Sign Up
lost your password?

zerolay.91@gmail.com

တွေးချင်ရာတွေးပြီး ရေးချင်ရာရေးထားတာလေးတွေပါ...

၁၇ နှစ်မြောက် မတ်လ ၄ရက်နေ့

Wednesday, March 4th, 2009

ဒီနေ့ဆိုရင် zero လူ့လောကကို ရောက်လာတာ (၁၇)နှစ်ပြည့်သွားပါပြီ.. :) ။ ဘ၀တစ်ခုလုံးနဲ့ယှဉ်လိုက်ရင် (၁၇)နှစ်ဆိုတာ ဘာမှမပြောပလောက်ပေမယ့် ဒီအချိန်အတွင်းမှာ ဘ၀ရဲ့အရသာကို အနည်းငယ်တော့ မြည်းစမ်းကြည့်မိပါပြီ..။ ပြဿနာတွေ ၀မ်းနည်းစရာတွေကို ရင်ဆိုင်နိုင်အောင်လည်း ကြိုးစားနေတတ်ခဲ့ပြီ..။ စိတ်ညစ်စရာတွေ ကြားမှာ ပျော်စရာကို ရှာဖွေစိတ်ဖြေတတ်အောင်လည်း ကြိုးစားခဲ့တယ်..။ ဒီနှစ်မွေးနေ့ကတော့ တော်တော်လေးကို အဆင်မပြေတာတွေများတဲ့ မွေးနေ့တစ်ရက်ပါ..။ မွေးနေ့နားနီးမှ စိတ်ညစ်စရာတွေ အဆင်မပြေတာတွေပဲ ကြုံနေရတယ်..။ ဘယ်တော့မှ ကြာကြာစိတ်ညစ်မခံတတ်ခဲ့ပေမယ့် အခုရူးချင်လောက်အောင်ကို စိတ်ညစ်နေတယ်..။ လူတွေနဲ့ အဝေးဆုံးတစ်နေရာကို ထွက်သွားချင်တယ်..။ တစ်နေ့တစ်နေ့ ဒေါသထွက်စရာတွေ အကုသိုလ်တွေပဲ ဖြစ်နေရတယ်.. သေရင်တောင် ငရဲကပြန်တက်ရမှာကို မဟုတ်တော့ဘူး.. :( ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ လူဖြစ်နေသရွေ့တော့ ၀ဋ်ရှိသမျှခံပေါ့...။ ဘာပဲဖြစ်ဖြစ်ပါ မွေးနေ့ဆိုတော့ ကိုယ့်ကိုမွေးပေးထားတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ရမှာပေါ့ (ဒါပေမယ့် လူ့လောကထဲကို ရောက်မလာရင် ပိုကောင်းမယ်)..။ ဒီနှစ်မွေးနေ့မှာ စဉ်းစားမိတာ ဆုံးဖြတ်မိတာကတော့ အရင်နှစ်တွေကထက် ပိုကြိုးစားရမယ်ဆိုတာပဲ.. အိမ်ကိုစွန့်ခွာရမယ် အမိမြေကိုစွန့်ခွာရမယ်.. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အချိန်ကျရင် ဆရာတာရာမင်းဝေရေးထားတဲ့ “လူသားတစ်ယောက် အနေနှင့် မိုးကောင်းကင်အောက်မှာ ခိုင်မာကျစ်လျစ် တာဝန်ကျေသော ပေတစ်ဆစ်မျှတော့ ဖြစ်သင့်သည်။” ဆိုတဲ့ ကဗျာစာသားအတိုင်း အမိမြေအတွက် နှမ်းတစ်စေ့တော့ဖြစ်ချင်ပါတယ်..။ zero တစ်နှစ်ထက် တစ်နှစ် ကြီးပြင်းလာခဲ့ပေမယ့် ငယ်ငယ်တုန်းက ဘ၀ကိုပဲ နှစ်သက်တယ် လိုချင်တယ်..။ ခပ်ငယ်ငယ်တုန်းက ဘာအပူအပင်မှမရှိဘဲ အမတွေနဲ့ နေခဲ့ရတဲ့အချိန်ကို ဖြစ်နိုင်မယ်ဆိုရင် ခဏလောက်တော့ ပြန်ရချင်တယ်..။ အဲဒီတုန်းကလို အမတွေနဲ့ ထမင်းတူတူစားချင်တယ်.. အတူကစားချင်တယ်.. လှေကားထောင့်မှာ စကားတွေပြောချင်သေးတယ်.. ခြံထဲမှာ ခရေပန်းကောက်ချင်သေးတယ်.. နောက်ပြီး ဘဘရဲ့ ဆုံးမစကားတွေကို ပြန်နားထောင်ချင်သေးတယ်.. zeroရဲ့အခုပုံစံကို ဘဘသိရင် ဘာပြောမလဲဆိုတာ သိချင်တယ်..။ ဒါပေမယ့်လည်း zero သိနေပါတယ် အဲလိုအချိန်မျိုး နောက်ထပ်ဘ၀မှာ ဘယ်တော့မှ ထပ်ရမှာမဟုတ်တော့ဘူး..။ zero အရမ်းချစ်ပြီး လေးစားရတဲ့ ဘဘလည်း လောကထဲမှာမရှိတော့တာ (၇)နှစ်လောက်ရှိခဲ့ပြီပဲ..။ လူတိုင်းအတွက် ကလေးဘ၀အချိန်တွေကတော့ ပျော်စရာအကောင်းဆုံးပါပဲလေ..။ ဘာတွေပဲဖြစ်ဖြစ် မွေးနေ့ဆိုတော့လည်း အသက်တစ်နှစ်ကြီးသွားတာကတော့ သေချာပါတယ်.. :P ။ စိတ်ညစ်ညစ်နဲ့ရေးချင်တာ လျှောက်ရေးနေတာ တော်တော်ရှည်သွားပြီ.. :) ။ zero ကို ကြိုပြီးမွေးနေ့ဆုတောင်း ပေးတဲ့သူငယ်ချင်းတွေရော.. နေ့မှားပြီးဆုတောင်းပေးတဲ့သူငယ်ချင်းတွေရော :P .. ဘာမုန့်ကျွေးမှာလဲလို့ မေးတဲ့သူငယ်ချင်းတွေရော.. အားလုံး သတိတရရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။

မုန့်စားချင်ရင်တော့ ဖုန်းဆက်လိုက်ကြပေါ့ .. ပိုက်ပိုက်မကုန်သေးရင်ကျွေးမယ်... ဟိ

Labels: ကွန်းမန့်လေးတော့ ပွတ်ခဲ့ကြပါ.. အမှတ်တရပေါ့...

20 Comments

charleswain
Monday, 16 March 2009
့Happy Birthday! ပါညလေး...မမနည်းနည်းနောက်ကျသွားတယ်နော်..ငါ့ညလေးဒီနေ့ကစပီနောင်နှစ်တစ်ရာတိုင်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေရပါစေ...
livewithmusic
Sunday, 15 March 2009
ညီမရေ.. happy birthday ပါ.. အမ online တတ်ဖို့အဆင်မပြေလို့ နောက်ကျမှ birthday wish လုပ်နိုင်တာ sorry ပါနော်
hamsterlay
Saturday, 07 March 2009
ဟေး... Happy Birthday Zero ရေ... လောကကြီးမှာ လူဖြစ်လာပြီ ဆိုတာနဲ့ ပျော်တာတွေရော စိတ်ညစ်ရတာတွေ ရော အကုန် စုံပြီး ခံစားရမှာဘဲ.. ပျော်တဲ့ အချိန်မှာလည်း ပျော်လိုက်ပါ..စိတ်ညစ်ရတဲ့ အချိန်မှာလည်း အတတ်နိုင်ဆုံး အကောင်းဆုံး သာ နေနိုင်တဲ့..အမြဲတမ်း ပျော်ရွင်နေနိုင်တဲ့ ငါ့သယ်ရင်းဇီးရိုးသာ ဖြစ်ပါစေ...ဟဲဟဲ.. မွေးနေ့ဆုတောင်းနော်.. ငါ့ကို မုန့်ဝယ်ကျွေး
pachyderm-penguin
Friday, 06 March 2009
happy birthday ပါ ညရေးးး ဟီးး ဟီးးး .... မုန့် ချားးး ရတော့မယ်
ayetkharkhar
Friday, 06 March 2009
ံHappy Birthday ပါ ဘဲဥ နာ့ကို မုန့် ကျွေးလေ ဟယ်
pyae90
Thursday, 05 March 2009
zero လေးရေ မွေးနေ့ တိုင်းမှာပျော်ရွှင်ပါစေနော် :))
alchy
Thursday, 05 March 2009
အင်း တစ်နှစ်တောင် စောင့်ရဦးမှာပါလား နောက်တစ်ခါ မွေးနေ့ရောက်ဖို့ ပြောတာပါ
bluecoffe
Thursday, 05 March 2009
honney
Wednesday, 04 March 2009
zero ရေမွေးနေ့မှာလဲပျော်ရွင်ပါစေ နောင်နှစ်ပေါင်းများစွာလဲပျော်ရွင်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်
nyeinchann
Wednesday, 04 March 2009
း) အမြဲတမ်း ပြုံးပျော်နေနိုင်ပါစေ...
ATM.asl
Wednesday, 04 March 2009
ပျော်ရွှင်ဖွယ်မွေးနေ့ ပါ ငါမသိလို့ ခွေးလွှတ်နော် ငါရှိရင်လာစားပါတယ် အခုတော့ ဟွန့် ...............
mrzay004
Wednesday, 04 March 2009
hApPy BiRtHdAy ပါဗျာ.... :)
lonemange
Wednesday, 04 March 2009
တယ်ရင်း ဘဲဥရေ ရှည်ပါစေဟယ် .................. (အသက်) ခွိးခွိး အဟစ် အဟစ် အဟက် အဟက်
ngelay2008
Wednesday, 04 March 2009
ံHappy Birthday နော်..zero လေး
hninzat
Wednesday, 04 March 2009
ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ ညီမရေ .း)
ThuRaThaWah
Wednesday, 04 March 2009
း)) ကြည့်ရှောင်ခွ မုန့်ကျွေးပါ မုန့်ကျွေးပါ မုန့်ကျွေးပါမုန့်ကျွေးပါမုန့်ကျွေးပါမုန့်ကျွေးပါမုန့်ကျွေးပါမုန့်ကျွေးပါ မုန့်ကျွေးပါ
kokonyinyi
Wednesday, 04 March 2009
ကလေးမလေးရေ.......ထာဝရပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေနော်......။
ngatilay
Wednesday, 04 March 2009
ဟက်ပီဘတ်ဒေးပါ ..
Amara
Wednesday, 04 March 2009
Happy Birthday!! လုပ်ကြပါဦး ၁၇ မပြည့်ချင်ဘူး.... ၁၆ မှာပဲနေချင်တယ်။ တစ်ယောက်ပြီးတစ်ယောက် ၁၇ ပြည့်ကုန်ပြီ။ နောက် ၄လလောက်ဆို ၁၇ပြည့်ပြီ... လုပ်ကြပါဦး... ဟီး :P
Fairystory
Wednesday, 04 March 2009
" Happy Birthday " ပါ ညလေး။ ထာဝရပျော်ရွင်ပါစေနော်။

Would you like to comment?

Sign up for a free account, or Sign in (if you're already a member)
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.