Sign Up
lost your password?

zerolay.91@gmail.com

တွေးချင်ရာတွေးပြီး ရေးချင်ရာရေးထားတာလေးတွေပါ...

ပြင်းရှရှ ဝေဒနာ

Thursday, January 29th, 2009

မျိုသိပ်ထားရခြင်းတွေက

စို့စို့နင့်နင့် မွန်းကြပ်လာတဲ့အခါ

ငါ့ရဲ့ မနက်ဖြန်တွေကို

ရေစုန်မှာ မျှောပစ်လိုက်ချင်ပါပြီ...။

 

ဘယ်သူမှ မသိတဲ့

ဒဏ်ရာအနာတရတွေက

ငါ့ကို..... ပြင်းပြင်းရှရှထိခိုက်စေခဲ့တာ

အချိန်ကာလ ဘယ်လောက်ကြာခဲ့ပြီလဲ...

ဘယ်သူကမှ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး...။

 

ကလေးတစ်ယောက်အတွက်

နက်ရှိုင်းပြင်းထန်တဲ့

ခပ်ရင့်ရင့် ခံစားချက်တွေကို

ဘာမှမဖြစ်သလို ပုံစံလေးနဲ့

တိတ်တဆိတ်နေခဲ့ရတာ

ငါ..... ပင်ပန်းလွန်းနေပါပြီ...။

 

ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့

နှုတ်ဖျားက ဘယ်တော့မှထွက်ကျမလာတဲ့ စကားလုံးတွေ

ဘယ်သူ့ကိုမှ မပြောပြချင်တဲ့ ခံစားချက်တွေ

အရာအားလုံးကို ခပ်ဝေးဝေးမှာလွှင့်ပစ်

ငါ မကချင်တော့တဲ့ ဇာတ်ကို

အဆုံးသတ်လိုက်ချင်ပါပြီ...။

 

မလွန်ဆန်နိုင်တဲ့ လောကတရားတွေ

ကျေးဇူးတရားတွေ သိတတ်နားလည်မှုတွေ

အားလုံး...... အားလုံးကို

ငါနဲ့မဆိုင်တော့သလို လမ်းတစ်ဝက်မှာချန်ရစ်

ပျောက်ကွယ်ကာစ နေမင်းနဲ့အတူ

အားလုံးကို နှုတ်ဆက်ခဲ့ချင်ပြီ...။ ။

 

ဒီနေ့ ဇီးရိုး စိတ်တော်တော်ညစ်နေလို့ ဒီကဗျာကို ချရေးမိတာပါ.. :( ။ ဒါပေမယ့် သိကြတဲ့အတိုင်းပဲ ဇီးရိုးက ကြာကြာစိတ်ညစ်မခံတတ်တော့ ဒီကဗျာတင်နေတဲ့ အချိန်မှာပဲ စိတ်ကပြေနေပြီ.. :) ။ ဘာပဲဖြစ်ဖြစ် ဒဏ်ရာတစ်ခုတော့ တိုးသွားတာပေါ့.. ခံစားချက်တွေကို ပေါက်ကွဲလိုက်၇တော့ နည်းနည်းပေါ့သွားတယ်..။ ဒီကဗျာဖတ်ပြီး စိတ်ညစ်သွားရင်တော့ တောင်းပန်ပါတယ်...

Labels: my emotion

16 Comments

magicofheart
Monday, 22 June 2009
ကောင်းပါ့ညီမလေးရေ။
maylay
Sunday, 01 March 2009
ချစ်ညရယ် .. ဘာတွေများအဲ့လောက်ညစ်နေတာတုန်း ... ညစ်ပါနဲ့ကွယ် .... ပျော်အောင်နေနော် ..ကြားလား ညလေးမျက်နှာလေးက အပူအပင်ကင်းရင်ချစ်စရာကောင်းတယ် ...။
ATM.asl
Monday, 23 February 2009
ထပ်တူထပ်မျှပါပဲသယ်ရင်းရေ အနားမှာမရှိလည်း အဝေးကနေပြီးတော့ ..........
naynaythantzin
Wednesday, 04 February 2009
ကောင်းတယ်....
ayetkharkhar
Monday, 02 February 2009
စိတ်ညစ်ပါဘူး ကောင်းတယ်ကဗျာလေး က ဟုတ်တယ်နော် ရေစုန်မျောချင်တာတော့အတူတူပဲ သူငယ်ချင်းရ
goldenowl
Sunday, 01 February 2009
don`t feel it. you knows what you are. future welcome to you. you may be passed. your`s goldenowl
phoethaw47
Saturday, 31 January 2009
တူနေပြီဗျာ..
pyae90
Saturday, 31 January 2009
ကဗျာလေးကောင်းတယ် ဇီးရိုးလေး
missingsome1
Friday, 30 January 2009
စိတ်ညစ်နေလို့များ စကားလုံးတွေ အားပိုပါလာသလား မသိဘူးနော်။ စိတ်ပြေသွားပြီဆိုရင်တောင် ကဗျာကောင်း တစ်ပုဒ်တော့ အဖတ်တင် ကျန်ခဲ့ပြီပဲ။ နော့။
lonemange
Friday, 30 January 2009
ညစ်ပါနဲ့ မမဥရယ် ညစ်နေတော့ဘယ်ကောင်းမလဲနော် ကာကာနဲ့ မမဥနဲ့တူတယ် ညစ်တာကို အကြာကြီးမထားတာလေ ညစ်နဲ့နော် တော်ကြာရုပ်ဆိုးနေဦးမယ်..............
livewithmusic
Friday, 30 January 2009
အမကတော့ မကချင်တဲ့ဇာတ်ကို ဆက်ကနေသေးတယ်.. :)
sulei
Thursday, 29 January 2009
ကြာကြာစိတ်မညစ်တတ်တော့ ကောင်းတာပေါ့ ဟာ စိတ်ညစ်နေရင် ကဗျာသာ ရေးပြစ် ပေါ့သွားရော
Fido_Dido
Thursday, 29 January 2009
စိတ်မညစ်နဲ့ ၀လုံးလေး .. =[^-^]=
Waiphyomin
Thursday, 29 January 2009
နားရော..ခေါင်းရောလည်ပါတယ်ကွယ်......
pankhit
Thursday, 29 January 2009
ညလေးရယ်....မမစိတ်မကောင်းပါဘူး...စိတ်မကောင်းမဖြစ်နဲ့နော်။
wai lwin
Thursday, 29 January 2009
အင်းပါကွာ နားလည်ပါတယ် အဟိ

Would you like to comment?

Sign up for a free account, or Sign in (if you're already a member)
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.