှိအချိန်မှာပဲ

ရှာတွေ့ခဲ့တဲ့  အမှားများစွာထဲကနေ

အမှန်တစ်ခုကို တွေ့အောင်ရှာရမယ်.....

 

ဖြုန်းတီးပစ်မိခဲ့တဲ့ အချိန်တွေအတွက်

လျော်ကြေးတစ်ခုကို

ငါ...........................

သေချာပေါက် ပြန်ပေးဆပ်ရဦးမယ်..... 

Labels:

သူငယ်ချင်း

Tuesday, May 27th, 2008

သွေးသားမတော် မသိသော်လည်း

ဘ၀တစ်ကွေ့ ဆုံတွေ့သောခါ 

ဖြူစင်မေတ္တာ အနစ်နာနှင့်

နွံတာခံကာ ခင်မင်ခဲ့ကြဤဘ၀၀ယ်

 

နောက်ပြောင်ကျီစား စတတ်ငြားလည်း 

အပြုံးမပျက် မေတ္တာဖက်၍ 

ခွင့်လွှတ်သည်းခံ ခိုက်ရန်မပြု

နားလည်မှုဖြင့် သာတူနာအမျှနေထိုင်ကြသည် 

 

ကောင်းတူဆိုးဖက် စိတ်မကွက်ဘဲ

တီးတိုးတိုင်ပင် ချစ်ခင်ရင်းနှီးစည်းလုံးပြီးလျှင်

ခင်မင်ခြင်းသာ တိုးပွားလာ၍

စိတ်ဝယ်တသ မေ့မရပြီ

ချစ်ခင်ရသော သူငယ်ချင်းများ ....... 

 

ငယ်စဉ်မှ ယခုတိုင် ခင်မင်ခဲ့ရသော သူငယ်ချင်းများ၊ ကျောင်းတော်မှ သူငယ်ချင်းများ၊ စုဘူးမှ သူငယ်ချင်းများ နှင့် ခင်မင်ရသော သူငယ်ချင်းအားလုံးသို့ အမှတ်တရ............

 

္ဂ 

 

Labels:

ဖေဖေ

Thursday, May 22nd, 2008

ဖေဖေဆိုသည်မှာ....

သားသမီးများအတွက်

မှီခိုအားထားစရာ မျှသာမကပဲ 

တစ်ချိန်တွင် သားသမီးများသည်

ဘုရားသခင်မှတစ်ပါး

မည်သည့်ကိုမျှ မှီခိုအားထားစရာမလိုဘဲ

လောကကြီးမှာ ကောင်းစွာရှင်သန်ကြီးထွား

ရပ်တည်နိုင်စွမ်း ရှိသောသူ

 လူအများကို ကူညီနိုင်သောသူဖြစ်အောင်

 ပြုစုပျိုးထောင်ပေးသောသူ ဖြစ်ပါသည် ။

 

    ဒါလေးက ဆရာကိုကိုမောင်ရဲ့ စာတစ်အုပ်ထဲက ဖတ်ရတာပါ ။ ကိုယ်ကိုယ်တိုင်ကလဲ အဖေကိုချစ်တဲ့သူဆိုတော့ ဒီစာပိုဒ်လေးကို အရမ်းသဘောကျလို့ပါ။ ငါ့ရဲ့အဖေဟာလဲ ဆရာ့စာထဲကလို အဖေမျိုးပါပဲ။ ငယ်ငယ်လေးထဲက ဒီအချိန်ထိ ငါအမှားလုပ်မိတဲ့အခါ ဖေဖေကဘယ်တော့မှ ရိုက်ပြီးဆုံးမလေ့မရှိသလို ဆူတာမျိုးလဲမရှိခဲ့ပါဘူး..။ နားလည်အောင် အေးအေးဆေးဆေးပဲ ပြောပြဆုံးမတတ်တယ်။ တစ်ခါတစ်လေ သူအေးအေးဆေးဆေး ပြောတာက ငါ့ကို တုတ်နဲ့ရိုက်တာထက်ပိုပြီးနာစေတယ်။ ဒါပေမယ့် ငါ့အတွက်တော့ ဖေဖေဆိုတာ ငါ့ဘ၀ရဲ့ ဦးဆောင်သူတစ်ယောက်၊  ဒါမှမဟုတ် ငါ့ဘ၀မှာ အရေးအပါဆုံးသူတစ်ယောက်ပါပဲ..........

 

 

အဖေကိုချစ်သော သားသမီးတိုင်း အတွက်...... 

 

 

 

Labels:

<< Start < Prev 1 Next > End >> Results 1 - 30 of 30
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.