Sign Up
lost your password?

zerolay.91@gmail.com

တွေးချင်ရာတွေးပြီး ရေးချင်ရာရေးထားတာလေးတွေပါ...

ငေးမောနေခဲ့မိတဲ့ ညနေပျို

Thursday, April 9th, 2009

ခုတစ်လော ကွန်နက်ရှင်မကောင်းတာနဲ့ပဲ အွန်လိုင်းမတက်ဖြစ်လို့ စုဘူးထဲတောင် မ၀င်တာကြာပြီ (အဓိကတော့ရေခန်းနေတာပါTongue out)..... အွန်လိုင်းဝင်ဖြစ်တော့လည်း သုံးစားလို့မရတဲ့ကွန်နက်ရှင်နဲ့ ဂျီတော့လောက်ပဲ ပြောလို့ရတယ် Frown..။ မနေ့ညကတော့ နေမကောင်းတာနဲ့ပဲ အိပ်လို့လည်းမရ၊ စာကျက်လို့လည်းမရ၊ မထူးဘူးဆိုပြီး အွန်လိုင်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်ဖွင့်ကြည့်ရင်း စုဘူးထဲရောက်လာပါရော... မဖတ်ရသေးတဲ့ blog တွေဆိုတာ အများကြီးပဲ (သူများတွေများ ကွန်နက်ရှင်ကောင်းကြတယ်ထင်ပါရဲ့)...။ ဒါနဲ့ပဲ ပရိုဖိုင်တွေကို လျှောက်သွားပြီး အကြွေးတွေလိုက်ဆပ်လိုက်ရသေးတယ်.. (sign in မလုပ်ထားလို့ ကွန်းမန့်တွေတော့ မပေးဖြစ်ဘူး စိတ်ဆိုးကြနဲ့နော် Laughing)..။ မအိပ်ချင်တာနဲ့ zero ရဲ့ profile ထဲက commet တွေကို ပြန်ဖတ်ရင်း သူငယ်ချင်းတွေကိုတောင် လွမ်းသွားတယ်... အရင်ကဆို နေ့တိုင်းနီးပါးတွေ့နေရတဲ့သူတွေ ခုကြတော့လည်း အပြင်မှာတွေ့ဖို့မပြောနဲ့ အွန်လိုင်းမှာတောင် သိပ်မတွေ့ဖြစ်တော့ဘူး... Cry။ အကုန်လုံးကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ပဲလေ zero တောင် ဘာအလုပ်မှမရှိဘဲနဲ့ တစ်ယောက်တည်းဘာတွေရှုပ်မှန်းမသိ ရှုပ်နေသေးတာပဲ..Tongue out။ နောက်ပြီး zero စုဘူးထဲစရောက်ကာစ ယောင်ချာချာဖြစ်နေတဲ့အချိန်က ခင်မင်ခဲ့ရတဲ့သူတွေ.. အကူအညီပေးခဲ့တဲ့သူတွေ.. သူတို့ profile တွေကို လျှောက်ကြည့်တော့မှ တချို့သူငယ်ချင်းတွေနဲ့ မတွေ့ရတာတော်တော်လေး ကြာနေခဲ့ပြီ..။ တချို့ကျတော့လည်း last login ဆိုတဲ့နေရာမှာ လနဲ့တောင် ချီနေပြီ...။ zero စုဘူးထဲမှာရှိတဲ့ တစ်နှစ်အတွင်း သူငယ်ချင်းတွေ၊ အကိုအမတွေ အများကြီးရခဲ့ပါတယ်... ခုချိန်မှာ မတွေ့ဖြစ်တော့တဲ့သူတွေလည်း အများကြီးရှိခဲ့ပါပြီ...။ ဘာပဲဖြစ်ဖြစ်ပါ လူချင်းမတွေ့ပေမယ့် အွန်လိုင်းမှာမတွေ့ပေမယ့် zero ရဲ့ သူငယ်ချင်းတွေ အကိုတွေအမတွေကို ဘယ်တော့မှမမေ့ပါဘူး..။ "ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏" ဆိုတဲ့အတိုင်း နောက်ထပ်ပြန်မဆုံဖြစ်ကြတော့ဘူး ဆိုရင်တောင် zero နားမှာရှိနေပေးခဲ့တဲ့၊ နားလည်ပေးခဲ့တဲ့ သူငယ်ချင်းတွေအားလုံးကို အမြဲသတိရနေမှာပါ...။ ၀ါဝါမ ရေးခဲ့ဖူးသလိုပေါ့ "သူငယ်ချင်းဆိုတာ ဘယ်တော့မှ နေမ၀င်တဲ့ အေးအေးချမ်းချမ်း ညနေပျို" ပါပဲ... အဲဒီစာသားလေးပေါ်အခြေခံပြီး zero ကဗျာတစ်ပုဒ်ရေးထားသေးတယ်... ခေါင်းစဉ်က "ငေးမောနေခဲ့မိတဲ့ ညနေပျို" တဲ့ ဖတ်ကြည့်ပေးပါဦး .....

 

 ငေးမောနေခဲ့မိတဲ့ ညနေပျို

"အိပ်မက်" "ဘ၀" "မျှော်လင့်ချက်"

ခေါင်းစဉ်ပေါင်းများစွာက

ငါတို့ရဲ့ညနေပျိုကို ခိုးဝှက်လုယူသွားခဲ့ .....

 

လောဘ, မောဟတွေနဲ့

အဆိပ်သင့်နေတဲ့လေထုကြီးကို ရှူရှိုက်ရင်း ...

ကိန်းဂဏန်းတွေကြားမှာ

ရုန်းကန်လှုပ်ရှားရင်း ...

မျက်နှာဖုံးစွပ်ထားတဲ့ မျက်နှာတွေကို

မပြုံးချင်ပဲပြုံးပြရင်း ...

ငါ့ရဲ့ .................

အေးအေးချမ်းချမ်း ညနေပျိုကို

လွမ်း ........ တယ် .......။

 

အိပ်မက်ခင်းတဲ့လမ်းကို

လှမ်းလျှောက်နေကြသူချင်း အတူတူ

ဘယ်သူက ဘယ်သူ့ထက်ပိုပြီး

လွမ်းဆွတ်တသနိုင်မှာလဲ .....

 

ဦးတည်ရာအရပ် မတူညီကြတဲ့

ငါတို့ရဲ့ခပ်ကျဲကျဲခြေလှမ်းတွေက

တစ်ဦးနဲ့တစ်ဦး ပို ... ပိုပြီး

ဝေးကွာစေခဲ့ .....

 

နှုတ်ဆက်ခွင့်မရလိုက်တဲ့ ခွဲခွာမှုတွေ

ဘယ်လောက်တောင် များခဲ့ပြီလဲ

ဆို့ဆို့နင့်နင့် ကြေကွဲမိရဲ့

ဘာတွေပဲဖြစ်ဖြစ်

ထောင့်ချိုးတစ်နေရာရာမှာတော့

မျက်နှာချင်းဆိုင် ငါတို့ ... ပြန်ဆုံကြမယ် ... ။

 

zero

 

ဒီကဗျာလေးရဲ့ခေါင်းစဉ်က ညီမင်းခန့် စဉ်းစားပေးထားတာပါ... ကျေးဇူးညီမင်းခန့်ရေ.... Smile

Labels: ချစ်ရသော သူငယ်ချင်းများသို့ ......

23 Comments

paneikhin
Thursday, 11 February 2010
ငါလည်း နင့်လိုပဲခံစားရတယ်..ကျောင်းတတ်ကတည်းက ကွဲနေလိုက်ကြတာ.. နင့်လိုပဲ ငါလည်း ညနေပျိုကိုလွမ်းပါရဲ့ဟာ.....
lwintyarway
Thursday, 03 December 2009
ည ..ေ န ပျို လွမ်းတယ်...
Lwan
Wednesday, 16 September 2009
ဟုတ်တယ် .. အိပ်မက် ဘ၀ နဲ့ မျှော်လင့်ချက်တွေက လူတွေရဲ့ အေးချမ်းတဲ့ ညနေခင်းတွေကို မြှုပ်နှံပစ်ခဲ့တယ် ... ဟူး.......
chicken little
Wednesday, 12 August 2009
း)
ကုမ်မာရီ
Wednesday, 08 July 2009
အင်း.. စုဗူးဆိုတာ တစ်ခါတုန်းက ဆူညံပွတ်လောရိုက်ပြီး ပျော်စရာကောင်းတဲ့နေရာလေးလေ။ အားလုံးဒီမှာလာစုတယ်။ ဒါပေမဲ့.. အခုတော့ လွမ်းစရာအငွေ့အသက်လေးတွေပဲကျန်ခဲ့တယ်။ ကွန်နက်ရှင်ကြောင့်လည်းပါမှာပါ။ သိပ်လွမ်းစရာကောင်းပါတယ်။
Yone Yone
Tuesday, 07 July 2009
ဇီးရိုးလေးကိုအမှန်အကန်လွမ်းလို့ကဗျာလေးကိုဖတ်ရင်းမုန့်တောင်ဝယ်ကျွေးခိုင်းချင် လာတယ်။ဟိ:P
ATM.asl
Tuesday, 30 June 2009
နှုတ်ဆက်ခွင့်မရလိုက်တဲ့ ခွဲခွာမှုတွေ ဘယ်လောက်တောင် များခဲ့ပြီလဲ ဆို့ဆို့နင့်နင့် ကြေကွဲမိရဲ့ ငါလေ သိလား ဟင့်
full-moon
Friday, 19 June 2009
လာဖတ်သွားတယ်နော်........ကဗျာလေး.......ထိတယ် သိလား
iceage
Thursday, 04 June 2009
မိုက်တယ် ကွာ တကယ်လွမ်းတယ် နင်တို.ကိုး))
myatsusanthu
Thursday, 21 May 2009
i will also be waiting u at the corner of life
livewithmusic
Wednesday, 20 May 2009
အမလည်း အမရဲ့ အေးအေးချမ်းချမ်း ညနေတွေကို လွမ်းတယ်.....
paneikhin
Thursday, 07 May 2009
ဘဲဥရေ....နင်ရေးသလိုပဲ..ငါလည်းအဲလိုကြီး ခံစားနေရတယ်..ငါ့ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့လေးကိုလည်းသတိရတယ်...ငါ့ အသက်တောင် ဘယ်လောက်မှ မကြီးရသေးဘူး...ငါ့ နားမှာ အမြဲကူညီတဲ့သူတွေ..ငါချစ်တဲ့သူတွေ ငါ့ကိုအကြောင်းပြချက်တွေမပေးပဲ ဝေးနေကြတယ်...ငါလည်းလွမ်းတယ်ဟ..သိလားးးး
ကုမ်မာရီ
Wednesday, 29 April 2009
ဟုတ်ပ.. ကောင်းပ.. ဘဲဥမ..
flconblde
Sunday, 26 April 2009
ထောင်ချိုးဆို သတိထားနော် မျက်နှာချင်းဆိုင်မဆုံပဲ တိုက်မိကုန်မယ် ဟဲဟဲ နောက်တာပါ.... ကဗျာလေးကိုကြိုက်တယ်ဗျ စာသားတွေက တော်တော်မိုက်တယ်
ayetkharkhar
Monday, 20 April 2009
အေးကွာ ပြန်ဆုံနိုင်မယ် ထင်ပါတယ် ကောင်းတယ် ကွာ ကဗျာလေး က ထိတွားတယ်
hninzat
Saturday, 11 April 2009
ကောင်းတယ် ဇီးရိုးလေးရေ..မမ တောင် သူငယ်ချင်းတွေကို လွမ်းလာသလိုပဲနော်....
star.kito
Friday, 10 April 2009
အရမ်းကောင်းတယ် ခုတောင်သူငယ်ချင်းတွေကိုမတွေ့ရတာကြာလို့ အ၇မ်းတွေ့ချင်တာ စုဘူးမှာလူတွေများလာသလိုပဲ အ၇မ်းသတိရတယ် ဇီရိုရေ
ATM.asl
Friday, 10 April 2009
ပြန်ဆုံဖို့ မျှော်လင့်နေတယ် ကွာ
pyae90
Friday, 10 April 2009
ဇီးရိုးလေးရေ ကဗျာလေးကောင်းတယ် :)
lovergirl07
Friday, 10 April 2009
နှုတ်ဆက်ခွင့်မရလိုက်တဲ့ ခွဲခွာမှုတွေ ဘယ်လောက်တောင် များခဲ့ပြီလဲ ဆို့ဆို့နင့်နင့် ကြေကွဲမိရဲ့ ဘာတွေပဲဖြစ်ဖြစ် ထောင့်ချိုးတစ်နေရာရာမှာတော့ မျက်နှာချင်းဆိုင် ငါတို့ ... ပြန်ဆုံကြမယ် ...၀ိုး....နနရဲ့ဂျစ်ညရေးရေ... တော်လိုက်တာ..ကောင်းလိုက်တဲ့စာသားလေးတွေ..ဘာလို့ဒီလောက်တောင်များ တော်နေပါလိမ့်နော်...ညရေးကျောမှပဲညရေးကိုတောင်လွမ်းလာပီ..မတွေ့တာကြာပီနော် သတိရလိုက်တာ....
mokalay
Thursday, 09 April 2009
ဘာတွေပဲဖြစ်ဖြစ် ထောင့်ချိုးတစ်နေရာရာမှာတော့ မျက်နှာချင်းဆိုင် ငါတို့ ... ပြန်ဆုံကြမယ် ..ညီမလေးရေ.....း))
poekaung21
Thursday, 09 April 2009
အရမ်းကောင်းတယ်ဟာ.....နင့်ကဗျာလေးထဲကလိုပဲ.....ငါလည်းထောင့်ချိုးတစ်နေ ရာမှာ သူငယ်ချင်းတွေမျက်နှာချင်းဆိုင်ပြန်ဆုံးမယ့်နေ့ ကိုမျှော်နေတာ...ဟ
hamsterlay
Thursday, 09 April 2009
အေးဟာ..နင် ရေးမှဘဲ သူငယ်ချင်းတွေ သတိရသွားပြီ.. တကယ်တော့ သူငယ်ချင်းတွေနဲ့ နေတာလောက် ပျော်စရာကောင်းတာမရှိဘူး... ကဗျာလေးလည်း ကြိုက်တယ်."ငါ့ရဲ့ ............အေးအေးချမ်းချမ်း ညနေပျိုကို လွမ်း ........ တယ် .......။" အဲ့ဒါလေး အကြိုက်ဆုံးဘဲ..

Would you like to comment?

Sign up for a free account, or Sign in (if you're already a member)
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.