Sign Up
lost your password?
julydream
Poem
'' အိမ်မက်ခေါင်လို့  ပြာကျ နေတဲ့ ည ''
Monday, September 6th, 2010
''  အိမ်မက်ခေါင်လို့  ပြာကျ နေတဲ့ ည  ''
ရင်ကြားစေ့ထားတဲ့ ညဟာ သူ့ ရင်ထဲ က လကို ခဏခဏ ထုတ်ထုတ်ကြည့်တယ်...။ ဒီလို လွမ်းရုံနဲ့  မပြီးသေးကြောင်းကြယ်လေးတွေ က ပြောတော့ ညဟာ ဖျော့တော့လို့ ....
အခု ဘာမှမဟုတ်သလို နဲ့  အခု ညနေဆို ကိုယ့် မျက်ရည် ကိုယ်ပြောပြလို့  မဆုံးနိုင်ဘူး မိမွန်
ငါဟာလေထဲ မှာ ချိတ်ဆွဲ ထားတဲ့ ငါး လား ?
ကြည့် ဖူးတဲ့ ရုပ်ရှင်ကားထဲမှာ တော့ စင်ဒရဲလားမင်းသမီးလေးဟာ ဖိနပ်မကျွတ်ခဲ့ပါဘူး...၊ အနည် မထိုင်တော့တဲ့ ငါ့စိတ်ဆန္ဒ များအတွက် နင်လည်ပြန်ငေးထားတဲ့ မျက်နှာလေး ခဏဖယ်ထားပေးပါ။
မဆိုင်လိုက်တာ မိမွန်ရယ်.... နင်နဲ့  ငါဟာ ပွင့်ဖတ်ခြင်းထိခတ်သွားတဲ့ ဆူညံမှုရယ်ပါ...
ငါတို့  သံယောဇဉ်ဟာ အသက်ကယ်ဆေး ထိုးပေးထားရတဲ့ ဓားသွား ၊ အချစ်နဲ့  စိုနေတဲ့ မျက်လုံး ၊ အလွမ်းနဲ့  အိမ်ဦးကြမ်းပြင် ။
ဘယ်လို လဲ မိမွန် !
ငါ့သက်တန့် တွေ အရောင်ဖျော့နေပြီလား ၊ ဘ၀ဆို တာ သွေးသားဖျော်ဖြေရေးစင်တာ ပေါ့ ၊ ငါမော့ကြည့်တယ် ည (၇) နာရီ အတိမှာ နင် မရှိဘူး ၊
ငှက်တွေ အိပ်တန်း ပြန်သွားပြီလို့ ပြောတော့ ငါ့လက်ထဲက ကဗျာ ဟာ လွတ်ကျ သွားတယ် ။
ငါ က ၀ရန်တာမှာ ချိတ်ဆွဲ မခံရခဲ့တဲ့ လှောင်အိမ်ခွံ ၊ ဒုတိယ လူ ပထမဆု ကို မျှော်လင့်သူ ၊ ဖြစ်ကြောင်း ကုန်စင်က စက္ကန့် တွေ ကိုခိုးသွားတယ် ၊ မေ့မရခြင်းတွေ ဓာတ်ခဲအားကုန်ပြီးကျန်ရစ်...။
မိမွန်တွေ ဘာကြောင့် လမ်းပေါ်မှာ ခြေကျင်းလိမ်နေတာလည်း.... ၊ မိမွန်တစ်ချို့  က မိမွန်တစ်ချို့  ကို ဖုန်းခေါ်နေတယ် ၊ မိမွန်တစ်ချို့  က မိမွန်တစ်ချို့ ရဲ့  ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ် ၊
မိမွန်တစ်ချို့  က မိမွန် တစ်ချို့  ကိုမျှော်နေကြတယ် ၊ မိမွန်တစ်ချို့  က မိမွန် တစ်ချို့  ဟာ..... ၊ မိမွန် ၊ မိမွန် ၊မိမွန်........။
ငါ့ စိတ်ထဲမှာ မီးခိုးငွေ့ တွေ ပဲရောက်ရောက်လာတယ် ...
ဒီလို ပါ မိမွန်  ငါ့ခေါင်းထဲမှာ ရေဒါ မမိတဲ့ ခပ်ညံ့ ညံ့ မြေပုံတွေ ရှိတယ် ၊ အစာမကြေဖြစ်နေတဲ့ သံလိုက်ဓာတ်တွေ ရှိတယ် ၊
ငါအစားမှားပြီး အန်ထုတ်လိုက်မိတဲ့ အရာဟာ အမှန်တရားဟုတ်သွားခဲ့သလား မိမွန် ။
မနက် အိပ်ရာနိုး လို့  နင့် နာမည်ကို မခေါ်မိဖို့  က နေ့ စဉ် သတိ လစ်နေတဲ့ ၀တ္တရား ။
အဲဒီမေ့ လျော့မှု ရဲ့  အပြစ်ဒဏ် ငါဘယ်တော့ ခံရမလည်း ၊ မျက်ရည် နဲ့ ကော်ဖီ ဘယ် သူ အမှန်  ကိုသေချာ အောင်ရွေးချယ်နိုင်ခဲ့သလဲ ၊
အခု ငါ့အနားမှာ  ဗလာစာရွက် တစ်ရွက် ... အဲဒီစာရွက် ထဲ က ရေးလက်စများဟာ ငါ့ လိပ်ပြာ ၊
ညဟာ အသက်ထွက်ဖို့  ခက်နေတဲ့ လူနာ ဆောင် ၊ ပုံပြင်ယောင်ဆောင်ထားတဲ့ နှင်းဆီ ၊
တံခါးတွေ အကုန်ပိတ်ပြီး တိတ်ဆိတ်စွာ ငါတွေးမိတယ် ....။
နင့်အိမ်ခေါင်းရင်း က မျက်နှာလွဲ ခေါင်းရမ်းတို့ နေကောင်းကြရဲ့ လား ၊ မီးခိုးရောင် အကြည့်တွေ ကိုလည်း သတိရတယ်လို့  ပြောပေးပါ ၊
ငါ ကတော့ သစ္စာတရား နဲ့ သံသယတွေ  သင်ကြားနေတုန်းပဲ ၊ ငါပို့ လိုက်တဲ့  မျက်ရည်စို ပြက္ခဒိန်စာရွက်တွေ ရလား ၊
နင်ကနေနိုင်တယ်နော်... ဒဏ်ရာ တွေ တောင် အရင်လို မရက်ရောတော့ဘူး
ရက်စက်ခြင်းတွေရော ကျန်းကျန်းမာမာပဲလား ၊ လမ်းကြုံရင် ငါ့ ဆီ ၀င်ခဲ့ပါဦးလို့ 
ငါ အခု လည်း တစ် လမ်းမောင်းမှာ နေတယ် သိလား  ၊ နွေ ရာသီမို့  ငါ့ ကျောင်းလေး လည်း ပိတ်ထားရတယ် ၊
အခု ဒီစာရေးနေတုန်း ငါ့ဘေး က အရိပ်ဆို တဲ့ ကောင်လေ အိမ်မက်ခေါင်လို့ ဆို ပြီး ကြယ်တွေ ထထ သောက်ပြီး မူးနေလေရဲ့ 
ငါ ကြားမိပါတယ်  ငါ့ကို မေ့လျော့ ခြင်းသေတ္တာထဲ ထည့်ပြီး ရေစုန်မျောလိုက်ပြီ ဆိုတဲ့ သတင်း ငါကြားကြားချင်းနာ ကျင်ခြင်းနံပါတ်တွေ နှိပ်ပြီး နင့်ဆီဖုန်းခေါ်တော့
'' လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်း မှာ တစ်ကမ္ဘာခြားနေ ပါသဖြင့် ခေါ်ဆို မရနိုင်ပါရှင် '' ဆိုတော့
ငါလည်း တစ်ဘ၀လုံး ကို ဖုန်းခ အဖြစ်ပေးလိုက်တယ် ။
ငါလည်းဒီလို နဲ့ ပဲ အချိန်တွေ ကုန်သွားမယ်လို့ ထင်ရတာပဲ....ဒီလို နဲ့ ပဲ....ဒီလို နဲ့ ပဲ......ငှက်ကလေးတို့  အိပ်တန်းမှားကုန်ကြတယ် ။
                                                                                           နင့်ရဲ့  မုန်း လှစွာသော
                                                                                                   ''...................''
Labels:
'' ယုံတမ်း အမှန် စကား ''
Friday, August 27th, 2010
'' ယုံတမ်း အမှန် စကား ''
ပင့်သက်တွေ....
ချိန်ခွင်ပေါ်မှာ ကျပ် မပြည့်တဲ့ ငါဟာ
နည်းနည်း နဲ့  ခပ်ကျဲ ကျဲပဲလင်းတဲ့
လမင်းကို လက်ယှက်ခေါ်မိတယ်...
လမ်းပေါ်မှာ လည်း
လူတွေ..........လူတွေ
အများကြီး
နင် ကလွဲလို့  ဘယ်သူမှ မရှိဘူး
ကြယ်စင်တွေ ကြိုးပျက်တော့
ငါဟာ
ဖျော့တော့လို့ 
ကံကြမ္မာ ကို ပဲ ခံတွင်းချဉ်မိတယ်
'' နှင်းဖြူ ''
'' ကောင်းကင်ကို စိန်ခေါ်ကြည့်မှ ပဲ
ပင်လယ် ဘယ်လောက် နက်တယ်ဆိုတာ
သိ.....ခဲ့...ရ...တယ်  ''
အိမ်မက်ပေါတဲ့ ဆောင်းမှာ လည်း
နင့် အရိပ်ရော ထွက်သက်ပါ
ငါ
မက်မော ရဲ့ .....
သီချင်းအူသံ ၊ ခွေးလေ ခွေးလွှင့် တွေ ရဲ့  စံတော်ချိန်
မောနင်းပတ် မဖြေ ရသေးတဲ့ လခြမ်းကွေးတွေ
ငါ့
တွေ
ပါ
'' နှင်း ဖြူ ''
ယုံ......ချင်....မှ ....ယုံ...ပါ
စောင့်ဆိုင်းခြင်းရာသီမှာ
ဆိတ်ဖလူးတွေ ပွင့်တော့
ငါ
ရူးသွားတယ်
'' နှင်း ဖြူ ''
Labels:
မဇ္ဈိမ
Saturday, July 17th, 2010
Labels:
'' နေကောင်းပါရဲ့  လား မိမွန် ''
Wednesday, July 14th, 2010
'' နေကောင်းပါရဲ့  လား မိမွန် ''
တိမ်တွေ စေးပျစ်နေတယ် ။လေပြေရဲ့  အင်ဂျင် သံ ဟာ ငါ့တံခါး ကို ကျော် ပြီးကျ သွားတယ်။ အလင်းရောင်ဟာ အမှုန်တွေ ထဲမှာ '' လင်းချင်းဝင်းပ '' တမြမြ နဲ့ ပေါ့....။။
လမင်းကို ဖမ်းဆုပ် ပချုပ်ထဲ ထည့်ထား ပါလား  '' မိမွန် ''  ။ နှလုံးသား က နင့် အရိပ်နဲ့ ခုန်နေတယ် ။ စုန်းမလေး '' မိမွန် '' ရေ.... ငါ အခု ရေခန်းနေပြီ ။
အိမ်မက်ထဲမှာ ငါ တစ်ယောက်ထဲ အော်ဟစ်တယ် ..... အဲဒီနောက်  ငါ့ အိပ်ခန်းမှာ နင့် နာ မည်တွေ ပဲ့ တင်ထပ်နေတော့ တာပါပဲ....။။
သိပါရဲ့  လား............. '' မိမွန် ''   ငါ ဟာ အခွံ ဖြစ်တယ် ။ မီးလောင်လွယ်တယ် ။ ကွဲ ရှတတ်တယ် ။ ပုပ်သိုးလွယ်တယ် ။ တစ်ခုပါပဲ....
ငါ က အရေ မလဲတတ် ဘူး ..... '' မိမွန် ''
ရီဝေနေတဲ့  နင့် မျက်ဝန်း က ငါ့ ၀ိညာဉ် ကို ပြာကျ လောက်စေရဲ့  .......
ငါ့ အိမ်လေး ကို သိမ်းပိုက်........ ပြုံးလိုက်..... ပြုံး လိုက် .... '' မိမွန် '' 
“နတ်ဖုရားမ  “မိမွန်“ သင့်ငရဲ့သို့ ငါ့ကိုဆောင်ယူလော့“
ငါသွားပါရစေ “မိမွန်“ ကမ္ဘာဟာ ငါ့ကိုစားဖို့စောင့်နေရောပေါ့။
ငါ သိခဲ့တယ် ။ ငါ သိခဲ့ရတယ် ။ ငါ့မှာ သိခဲ့ရတယ် ။ နင့် ကိုင်းပေါ်မှာ ငါ့တေး ငါသီနေတာ ပါ... တေး က မချိုပဲ ခါးတောက် နေခဲ့ရင်လည်း ထွေးသာထုတ်လိုက်ပါတော့ '' မိမွန် ''
သက်တံပေါ် ကနေ နင်ဆင်းလာတယ် ။ နွေဦးကို ခွေးတစ်ကောင်လို ကြိုးနဲ ချည်ဆွဲ လာလေရဲ့  .... ငါ့မှာ  အသက်ရှုသံ မမှား ဖို့  ကိုယ့်စိတ် ကို ကိုယ် ပြန် ညို့ နေရတယ်။
လေထဲမှာ  သူ မထွက် သက် ကနေ ၀င်စားတဲ့ လိပ်ပြာတွေ ..... အဲဒီတစ်ခဏ ငါ ဟာ သစ်ပင်ပါ ။
ငါ သိပ်ပျော်ပါတယ် '' မိမွန် ''
နင့် အပြုံး ဟာ တစ်ခါတစ်ခါ လော ကကြီး ကို ဖြေဆို နေလေရဲ့ ....
နင့် လက်သည်းခွံ ပေါ်က ငါ့ အိမ်မက်လေး တဲတဲမျှ တင်နေဆဲ.....
စွဲမက်ဖွယ် ကစားပွဲ ပါပဲ   '' မိမွန် '' .....
နင်နဲ့ တွေ့  မှ ပဲ ငါ စာမေးပွဲ ကျတယ် ။ ငါ့ မေးခွန်း ကို ငါ မဖြေနိုင်ပဲ ရှုံးတယ် ။
တကယ်တော့လည်း ငါပျော်ခဲ့ရပါတယ်  '' မိမွန် ''
ပြီးတော့.....
ဂီတ ကို သတ် ပစ်လိုက်တာ လည်း နင့် အပြုံးတွေ ပေါ့ ။
ငါ့ ဒိုင်မေးရှင်း ကို သိတာ လည်း နင်တစ်ယောက်တည်းပါပဲ ....
နင် ပြန်ပါတော့လား   '' မိမွန် ''  ရယ်....... စကားလုံးတွေ က ငါ့ ကို ရှို့  နေတယ် ။
ငါ့ အရေပြားပေါ် နင် က မီး ပွဲတော် ကျင်း ပပေးခဲ့တယ် ....
သော က ဆို တာ ငါ့ ည စာပဲ ......။ မျက်လုံး ကြောင်တောင် ကန်းတွေ ကည ကိုသောက်နေတယ် ။
အခု....
ငါ့ အိပ်ခန်း ထဲမှာ ဗလာစာရွက်တွေ အပြည့် ပဲ '' မိမွန် ''
ည ၊ ည အခါ ၊ လသာသာ ၊ ဆွေးမှာ လား ၊ ဝေးမှာ လား
ငါမှားသွား ပြီ ကြယ်လေးရေ...... နင့် လို ရဲရဲရင့်ရင့် မကြွေ ၀ံ့ခဲ့ ဘူး ။
စိတ်က ရေခဲတုံးထဲ ပိတ်မိနေတယ် .. လေပြေ ဟာ နင့် အယောင်ဆောင် ပြီး ငါ့ ကိုခြွေချနေတယ်
'' မိမွန် ''
နင်ဆွတ် ယူသွားတဲ့ ငါ့ ၀ိညာဉ် မှ အဦးဆုံး ပွင့်မယ့် ပန်းနဲ့  ကျမ်းသစ္စာ ဆို ပါ့မယ်....
ဟော ဟို  ကမ်းပါး သစ်ပင်လေး ကို ငါ လို့  သိပါ .. လေပြေတစ်ခတ်မှာ ငါ့ အသံကို ကြား ပါ
ဒီလိုနဲ့ ....
ကမ္ဘာ ပြု မိုး ရွာ သွန်းတဲ့ အခါ နင် ငါ့ ကို မြင်ရပါလိမ့်မယ်   '' မိမွန် '' ။။
ငါသိရဲ့  ၊  ငါ နင့် ကို အသေအချာ သိပါရဲ့  ....ငါ ဟာ ငါ့ ကိုယ် ငါ ကျ မသိခဲ့ဘူး ။
ငါ့ ကိုယ် ကို ငါ ကျ ငါ လို့  မထင်ခဲ့ဘူး .... ငါ မဟုတ်တဲ့ နင့် ကို ကျ ငါ လို့  ငါ ထင်နေ ခဲ့တယ် ။
ငါဟာ ငါ့ အိမ်မက် ကို မဆယ်ခဲ့ဘူး .....  နင့် ရဲ့  နှုတ်ခမ်း လန်လန်ဖူးဖူးလေး ကို သိတယ် ။
ငါ ဟာ ငါ့ ဖိနပ် ကို မသယ်ခဲ့ဘူး...... နင့်ရဲ့  အ၀ါရောင် မျက်ခွံလေး ကို သိတယ် ။
ဆံပင်ကောက်ကောက်လေးတွေ ကိုသိတယ် ... မေးစေ့ နား က မှဲ့ လေး ကို သိတယ် ။
ငါ့ မျက်လုံးတွေ ဟာ ကမ္ဘာ ရဲ့  ကျန်သော အစိတ်အပိုင်းမှာ အရောင် ကန်းနေ ပြီ '' မိမွန် '' .....။။
 လေတိုက် ရာ အရပ်ဆီ နှင်းဆီပွင့်တွေ ပြေးလိုက်သွားကြသည် .... ငါ့မြေမှာ ဘာသာ မဲ့နေ တယ်.။။
ဝရုန်းသုန်းကားကောင်တွေ ရဲ့  အရိပ်တွေ က လည်း လမ်းမတစ်လျှောက်မှာ တံလျှပ်ထ နေ တယ်....
ငါနေသာ ပါရဲ့ ....... '' မိမွန် ''
လောက နွေ ဆင်ခြေဖုံး ထဲမှာ နင် အခု ဘာ ပန်းပန် ထားပါလိမ့်.....
နေ ကောင်း ပါ ရဲ့  လား  '' မိမွန် ''
Labels:
'' အလင်းတစ်ဝက် / အိမ်မက်တစ်ခြမ်း ''
Wednesday, July 14th, 2010
'' အလင်းတစ်ဝက် / အိမ်မက်တစ်ခြမ်း ''
ဟိုမှာကြည့်စမ်း.....
         နူး
   ညံ့ 
              ဆုံး
ပြို
        ကျ
                         နေ
တာ......
အနမ်းရဲ့  အတွင်းဘက်မှာ
တစ်နွေ ဦးလုံး မီးခိုးတွေ အူလို့  ......။။
သူ့ သီချင်းတွေ မှာ  ပွင့်ဖတ် မရှိဘူး / ရနံ့  မပါဘူး ...
ခိုးခိုးကြည့်တော့  လူမိ
ငါ အမြဲ ဆို နေကျ  က (သစ္စာ)
နင်မရှိတဲ့  လမ်းမှာ ဆို
ငါ့ မျက်လုံးတွေ က ကန်းတယ်.....
အနမ်းရယ်.......... နှုတ်ခမ်းရယ်
မျက်ကန်းဆို တစ္ဆေ မကြောက်
အဲဒီ.........နွေ ရောက်မှာ ပဲ
ငါ
လောင်တယ်
နှင်းရယ်....
တစ်နေ့ နေ့  တော့ တွေ ကို စိုက်ပျိုးခဲ့တာ
ငါပေါ့
ကောင်းကင် ကို မော့ မော့ ကြည့်တာ ကလည်း
ပန်းတွေ ပွင့် မလားလို့ လေ .......။။
ည က......
သူ .......
ကြယ်တွေ ကြွေ သွား ပြီ လို့ ပြောတော့
ကျွန်တော်....
အိမ်မက်ထဲ က ပြုတ်ကျတယ်
မေမေ........။။။။
Labels:
ယုံလား / ရုံလား
Wednesday, July 14th, 2010
အတ္တခါးတွေ အတွက်
ဘ၀ ကို သံပတ်ပေးထား
ယုံလား......
ပွင့်ပုံဆန်း ရုံနဲ့ 
ပန်းထက်အမည်မပို
ယုံလား.....
ဒီယုန်မြင်လို့ 
ဒီခြုံထွင်တယ်ဆို
ယုံလား....
ချစ်တယ်ဆိုတာ
နှုတ်ခမ်းချင်းတေ့ထား
ယုံလား......
ကဗျာ ကို
လမင်းလို့ ခေါ်ဆို
ယုံလား....
တိမ်ပုံတွေပန်းချီဆွဲ
အရိပ်ထဲမှာ လွမ်း
ယုံလား.....
ဒီကဗျာ ကို
ခင်ဗျား ဖတ်ပြီးပြီ ဆို
         ယုံလား....... ။ ။
Labels:
'' ရေးလက်စ အေးစက် ''
Thursday, June 24th, 2010
 '' ရေးလက်စ အေးစက် ''
၁။
ကျွန်တော်ထံ သို့ ....ထို သို့ သောနေ့ တွင်......
အပြာရောင် ငှက်တစ်ကောင်ကိုက်ချီလာသော ပန်းနုရောင် အိမ်မက်ကို အဖြူရောင်တံခါး တွင်တွေ့ ရှိရသည်....။။
 ကမ္ဘာ မြေတစ်ခုလုံး ပန်းဝတ်မှုန်များ ဖုံးအုပ်သွား၏... ကျွန်တော့အတ္တ တစ်ချို့ လည်း ကျ ရှုံးသွားသည်....။။
အပြာရောင်ငှက်သည် သူမဖြစ်၍ ပန်းနုရောင် အိမ်မက်သည် မျှော်လင့်ချက်ဖြစ်ကာ အဖြူရောင်တံခါးသည် ကျွန်တော့်
နှလုံးသားဖြစ်သည်...။။
                                                                                   B .
ပိတောက် ရွက်တွေကြာက သူ့ ပါးပြင်ပေါ် ကျလာသော အလင်းစက်တွေ ထဲ မှာ ၀တ်မှုန်များ အမဲလိုက်နေသည်...။။နံနက်ခင်းရဲ့  အသံကြားတိုင်း အေးချမ်းပါစေ " မနှင်းဖြူ"   ။ နက်ရှိုင်းသလောက် နူးညံ့ တဲ့အရာ  ၊ နူးညံ့ သလောက် နာကျင်စေတဲ့ အရာ ၊ နာကျင်သလောက် နစ်မွှန်းစေတဲ့အရာ ၊ နစ် မွှန်းသလောက် နှောင်တွယ်စေတဲ့အရာ ၊ ............ အရာ ............... အချစ် အချစ် ...။။
၃။
" စကားဝါ "
" စကားဝါ "   က " စကားဝါ "ကို ဟန်မဆောင်ပါနဲ့ ......။ " စကားဝါ " က " စကားဝါ "  ကို အသိပေးပါ......။ " စကားဝါ " က " စကားဝါ "ကို တင်းမာ မထားပါနဲ့ .....။
" စကားဝါ " က " စကားဝါ "ကို ဖြေလျော့ပါ........။ " စကားဝါ " နဲ့  " စကားဝါ " ၊ " စကားဝါ "ဆီ ပြန်ရောက်လာပါ လိမ့်မယ်.......  " စကားဝါ " ။
၎။
ဖြစ်နိုင်မယ်ဆိုရင် ဆည်းဆာကိုပဲ ပန်ခွင့်ပေးပါ..... အသက်ရှင် ချစ်ခွင့်များ..... ဒီချစ်ခြင်းတွေ မဆုံးပါဘူး........ဒီချစ်ခြင်းတွေ မဆုံးပါဘူး.......။
တဖြုတ်ဖြုတ်ကြွေသွားသောကြယ်များအကြောင်း သူမသိနိုင်.....အသဲကွဲသံစဉ် နဲ့ .........
ဒို..........
ရေ............
မီ........
ဖာ.......
ဆို.......
လာ........
တီ.........
ဒို........................
နှလုံးခုန်သံက အက်သံပါနေသည်.............။။
ဒဏ်ရာတို့ အနားမှာ.........
ဝေးသွားခဲ့ပြီ........
      ဝေးခဲ့ကြပြီ...
                         ဝေးသွားခဲ့ကြပြီ........။။
င ။
မနက်လင်း ပြီ ။ နေရောင်အောက်တွင် ....။ ကော်ဖီတစ်ခွက်လောက်တိုက်ပါ ။ သူ မျက်နှာမသစ်ရသေးပေ ။ သူဆိုသည်မှာ ကျွန်ုပ်ဖြစ်၏ ။ ကျွန်ုပ်ဆိုသည်မှာ ကျွန်တော် ဖြစ် သည် ။ ကျွန်တော် ဆိုသည်မှာ သူဖြစ်နေ၏ ။
နေ၀င်သွားပြီ ။ ငှက်ကလေးတွေ အိပ်တန်းတက်ကုန်ပြီ ။ မြောက်ပြန်လေတိုက်နေပြီ ။ နေ အိပ်တန်းတက်ကုန်ပြီ ။ မြောက်ပြန်လေ၀င်သွားပြီ ။ ငှက်ကလေးတွေ တိုက်နေပြီ ။ နေတိုက်နေပြီ ။ ငှက်ကလေးတွေဝင်သွားပြီ ။
မြောက်ပြန်လေ အိပ်တန်းတက်ကုန်ပြီ ။
6 .
ကောင်လေးရေ.... ကျိန်စာတွေ နဲ့ သာ အိပ်စက်ပါတော့ ။ အနက်ရောင်ငှက်များ ရုတ်တရက်ပြန်သွားကြသည် ။တမင်သက်သက်ခေါက်သိမ်းထားသော အလွမ်းသည် ပြက္ခဒိန်ဖြစ်သည် ။
မျှော်လင့်ခြင်းဆိုတာ ရူးသွပ်သူများ၏ ဘာသာဗေဒဖြစ်သည်။ ဆံနွယ်လေးတစ်မျှင်စာသံပတ်တင်းပြီးဖွင့်လိုက်ပါရဲ့ ။ ပြတင်းပေါက်မဲ့ ညများ နဲ့  အိပ်စက် ။ သူမ ။ တစ် ည သာခံတဲ့ စိတ်ကူးနဲ့  ဘ၀ တစ်ခုလုံးကို
လဘ်ထိုးပြီး အိမ်မက်တွေ အားလုံးကို အတုဖြစ်စေခဲ့သည် ။ အမြဲရှုံးစစ်ပွဲတွေ မှာ ရန်သူကို ပြုံးပြရတာ အခက်ဆုံးဖြစ်သည် ။
၇ ။
တမ်းတခြင်း မြစ်ထဲမှာ ပန်းပွင့်လှေ တစ်စင်းနစ်သွားသည်...။အလွမ်းတွေ ခရမ်းရောင်စေးပျစ်သွားကြ၏.....။
ဆောင်းရာသီမှာ ကြေကွဲစွာအော်ကျစ်တတ်သော ပုစဉ်းရင်ကွဲများလွမ်းသည်....။
ချော့ကလက်ရောင်ထနေသော အတိတ်ကိုလွမ်းသည်.....။
ချစ်သူ၏ လက်ပေါ်မှ မွှေးညှင်းနုနုလေးများကို လွမ်းသည်....။
ညှင်သာဖွဖွ ပွတ်တိုက် သွားသည့် အနမ်းထွက်သက်နွေးနွေးကိုလွမ်းသည်...။
ပွင့်ချက်ဝါ၀ါလေးများကိုလည်းလွမ်းသည်.....။
လွမ်းဖြစ်စရာတွေ ကို ယွန်းသေတ္တာ မှာထည့် သိမ်းထားပါသည်...။။
တစ်နာရီလား.........တစ်နှစ်လား.........ဆယ်နှစ်လား......။။
နောက်ထပ်ဘယ်လောက်များများလွမ်းနေရဦးမှာ လဲ......။
Dota တစ်ပွဲခုပ်စာ ဖြစ်နိုင်သည်......။ ကွန်နက်ရှင်ကောင်းသော 40MB စာ Download ဆွဲချိန်လည်းဖြစ်နိုင်သည်...။
အချိန်ဆိုသည်မှာ ဘာကိုခေါ်သလဲ........(နာရီပေါ်မှ လက်တံများ၏ရွေ့ လျားနိုင်ဟုယေဘုယျ ပြောနိုင်မည်ထင်သည်..)။
ဇ ။
အိုကေ.....စမယ်.....။ ငြိမ် ။
 Camera ready , Lighting ready , Ready !
Cut 5 ,4,3,2,1
Action 
ထိုနှစ်ယောက် သည် အာဒမ် နှင့် ဧ၀ ၏ စဦးရင်ခုန်သံကို နားစွင့်နေကြသူများဖြစ်၏ ။
ကောင်းကင်မှ တိမ်တို့ သည် မည်သူမှ ခုတ်လှဲ မထားပဲ ရှင်းသန့်  နေ ၏ ။ 
သူတို့  ချစ်ခြင်းသည် ကောင်းကင်တစ်ခုနှင့်တူ၏ ။
ရပ်ဝေးမှ အသံတစ်ခုကြောင့် သံယောဇဉ်တို့  ပျိုးမိ၏ ။
မြင်ကွင်းတွင် သူ့ ပုံ ရိပ် များ ကို ပုံဖော်ဆဲ ဖြစ် ၏ ။
9.
ဒီည မှာ လည်း ယောင်ယမ်းပြီး ဖုန်းဆက်မိပြန်တယ်... နင် ကလည်းယောင်ယမ်းပြီး ဖုန်းလေးတောင် မကိုင်ခဲ့ဘူးနော်.... ( နင်... သိပ် ရက်စက်တာပဲဟာ)
ဝဲတက်လာတဲ့ မျက်ရည်တွေ အတွက် ခံနိုင်ရည် မရှိခဲ့ဘူး..... ဒါဟာ အသိဥာဏ် နဲ့  ဆင်ခြင်တုံတရားကို သစ္စာဖောက်ရာရောက်တယ်ဆိုတာ ငါသိတယ်...
အရင်ကဆို ဒီအဖြစ်မျိုးကို ငါ သိပ်ရှက်မိမှာ သေချာတယ်...... ဒါပေမဲ့  အခု ငါက  နင့် အတွက် နဲ့  အရှက်သိက္ခာမဲ့တယ်....
ငါတောင်းပန်ပါရဲ့ 
ငါတောင်းပန်ပါရဲ့ 
ငါတောင်းပန်ပါရဲ့ 
ငါတောင်းပန်ပါရဲ့ 
ကျွန်တော်ရေးခဲ့အက်ဆေးများကို collage ပုံစံ စီရီထားခြင်းဖြစ်ပါသည် ။။
Labels:
'' ကြေကွဲနေသော ၀ါကျများသည် အချစ်သီချင်းကို သီဆို ၏ ''
Tuesday, June 22nd, 2010
တိမ်တိုက်အမှောင် များ သည် ဆည်းဆာ ကိုဝါးမြို လိုက်သည် ။
 ဒိုင်ယာရီဟောင်းထဲ မှ နေ့ ရက် များ ကို တသနေခြင်း သည် အစွဲ အလန်း ဥပါဒန် တစ်ခုဖြစ်သဖြင့် 
ကျွန်တော်သည်  '' စကားဝါ '' အပါအ၀င် ဘာတစ်ခု ကို မျှ အောက်မေ့တသနေခြင်းမရှိခဲ့တော့.....။။
နောက်တစ်နေ့  တွင် ကျွန်တော် စတိုးဆိုင် သို့ သွားကာ '' စကားဝါ '' ပန်းသွားဝယ်သည် ။
 ကျွန်တော် ပန်းစည်း ယူလိုက်ချိန်တွင် ကောင်မလေးတစ်ယောက် လည်းထို ပန်းစည်းကို လှမ်းယူလိုက်ချိန် နှင့် တိုက်ဆိုင်သွားသည် ။
တစ်ယောက်လက် ကို တစ်ယောက်ကိုင်မိကြသည် ။ ထို ကောင်မလေးသည် '' စကားဝါ '' မဟုတ် ။
မဟုတ်ဟုသေချာသည် ။ သေချာသည် ဟု ထင်တာ သည် မဟုတ် ။
ကျွန်တော် စိတ်ရှုပ်လာသဖြင့် ဆေးပေါ့ လိပ်ထုတ်ကာသောက် သည် ။
ပုံပြင်တွေ ဘယ်သွားထားရမလည်း ကျွန်တော် မသိ ။ ကြယ်တွေ ဘယ်သွားထားရမလည်း ကျွန်တော် မသိ ။
 သူ့ အနမ်းတွေ ဘယ်မှာထားရမည်ဆို တာ ကို ကျွန်တော် သိသည် ။
ယုံကြည်မိသည့် အချို့  သည် ပြာမှုန်များ ဖြစ်ကြသည် ။
အတိတ်တစ်ချို့  သည် ပန်းရိပ်စက်ပြောက် ဖြစ်သည် ။
အလွမ်းတွေ မပြိုအက်ခင်ကတည်းက စိုလက်သော အကြည့် နှင့် သေးခဲ့သည်မှာ ကြာပြီ ။
ထို ပန်းတစ်ပွင့် ကို မမေ့နိုင် သေးဘု ကျွန် တော် ပြောလျှင် သင်တို့  ယုံကြည် ကြမည် မထင်ပါ ။
ရီဝေညှို့  မှိုင်းသော ညနေခင်း များတွင် ရင်ခုန်သံတို့  ထားရစ်ခဲ့ရသည် ။
နှောင်တွယ်စရာ သမုဒယ အချို့  နှင့် အတူ သွေး စို့ နေ သော နှလုံးသားသည် သမ္မာကျမ်းစာ ထဲမှ
ပန်သီးပုပ် တစ်လုံး ထဲတွင် ရှိသည် ။
'' အဲဒီ စိတ် ကူးယဉ် မှုတွေ ကို
ငုံ ထားတဲ့ ပါးစပ် ဟာ
အရာရာ ကို  ငတ်နေခဲ့တာ ပဲ  ''
                             ( မင်းခိုက်စိုးစန်)
သက်တန့်  ရဲ့ နှုတ်ခမ်းပေါ်မှာ လမ်းလျှောက် ထွက် ကြ စို့  လား ......  ''............... ''
(ထို ပန်းကလေး ၏ အမည် ကို သင် တို့  သိ လိမ့် မည် ဟု ကျွန်တော် ထင်ပါသည် )
လာ..............သွား စို့ 
ကျေးဇူး ပြုပြီး  ကျွန်တော့် ကို နား လည် မပေးကြပါ နှင့် ။
မိုက် မဲ့ မိုက်တော့ လည်း ရာစု နှစ် တစ်ခု လုံးစာ ခေတ်နောက် ပြန် ဆွဲ ပြီးမိုက် ကြည့် ချင်လို့ ပါ ။
အနာ ဂတ် က ကျွန်တော့် ကို သိသော် လည်း ကျွန်တော် က အနာ ဂတ် ကို မသိသေး ။
လရောင်သည် ကျွန်တော် နှင့် ဝေးရာ သို့  ပြန် သန်းသွားသည် ။
ပြုစားတတ်သော အတတ် ၊ မူးယစ်ဆေးဝါး ၊ အချစ် ၊ အဆိပ် ၊ လိပ်ပြာ ၊
ထို အရာများ အားလုံး သည် သူမ ဖြစ် သည် ။
ဆို ရာတွင်............
သူမသည် ပန်းကလေးတစ်ပွင့် ဖြစ် သည် ။
ရိုမီယို ၏ ချစ်သူမှာ  ဂျူးလီယက် ဖြစ် ပြီး ကျွန်တော့်  ၏ ချစ် သူမှာ ပန်းတစ်ပွင့် ဖြစ် သည် ။
ဆောင်း ဥတု မှာ ပင် သူမ တွင် မိုးများရွာ သွန်းနေ ခဲ့ပါသည် ။
ကျွန်တော် ၏ဆောင်းရာ သီမှာ လည်းပက် ကြားအက်များ ဖြင့် ပြည့် နှက် နေ ပါတော့သည် ။
ထို အခါတွင် ဒီ စာစု  ပြီးဆုံး သွား ပြီ ဟု သင် သိလိုက် ရပေလိမ့်မည်..........။။။
Labels:
'' အနီ........စာ ''
Monday, June 7th, 2010
'' အနီ........စာ ''
နင့် စီ ကိုပဲ လိမ့်မူ လိုက်ပါရဲ့ 
'' မိ စကားဝါ ''
ဟို အရင် အတိတ်က
အနာဂတ် / မနက်ဖြန်
(အတွက်)
ဖိနပ်တစ်ရံ
ဆက်ရန်...........ဆက်ရန်
ခု     /     အခု
နင် ဖတ်ဖို့ 
ငါ့
အနာတွေ
စီထားတဲ့
      စာ........... ။။
Labels:
'' လက်စွဲ ကျမ်းစာ ''
Monday, June 7th, 2010
''  လက်စွဲ ကျမ်းစာ ''
၁။
ကျွန်တော်နေမကောင်းပါ ။ သင်အအေးမိလိမ့်မည် ။ ကျွန်တော် တို့  လမ်းလျှောက်နေကြသည် ။ ကားများ ရပ်တန့် သွားကြ ၏ ။
နေမင်းသာဆဲ ။      ညတာကုန်လုပြီ ။     သံယောဇဉ်ဖြတ် ။   ခင်ဗျား ထပ်သောက်ဦးမှာ လား  ။  ကျွန်တော် သူမ ၏ လက်ကို နမ်းလိုက်စဉ် ။
သူ မ မျက်ရည်တွေ ကို သုတ်ပစ်လိုက်ကာ ။ ပြုံး လိုက် ။  ဘယ်အချိန်ရှိ ပြီလဲ ။
၂။
ရင်အုံမှာ စိုက်ဝင်နေသော မြှားတစ်ချောင်း ကို ငုံကြည့် မိသောအခါ သူ မ နာမည် ကိုတွေ့ ရသည် ။ အိုင်းဇက် နယူတန်သည် ကြွေကျလာသော ကမ္ဘာ့  ဆွဲငင်အားကို ကောက်ယူစားသုံးနေသည် ။
ဖြစ်နိုင်လျှင် '' ဘာသာမဲ့စကားနားလည်မှုအတက်ပညာ '' သင်ကြားချင်သည် ။ အိုဘားမားသည် လူဖြူဖြစ်ရန် မျက်နှာပြင်ခွဲစိတ်ပြုပြင် မည်ဟုသိရသည်...။ သဘာဝတရား နှင့် လိုက်လျော ညီထွေ မဖြစ်သော
သက်ရှိသက်မဲ့ တိုင်းအား သဘာဝတရားက ပင်ချေဖျက် ပျောက်ဆုံးစေခဲ့သည်...။။ (ဥပမာ... ဒိုင်နိုဆော သတ္တ၀ါများ)
၃။
အနုပညာသည် ပန်းတစ်ပွင့် ၏ ဗီသိုဘင် ဖြစ်နိုင်သည် ။ ကဗျာ ဆရာတစ်ယောက်၏မောနင်းပက် ဖြစ်နိုင်သည် ။ ဦးခေါင်းတစ်လုံး၏ ပန်းချီးပြခန်းဖြစ်နိုင်သည် ။ အနုပညာသည် မူးယစ်ဆေးဝါးမဟုတ် ။
အနုပညာ သည်ကျွဲပါးစောင်းတီး မဟုတ် ။ အနုပညာသည် အဏုမြူစွမ်းအင်မဟုတ် ။ တစ်ခါတစ်ရံ တွင် ထိုအရာများပင် ဖြစ်နေတတ်ပြန်သည် ။
၎။ 
မျက်နှာခြင်းဆိုင်မှ လူကို ပြုံးပြလျှက် နောက်ပြန်လမ်းလျှောက်ဖူးပါသလား ။ ၄၅  ဘတ်စ်ကားရောက်လာပြီ ။ မြက်ရိုင်းပင်တွေ က ကိုယ်ကို ကိုင်းညွတ်ပြီး စိုစွတ်နေသော ကိုယ်များဖြင့် ဆောင်းကို ကြိုဆိုနေကြသည် ။
မြောက်ပြန်လေတွင် သဇင်ပန်းရနံ့ များမွှေးပြန့်  နေ၏ ။ ဆောင်းဥတုတွင် နောက်ပြန်လှည့်လာသော ၄၅ ဘတ်စ်ကားပေါ်တွင် သဇင်ပန်းများက ကြိုဆိုနေကြသည် ။
ထိုဟေမာန်ထဲမှာ နှင်းဖြူများ၏ ရောင်စုံ အိမ်မက်ပါသည် ။ အနွေးထည်ထူထူ များပါ သည် ။ ပွင့်ဖတ်မစုံသော ပန်းတစ်ချို့  ပါသည် ။ သည်းကြိုးပျက် နေသော ဖိနပ်တစ်ရံပါသည် ။ အပ်ချည် ကြိုးတစ်ချောင်း၏ သံမဏိ စိတ်ဓာတ်ပါသည်။
ဧဒင်ဥယျာဉ် ၏ ခြံစည်းရိုး ပါသည် ။ ပါပါရာဇီတစ်ချို့ ပါသည် ။ ပါသည်ဟုပြောထားသည်များ အားလုံးပါသည် ။
၅။
မနက်လင်း ပြီ ။ နေရောင်အောက်တွင် ....။ ကော်ဖီတစ်ခွက်လောက်တိုက်ပါ ။ သူ မျက်နှာမသစ်ရသေးပေ ။ သူဆိုသည်မှာ ကျွန်ုပ်ဖြစ်၏ ။ ကျွန်ုပ်ဆိုသည်မှာ ကျွန်တော် ဖြစ် သည် ။ ကျွန်တော် ဆိုသည်မှာ သူဖြစ်နေ၏ ။
နေ၀င်သွားပြီ ။ ငှက်ကလေးတွေ အိပ်တန်းတက်ကုန်ပြီ ။ မြောက်ပြန်လေတိုက်နေပြီ ။ နေ အိပ်တန်းတက်ကုန်ပြီ ။ မြောက်ပြန်လေ၀င်သွားပြီ ။ ငှက်ကလေးတွေ တိုက်နေပြီ ။ နေတိုက်နေပြီ ။ ငှက်ကလေးတွေဝင်သွားပြီ ။
မြောက်ပြန်လေ အိပ်တန်းတက်ကုန်ပြီ ။
၆။
လောက သည် ကျွန်တော်တို့  အားမကြည့်ဘဲ ကျောပေးထားခြင်းကြောင့် သူ့  ကို အပြစ်တင်မစောစေချင်ပါ ။
'' သံစုံတီးဝိုင်းတစ်ခုကို ခေါင်းဆောင် လိုသောသူသည် ပရိတ်သတ် ကိုကျောပေးထားရမည် ''
မြောက်ပြန်လေသည် သဇင်ပန်းရနံ့ များကို  ပခုံးပေါ်ထမ်းပြီး ကျွန်တော့်ဆီကို လာနေသည် ။ ဆောင်းညချမ်းတွင် ညတာ ရှည်သဖြင့် အိမ်မက်ရှည်သည် ။
နှင်းဆီတစ်ပွင့် ဘယ်လောက်လည်းဟု သူ မ မေးသောအခါ ကျွန်တော် ပျော်ရွှင်စွာ အိပ်ရာနိုးခဲ့သည် ။
၇။
ကြိုးစားလျှင် ဘာမဆိုဖြစ်နိုင်သည် ဟုသောတက်ကျမ်း ကိုမီးရှို့ ပစ်လိုက်ပါ ။ ဘ ၀တွင် မည်မျှပင်ကြိုးစားစေကာမူ ဘယ်တော့မှ မဖြစ်နိုင်သော အရာများစွားရှိ၏ ။
၎င်းတို့ မှာ အောက်ပါအတိုင်းဖြစ်ကြသည် ။
၁။ တံတွေးမြိုချရင်း အသက်ရူကြည့်ပါ ။
၂။ ကိုယ့်တံတောင်ဆစ် ကို ကိုယ်လျှာဖြင့် လျှက်ကြည့်ပါ ။
၃။ မျက်လုံးဖွင့် လျှက် နှာချေကြည့် ပါ ။
၎။ ကိုယ့် နားရွက် ကို ကိုယ် ပြန့် ကြည့် ကြည့်ပါ ။
ထို အရာများ ကို သဘာဝ အတိုင်း လုပ်နိုင်သည်ဆိုပါ က သင့် အား နိုဘယ်ဆု ပေးရန် အိုဘားမားမှ ထောက် ခံပေးပါ လိမ့်မည် ။
ကျွန်တော့် ထံတွင်  ဆန္ဒတစ်ချို့  ရှိသည် ။ သစ္စာနီ ၏ မော်ဒန်ဝတ္ထုတိုများ ကို ဖတ်ချင် သည် ။ ပီကာဆို ၏  '' အော်သံ '' ပန်းချီကား ကို မြင်ဖူးချင် သည် ။
ဘ၀ဆို သည်မှာ တိုက်ပွဲလား ။ခယောင်းလမ်းလား ။ ဆူးခင်းလမ်းလား ။ ပန်းခင်းလမ်းလား ။ နိုင်လွန် ကတ္တရာလမ်းလား ။
ဒါမှ မဟုတ်  သံယောဇဉ် လွန်းတင် သည့် ကြိုးလား ။ သောကဘုံလား ။ အလွမ်းသီချင်းခွေလား ။
ဒါမှ မဟုတ် ထိုအရာတွေအားလုံးလား ။ ဒါမှမဟုတ် ထို အရာတွေ တစ်ခုမှ မဟုတ်ဘူးလား ။ဒါမှမဟုတ် ထို အရာတွေ ထဲ က တစ်ချို့  ဟုတ် ပြီး ။
တစ်ချို့  မဟုတ်ဘူးလား ။
ဒီဝတ္ထု ၏ အနက်  ကို သင့် စိတ်ကြိုက် ဖွင့်ဆို နိုင်ပါ သည် ။
......................................................။။။.......................................................
Labels:
'' တယ်လီဖုန်း ''
Monday, May 10th, 2010
'' တယ်လီဖုန်း ''
သတိရလို့ 
ဆက်လိုက်တာလို့ 
ပြောပေးပါ....
ထို အခါ.....
ကလင်...... ကလင်
မြည်နေတဲ့
ငါ့
နှလုံးခုန်သံကို
သူမ
ကြားပါလိမ့်မယ်......။။။
Labels:
'' ခလုပ် "
Sunday, May 2nd, 2010
'' ခလုပ် "
(ချောက်)
လမင်းက သူ့ ရင်ခွင်ထဲက
သီချင်းသံကို ပိတ်မသွားခဲ့ဘူး
ဘာမှ မရှိတော့ တဲ့ ညနေကိုပဲ
ဖုန်သုတ်ပေးနေရတယ်...... ။ ။
မျက်ကွင်းညိုနေတဲ့ ကောင်မလေးတစ်ယောက်
ကြယ်တွေ ကို ပဲ လက်ညိုး ထိုးပြီး
အပြာရောင်မီးခိုးတွေ ကို
ရူ....ရှိုက်...နေ....ရ.....တယ် ။ ။
(ချက်)
Labels:
'' ခြေတစ်စုံရဲ့  လှမ်းသံလွတ်နေတဲ့လမ်း "
Friday, February 19th, 2010
 '' ခြေတစ်စုံရဲ့  လှမ်းသံလွတ်နေတဲ့လမ်း "
မင်းအရိပ်ရဲ့ 
ဘယ်နေရာ ၊ ဘယ်ဒေသ
ဆက်သွယ်မှု ဧရိယာ ပြင်ပ..... ။ ။
 ဂီတာ တစ်လက် အတွက် 
ကိုယ့် သီချင်းတွေ က 
အသံ မရှိ ပြန် ဘုး.....။ ။
 ဟို........
ဟိုင်းဝေးလမ်းမထက်မှာ
မျှော်လင့်ခြင်းတို့ 
အတောင်ပံ ခတ်နေကြ ပုံ များ
 တိတ်....................ဆိတ် ။ ။
Labels:
'' ဟက်ဖ်ပွိုင့်ကဗျာ ၂ ''
Saturday, December 5th, 2009
'' ဟက်ဖ်ပွိုင့်ကဗျာ ၂ ''
စာလှသည်လား မသိ
ကဗျာရပြီ
ရော့.....
ခင်ဗျား စားတော့    ။ ။
Labels:
'' နှစ်ကိုယ်ခွဲ အရွေ့  ''
Tuesday, December 1st, 2009
'' နှစ်ကိုယ်ခွဲ အရွေ့  ''
သူ့ လှိုင်းနဲ့  သူ
သေချာတယ်
ကျွန်မ  ရှင့်  ကို
''  .....................  ''
ဘ၀ဆိုတာ ရှင် မရှိတော့ရင်
ဘူ ဖဲ ပဲ  ။ ။
ပြောကြသေလား
၇  ရက်ပဲ
အို..............
မနက်လင်းရင်
သူတို့ ..............
မှန်ကြည့်လို့ လား ။ ။
ဒါဟာ........
ကျွန်မ မုန်းတဲ့
ရုပ်ရှင်ကား
သူ သေပြီ
                ရှင် မလာနဲ့ တော့ ....။ ။ ။
ဗလာ နှင့် ရုပ်သေး တို့  ၏ ကဗျာ နှစ်ပုဒ်ကို ပြန်လည်ခံစားထားခြင်းဖြစ်ပါသည်။ ။
Labels:
ဟက်ဖ်ပွိုင့်ကဗျာ
Sunday, November 29th, 2009
'' ဟက်ဖ်ပွိုင့်ကဗျာ ''
ကျွန်တော်ကဗျာ .........ချက်တယ်
အစိမ်းချုပ်ပဲ
အနာတော့ကျက်မှာပေါ့
ကဗျာမကျက်သေးဘူး
ခင်ဗျား...........
ဆာလှပြီလား ။ ။
အဝေးမှ စာလာတယ်
မကျက်တကျက်တွေ မစားနှင့်
ရောဂါရလိမ့်မယ်.....
ကျွန်တော့် ကဗျာ မကျက်သေးဘူး
ခင်ဗျား.........
ဆာလှပြီလား  ။ ။
....................................................
Labels:
'' လွန်လေပြီးသော အနာဂတ် မနက်ခင်း ''
Tuesday, November 17th, 2009
'' လွန်လေပြီးသော အနာဂတ် မနက်ခင်း ''
ဒါပဲ ။ ဒါကို ၀တ္ထုတို ဟုခေါ်သည် ။ မျက်ရည်ဝဲတာတွေ ၊ ဥသြတွန်တာတွေ ၊ ကံ့ကော်ဝတ်မှုန်ရနံ့ တွေ ၊ ဥစ္စာရူးနဲ့  သူဆင်းရဲ အခင်းအကျင်းတွေ ၊
နှုတ်ခမ်းပါးပါး ကလေး တဆတ်ဆတ်တုန်ရီပြီးစကားပြောမထွက်တာတွေ ၊ အဲဒါတွေ ပါမှ ဖတ်ကောင်းမှာလား.....။
ကောင်းရင်းလည်းကောင်း လိမ့်မည်......
                          မကောင်းရင်လည်း မကောင်းနိုင်ဘူး...... (ရှင်းပါတယ်နော်)
ပြီးတော့...... ကျွန်တော်တစ်ယောက်ထဲ ဖျားနေခဲ့သည် ။ ဆောင်းညများတွင်နှင်းများတအိအိကျဆင်းလာသည် ။ သဇင်ပန်းများ မီးသီးမှိန်မှိန်များဖြစ်သွားသည် ။
ထင်နေတာ မဟုတ်လား ။တစ်ချိန်က ပွင့်ခဲ့ဖူးသော ပန်းကလေးတစ်ပွင့် တစ်ကြိမ်ထပ်ပြီးပွင့်လာသည်။ သွားစမ်းပါ ။ ထင်နေတာမဟုတ်လား ။ တနင်္ဂနွေနေ့  ညနေ ပိုင်းတွင် မိုးရွာခဲ့သည်။
ထို အခါသူတို့ သည် အတု များဖြစ်သွားကြသည် ။ မိုးမလင်းသေးဘူးလား ။
မိုက်မလင်းနိုင်ဘူး ၊ မြိုက်ခင်းညာဆီမှာ ၊ ခါတော်မီသီမဝေ့နိုင်ဘု ၊ သည်ကွေ့ တွင်နေကုန်အောင်မျောရှာကြ ၊အတောကမသတ်နိုင်တဲ့ ရဟတ်ဗွေ ။
ဒီလေးချိုးကို ဘယ်သူရေးသလဲ....။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးလား ၊ ဦးပုညလား ၊ မသိ.......... မသိ.......... မသိ ။
မနှင်းဖြူ ၏ ဘယ်ဘက်လက်မောင်းတွင်လက်သည်းခွံလောက်အမာရွတ်ဖြူဖြူလေးရှိသည် ။
မနေ့  ည ကဇာတ်ပွဲ ပြီးသွားပြီ ။ လူတစ်ချို့  မသိလိုက်ကြ ။ထိုးဖောက်စရာပတ်မကြီးလိုက်ကြနေကြလို့ ဖြစ်သည်။
ပွန်းစားတိုက်ခတ်သွားတဲ့လေထုထဲမှာ အလင်းရောင်တွေ အမြောက်အများပါသွားသည် ။  မျက်စိသူငယ်နှင့်ထိစပ်မှုများငြိုးငယ်နေကြသည် ။
ဆန္ဒတစ်ချို့ ရှိသည်။ သို့ သော် မျှော်လင့်ချက်ကားမရှိ ။
သစ္စာတရား တောကစားထွက်သွားသည် သံသယ ကို အမဲလိုက်ရန်ဟုသိရသည် ။
ဖြူသွယ်နုလှ သော လက်ချောင်းလေးတွေကို လွမ်းလာမိသည် ။
လျှောက်ခဲ့ဖူးသော လမ်းများကို သတိရလာမိသည် ။
လမ်းလျှောက်သည်က သတ်သတ်.....
လက်ကိုင်သည် က သတ်သတ်.... ။
ဘတ်စ်ကားမှတ်တိုင်တွင် ရပ်စောင့်နေကြသူများရှိသည် ။
ဘတ်စ်ကားပေါ်မှ နှုတ်ဆက်သွားသူများရှိသည် ။
ထိုဘတ်စ်ကားသည် ခရီးတစ်ခုတည်းသို့ သာသွားသည်....။
ကျွန်တော်ပြောင်းလဲ ချင်သည် ။သို့ သော် မဖောက်ပြန်ချင်ပါ ။
ငြိမ်းချမ်းခြင်းသည် သေနတ်ပြောင်းဝတွင်အိပ်ချင်ယောင်ဆောင်နေ၏ ။
A မှ Z အထိ သံရှည်အူနေသူများကို ကျွန်တော် သနားသည် ။
ထိုသူများက ကျွန်တော် ကို အရူးဟုတင်စားသည် ။
ရှိပါစေတော့.....
ထိုသူများကို  က မှ အ အထိနားလည်ပေးလိုက်သည် ။
''၀''  မရှိ ပဲ    '' ၀ိ '' လုပ်ခြင်းထက်
ကိုယ့် '' ၁ '' ကိုသာ  '' ၀ '' ဖြစ်ဖို့ ခဲ့ချွန်နေတော့မည် ။
အလွမ်းဆိုတာ မြစ်တစ်စင်း ။ စီးဆင်းမှုနှေးကွေးသလောက် တိုက်စားမှု့ က ပြင်းထန်သည် ။
တစ်ရံရောအခါက ကြေကွဲခြင်းများ အိမ်မက်ဖြစ်သွားကြသည် ။
ခင်ဗျားတို့ တစ်ခြားနေရာမှာ တော်ရင်တော် ကြပါ အတ္တကြီးတဲ့နေရာမှာ တော့ ညံ့ စေချင်တယ် ။
ကဲ...... မိတ်ဆွေ
ကျွန်တော့် အဆို ကို သဘောတူပါက ဒီ ၀တ္ထုကို ခေါင်းစဉ်ကစပြီး ပြန်လည် အသံထွက် ဖတ်ကြည့်စေချင်ပါသည် ။
ဒါမှ မဟုတ်
ဖတ်ပြီးသမျှ ကိုမေ့ ပစ်လိုက်ပါ..... ။
ညဉ့်  အတော် နက်လှ ပြီ ၊ ဒီစာ ကို မျဉ်းပိတ် ၊ ကျူပ်လည်းအိပ်တော့မယ်.....။။
.............................................................................................................................................................................................
Labels:
' ရှိသည် ၊ဖြစ်သည် ၊ ရှိကြသည် ၊ဖြစ်နိုင်သည် ''
Tuesday, November 17th, 2009
' ရှိသည် ၊ဖြစ်သည် ၊ ရှိကြသည် ၊ဖြစ်နိုင်သည် ''
အခုတော့ အခန်းထဲတွင် မလတ်ဆတ်မှုများရှိနေသည်။ တစ်ချိန်ကရှိခြင်းများယခုမရှိ ၊ ရှိသကဲ့သို့ ထင်ရသော အရာများလည်းမရှိ ၊မရှိခြင်းတစ်ချို့ ရှိကြသည်...။
ကဗျာဆရာ နေနှင်းစက် လက်ထဲတွင် ဘောလ်ပင် နှင့် စာရွက်မရှိ  (သို့ သော် သူ ကဗျာ ရေးနိုင်သည်) ၊ ချော်လဲရောငိုရှိသည်၊ ခရမ်းနုမရှိ ၊ မိယုရှိသည် ၊ ပန်းသီးမရှိ ၊
ဒီလောက်ဆို ရှိခြင်းမရှိခြင်း ကို ရှိကြောင်းမရှိကြောင်း သိလောက်ပြီထင်သည် ။
ယနေ့ နံနက်သင် အိပ်ရာထနောက်ကျလျှင် အရှေ့ ဘက်မှ နေထွက်တာ ကို မြင်ရမည် မဟုတ်တော့ပါ ။ ထို အခါနေထွက်ရာအရပ်ကို မျက်နှာမူပြီး လက်နှစ်ဖက်ကိုဆန့် တန်းပါဆိုသော
စကားသည်လည်းအပိုဖြစ်သွားလိမ့်မည်ဟု ကျွန်တော်ထင်သည် ။ စိတ်မပူပါနှင့်  ၊ နေ၀င်တာကို စောင့်ကြည့်ပြီး အနောက်အရပ်ကိုသိနိုင်ပါသေးသည် ။ ဓူဝံကြယ်တော့တွေ့ အောင်ရှာပေါ့ ။
ဗိုက်ဆာသည်။ '' ဗိုက် ဆာနေသလား မားမားကိုစား '' ဟု အိန္ဒြာကျော်ဇင်က ခေါက်ဆွဲထုတ်ပြုပ်ပေးမည်မဟုတ်ကြောင်း ကျွန်တော်သိနေပါသည် ။ '' ဗိုက်ဆာတယ် '' လို့   နေတိုး  ပြောလျှင်တော့
'' သုံးမိနစ်ပဲစောင့် '' ဟု အပြောခံရသော နေတိုး ကို အားကျမိပါသည် ။ ဗိုက်ဆာနေသော ကျွန်တော့်ကို ခေါက်ဆွဲ ပြုတ်မကျွေးပဲ ရေတိုက်လို့ ရော ရေငတ်ပြေမည်ဟု သင်ထင်ပါသလား ။
ဗိုက်ဆာနေသော ကျွန်တော့် အတွက် နေတိုး  က  ခေါက်ဆွဲ အ၀စားပြနေရုံမျှ ဖြင့် ကျွန်တော် ဗိုက်ပြည့်သွားမည်မဟုတ်သလို  ကျွန်တော့် ကိုယ်စား အ၀စားပေးသည့်အတွက်လည်း ကျွန်တော်က နေတိုး ကို
ကျေးဇူးတင်လိမ့်မည်မဟုတ်ပါ ။
ကောင်လေးရေ.... ကျိန်စာတွေ နဲ့ သာ အိပ်စက်ပါတော့ ။ အနက်ရောင်ငှက်များ ရုတ်တရက်ပြန်သွားကြသည် ။တမင်သက်သက်ခေါက်သိမ်းထားသော အလွမ်းသည် ပြက္ခဒိန်ဖြစ်သည် ။
မျှော်လင့်ခြင်းဆိုတာ ရူးသွပ်သူများ၏ ဘာသာဗေဒဖြစ်သည်။ ဆံနွယ်လေးတစ်မျှင်စာသံပတ်တင်းပြီးဖွင့်လိုက်ပါရဲ့ ။ ပြတင်းပေါက်မဲ့ ညများ နဲ့  အိပ်စက် ။ သူမ ။ တစ် ည သာခံတဲ့ စိတ်ကူးနဲ့  ဘ၀ တစ်ခုလုံးကို
လဘ်ထိုးပြီး အိမ်မက်တွေ အားလုံးကို အတုဖြစ်စေခဲ့သည် ။ အမြဲရှုံးစစ်ပွဲတွေ မှာ ရန်သူကို ပြုံးပြရတာ အခက်ဆုံးဖြစ်သည် ။
ညခင်းရဲ့  လမ်းမများသည် အင်ဂျင်စက်သံ ယဉ်ကျေးမှုနှင့်ထွန်းကားလျှက်ရှိသည်။ နောက်ပြန်လည်နေသော နာရီ၏စက်သံများကို ကြားနေ ရသည် ။ မြို့ အ၀င် ည ။ ရှိတ်စပီးယားကြိုက်သည်။ ရှယ်လီကြိုက်သည်။ ဘိုင်ရွန် ကြိုက်သည် ။ မွန်တယ်လီကြိုက်သည် ။ ကာဇူကိုကြိုက်သည်။ ကျွန်တော် ကြိုက်တာတွေ ချည်းပြောနေ လျှင်
သင် မကြိုက်မှာ စိုးရသည် ။ ကျွန်တော့်စိတ်ပဲထွက်သွားသည်။ သိုးနေသော ၀က်သားပေါက်စီအား သိုးများအငမ်းမရစားနေသည်ကို ငန်းတစ်ကောင်မှာ လမ်းတစ်ဝက်က ကြည့်နေသည်။
လူနှစ်ယောက် ကျားကစားသည် ။  လူနှစ်ယောက် ကျားက  စားသည် ။ တစ်ခါတစ်ရံကို တခါတရံဟုရေးလျှင်မှားသည်ဟိုသိရသည် ။ အဘယ့်ကြောင့်ဆိုသော်.....
တစ်ခါတစ်ရံသာရှိပြီး နှစ်ခါနှစ်ရံ ၊ သုံးခါသုံးရံ  မရှိလို့ ဖြစ်သည် ။ အသားတစ် , တစ် , တစ် ကို အသားတစ် တစ် တစ် ဟု အသံဆက်မဖတ်ပါနှင့် နားကလစ်ကလစ်ဖြစ်သည်။
(နား ကလစ်ကလစ်သည် ဆရာတာရာမင်းဝေ၏စကားလုံးဖြစ်သည် ) ။ စကားလုံးသည် စကားလုံးဖြစ်သည်။ စတားလုံးသည် ရမ်ဘို ဖြစ်သည် ။ ရမ်ဘိုသည် အိမ်ကခွေးကြီးဖြစ်သည်။
အိမ်ကခွေးကြီးနာမည်မှာ စတားလုံးဖြစ်သည်။ ထို့ အတွက် အိမ်ကခွေးကြီးသည် ခွေးဖြစ်နေဖို့ အရေးကြီးလှသည်။ လူတွေ သိုးနေအောင်အိပ်ချိန်တွင် ကဗျာဆရာတစ်သိုက်
ငါးဈေးတွင် အလေလိုက်နေသောအခါ ဘီယာမူးနေသော လူတစ်ယောက် အပေါ့သွားရန် နေရာကို လိုက်ရှာနေသည် ။ ထိုလူတစ်ယောက်သည် နေနှင်းစက် ဖြစ်နိုင်သည်။
ညီစိမ်းဖြစ်နိုင်သည်။ ဆူးခက်မင်းဖြစ်နိုင်သည် ။ ဖက်တီးဖြစ်နိုင်သည် ။ကျွန်တော်ဖြစ်နိုင်သည် ။ ဖြစ်နိုင်သည်တွေ များမနေဘူးလား ။ ဟုတ်ကဲ့....
ဖြစ်နိုင်လျှင်ဒီအက်ဆေး ကို ပါ ဒီနေရာတွင် အဆုံးသတ်ချင်ပါသည် ။
Labels:
'' စီထားပါ ''
Monday, November 16th, 2009
'' စီထားပါ ''
မလှ မပ     သောအခါ
အရာရာ     ဘ၀က
အကျည်းတန်     သူ
        မရှိ.............. ။ ။
အကျည်းတန်    အရာရာ
ဘ၀က    သောအခါ
မရှိ      သူ
      မလှ မပ........ ။ ။
မရှိ     ဘ၀က
သူ    မလှ မပ
သောအခါ    အရာရာ
အကျည်းတန် ...... ။ ။
သောအခါ      အကျည်းတန်
အရာရာ      မရှိ
မလှမပ     ဘ၀က
    သူ ........ ။ ။
သူ
မရှိ
သောအခါ
အရာရာ
မလှ မပ
ဘ၀က
                       အကျည်းတန် ......... ။ ။
ဝန်ခံချက်။ ။ဖတ်မှတ်ဖူးသောကဗျာ အမျိုးအစားကို ပြန်လည်ခံစားခြင်းဖြစ်ပါသည် ။
Labels:
'' သူမနဲ့ သက်ဆိုင်သော ၊ သူနှင့် မသက်ဆိုင်သော ''
Saturday, November 7th, 2009
'' သူမနဲ့ သက်ဆိုင်သော ၊ သူနှင့် မသက်ဆိုင်သော ''
၁။     နှုတ် ခမ်း တစ် စုံ ၏  လေး ကိုင်း သဏ္ဍန် ကွေး ညွတ် မှု
ငါ့ မျက် လုံး တွေ ထား ခဲ့ ရ
ငါ့ မျက် လုံး တွေ ထား ခဲ့ ရ
၂။    မျက် တောင် တစ် ခတ် မျှ အ ချိန် ကာ လ
ငါ့ မ နက် ခင်း တွေ သေ ဆုံး သွား
ငါ့ မ နက် ခင်း တွေ သေ ဆုံး သွား
၃။   ပိ တုန်း ရောင် ကေသာ အား လေ တစ် ချက် အ ဝှေ့ 
ငါ့ ခြေ လှမ်း တွေ နှေး ကွေး
ငါ့ ခြေ လှမ်း တွေ နှေး ကွေး
၎။    အိမ် မက် ထဲ မှာ တွေ့  တဲ့  ည
ငါ့ နာ ရီ တွေ ဖြုတ် သိမ်း ရ
ငါ့ နာ ရီ တွေ ဖြုတ် သိမ်း ရ
၅။    ဖြူ သွယ် လျ တဲ့ လက် ချောင်း များ
ငါ့ အ သဲ ကို နှုတ် ယူ သွား
ငါ့ အ သဲ ကို နှုတ် ယူ သွား
Labels:
'' စိတ္တဗေဒ ''
Saturday, November 7th, 2009
'' စိတ္တဗေဒ ''
ပြကွက်တစ်ချို့   ပိတ်ကားပေါ်မှာ
ဝတ်လစ်စလစ်......
ငါလည်းအပျော်ဖတ်ပဲ
စိတ်နဲ့ ညှိတဲ့ ဖယောင်းတိုင်
ဘ၀တဏှာ ၊ မီးစာ
ခင်ဗျား ဘာကို စိတ်အပျက်ဆုံးလဲ
ထိထိမိမိရှေ့ ရေးကိုတွေးကြည့်တော့
ငါးအကြီးကြီးတွေ ရတယ်
လက်တွေ့ က.....
မီးပျက် ၊ ရေမလာ ၊ မသေချာ
ရေခဲစိမ်ထားတဲ့ သီချင်း
ချွေးစို့ နေတဲ့  မျက်ရည်
သက်သေသကရ  ရှာမရဘူး....
ရေကြည်ရာ ၊ မြက်နုရာ
ငါးပွက်ရာ ၊ ငါးစာချ
အညှီရှိရာ ၊ ယင်ကောင်လာ
မြေနိမ့်ရာ ၊ လှံစိုက်
ကဲ......... မိတ်ဆွေ
ခင်ဗျား ဘာကို စိတ်အပျက်ဆုံးလဲ......။။။
Labels:
'' မနှင်းဖြူ အတွက် ခရမ်းပြာအလင်္ကာ ''
Thursday, November 5th, 2009
'' မနှင်းဖြူ အတွက် ခရမ်းပြာအလင်္ကာ ''
အဲဒီနှင်းတွေ ဝေ တဲ့ တစ်နေ့   နင် ပြန်လာလိမ့်မယ်လို့  ယုံကြည်တယ်....။ အဲဒီနေ့ .....  ၂ ပတ်ဆိုတဲ့ အချိန် က ငါ့ အတွက်....  ၂ နှစ် လောက်ကြာတယ်...။
အခုတော့...... နင့်  အချစ်နဲ့ ထုဆစ်ထားတဲ့ သက္ကရာဇ်တွေ ကို ပူနွေးဆဲဖြစ်အောင် ငါ အသက်ရူ တတ်ခဲ့ပြီ...... နင် က အဝေးဆုံး ကို ထွက်သွားပေမယ့်
နီး
နီး
လေး
မှာ
ကျန်
ရစ်
ခဲ့
ရဲ့ .....
ဒီည မှာ လည်း ယောင်ယမ်းပြီး ဖုန်းဆက်မိပြန်တယ်... နင် ကလည်းယောင်ယမ်းပြီး ဖုန်းလေးတောင် မကိုင်ခဲ့ဘူးနော်.... ( နင်... သိပ် ရက်စက်တာပဲဟာ)
ဝဲတက်လာတဲ့ မျက်ရည်တွေ အတွက် ခံနိုင်ရည် မရှိခဲ့ဘူး..... ဒါဟာ အသိဥာဏ် နဲ့  ဆင်ခြင်တုံတရားကို သစ္စာဖောက်ရာရောက်တယ်ဆိုတာ ငါသိတယ်...
အရင်ကဆို ဒီအဖြစ်မျိုးကို ငါ သိပ်ရှက်မိမှာ သေချာတယ်...... ဒါပေမဲ့  အခု ငါက  နင့် အတွက် နဲ့  အရှက်သိက္ခာမဲ့တယ်....
ငါတောင်းပန်ပါရဲ့ 
ငါတောင်းပန်ပါရဲ့ 
ငါတောင်းပန်ပါရဲ့ 
ငါတောင်းပန်ပါရဲ့ 
ငါ့ဘက် က ဒီလောက် တောင်းပန်ခဲ့တာတောင်  နင့် ဘက် တစ်ချက်လေး မှာ အလင်းမပြန်ခဲ့ဘူးနော်...... (နင်... သိပ် အသည်းမာတာပဲဟာ )
တစ်ခါမှားသူ အတွက် နောက်ထပ်ပြင်ဆင်ခွင့် မရှိတော့ဘူး လား..... အခုတော့ ခရမ်းရောင်ယုံကြည်မှုတစ်ခုမှာ  နင် က အနှုတ်ဆင်ဖိုနီတွေ ကျဲချခဲ့သူ....
ငါက နင့် အ၀ါကဒ်မှာ ရှိုက်ကြီးငင်သူ.........
ဘယ်လိုပဲဖြစ်ဖြစ်.... ငါတို့  နှစ်ယောက်ရဲ့  ဆက်ဆံရေးဟာ ခြောက်ခြားစရာအတိ နဲ့ ကျေနပ်ဖွယ်ကောင်းခဲ့ပါတယ်.....။။
အရင်ကဆို..........
သထုံလမ်း ကရေကူးကန်မှာ ရေကူးသင်ပေးဖူးတယ်.....
ကန်ဘောင်မှာ ထိုင် ကန်ထဲ က လရိပ်ကို ငြိမ်သက်စွာကြည့်ခဲ့ဘူးတယ်.....(အဲဒီတုန်း က ငါ့ စိတ်ထဲကနေ သစ္စာ ဆိုခဲ့ဘူးတယ်)
'' အင်းလျားရေကို  နှစ်ခြမ်းခွဲ မခွဲစတမ်းလို့  ကျိန်ပြမယ် ''
စံပြမှတ်တိုင်မှာစောင့် ဒိုးယိုပေါက်လျှောက်သွားခဲ့ကြဖူးတယ်...........
ဈေးအတူဝယ်............ ဟင်းအတူချက်စားဖူးတယ်.......
အခု..............
ငါ့စကားတွေ ကို နင် မယုံကြည်တော့ဘူး.... ခနဲ့ တဲ့ စကားတွေ နဲ့  ငါ့ရင်ကိုဖောက်ခွဲ ၊ မျက်ရည်ဝဲအောင် ပြုစားတယ်...(နင်..... သိပ်တတ်နိုင်တာပဲဟာ)
ဝိုင်းစက်သော အမှန်တရားအကြောင်းကို နင့် ကို ရှင်းပြချင်သေးတယ်......
တစ်ချို့ ကိစ္စရပ်များတွင်  တစ်ခါတစ်ရံ အမှန်တရားသည် အပို သက်သက် ဖြစ်နေတတ်သည်.....။
ထို အမှန်တရားအတွက် နင့်ရယ်သံတွေ ဟာ ငါ့တစ်ယောက်တည်းအတွက် နှင်းဆီ ဒိုင်ယာရီပဲ.......
မျက်ရည်........ ငါ့မျက်ရည်တွေ........မျက်ရည်... ငါ့မျက်ရည်တွေ....( နင်.ကျေနပ်ပါတော့ဟာ)
နင်ပဲ ငါ့အတွက် ပန်းနုရောင် ရက်စွဲတွေ ပေးခဲ့.... ငါလည်း ခရမ်းရောင် အလင်္ကာတွေ ဖွဲ့  ၊ အဝေးကြီးမှာ တိပ်ပြာတွေ လွင့်.....
ငါ့ စိတ်ကူးတွေ နင့် ကို အပိုင်ပေးခဲ့ပြီး ပြီ.....
သိလား.....
နင့်ကြောင့် ငါ့အလွမ်းတွေ သက်တမ်းတိုးထားရတယ်....
နင့် ပါးပြင်ပေါ်က မှဲ့  ကလေး....
နှုတ်ခမ်းရဲရဲလေး.......
ဆံပင်ကောက်ကောက်လေး......
အားလုံး
အပြင်းအထန်တပ်မက်ခဲ့ဖူးတယ်....။။
ဖုန်းခွက်ပေါ်မှာ လိပ်ပြာတစ်ကောင်၏ ရုပ်ကြွင်းရှိသည်.....။။
စကားလုံးတစ်ချို့  ဖုန်းလိုင်းထဲတွင် သေဆုံးလျှက်ရှိသည်....။။
အနမ်းတစ်ချို့  မနက်ခင်းတစ်ခုမှာ ပုပ်သိုးသွားသည်.....။။
မနှင်းဖြူသည် ကျွန်တော် ကို စိတ်ဆိုးနေတုန်းပင်ဖြစ်သည်.......။။
မနှင်ူးဖြူ
Labels:
'' ကျူ ပ် နှင်း ငတ် လို့  သေ ဖူး တယ် ''
Tuesday, November 3rd, 2009
'' ကျူ ပ် နှင်း ငတ် လို့  သေ ဖူး တယ် ''
နှင်းရေ.....
ဆွံအခဲ့တဲ့ ငါ့ခေါ်သံကို
နင် က နားစည်တွေ ဖြုသိမ်းတော့လည်း...
မျက်လုံးက မိုးအုံ တယ်.....။။
နင့် နာမည်ချည်း သက် သက် နဲ့ 
အသက်ရူဖူးတယ်......။ ။
ဒီလိုဝေးရမယ်လို့  / မထင်ထားဘူး
ထင်မထားဘူး / ဒီလိုဝေးရမယ်လို့ 
ဟုတ်..........
ဒါ ကျုပ်ရဲ့  နှင်းပါ.....
ဥတုသုံးပါး ....... ဝေတယ်
ဟို...... လူကြီးတွေ
သွေးမဆူကြစမ်းပါနဲ့ .....
ဒါ
ကျုပ်
ရဲ့ 
နှင်း
ဟုတ်...........
ကျွန်တော် ရိုးသားစွာ ၀န်ခံပါရစေ
'' သူမ အပေါ် ကဗျာ လို ကျင့်ကြံခဲ့မိပါတယ် ''
ဒီလို နဲ့ ပါပဲ........
လွဲ ချင်တော့ ချစ်တယ်ဆို တာ တစ်ခု တည်းနဲ့ ပဲ
ဝေး............................
ဝေး............................
ဝေး............................
ချစ်သူ.....
ကိုယ်
တို့ 
မိုး
ချုပ်
ကြ
တော့
   မယ်   
 ဘာများတတ်နိုင်ကြလို့ လဲ
တစ်ယောက် နှလုံးသားကို
တစ်ယောက်ထုတ်
အလံ ဖြူ လုပ်ပစ်လိုက်၇တယ်..... ။ ။
သစ်ရွက်အကြွေ
+
ပြက္ခဒိန်
+
မျက်ရည်
...........................
နှင်း
ပင်လယ်ပြာရေ.....
သီချင်းဆိုရင် ငိုတတ်တဲ့
နင့်အသံတွေကို
ငါ
ဆယ်ယူပြီး ပြန်ခဲ့ရတာ
အကြိမ်ကြိမ်ပါ
မယုံ၇င်
တိမ်တွေ ကို
မေး
ကြည့်
ပေါ့
တောင်တန်းတွေ
လိပ်ပြာတွေ
ပန်းပွင့်တွေ
ဆောင်း......
ပြီးတော့.....
နင့် အရိပ်နဲ့  ငါ့ အတောင်ပံ
အင်း......................
သူများတွေ ပြောတာ တော့
ကြာခဲ့ပါပြီ ... တဲ့    ။ ။
နင် က......
နာရီတွေ အလွတ်မကျက်ဘူး
ရွက်စုတ် တွေ မသိမ်းတတ်ဘူး
ဒိုင်ယာရီတွေ မရေးတတ်ဘူး
ငါ့အတွက်တော့......
ဆန့်  ကျင် ဘက် ပဲ........။ ။
ဘယ်လို နေ့ စွဲတွေပါ လိမ့်
အဖြစ် အပျက်တွေ က သိပ်မြန်ပေမယ့်
အဝေးဆုံးထိ........
ငါတို့  ခရီးေ၇ာက်ခဲ့ ကြပြီ..... ။ ။
ဒီလိုပါ........
နှင်း
ငတ်လို့ 
သေ တဲ့ တစ္ဆေ
တစ်ကောင် အကြောင်းက.....။ ။
Labels:
'' ဘဂ္ဂဒက်သို့  ''
Saturday, October 17th, 2009
'' ဘဂ္ဂဒက်သို့  ''
မိုးမှောင်တွေ
မြို့ ရဲ့ လမ်းမတွေ ပေါ်မျော လွင့်ရင်း
မှော်ဆန်တဲ့ နာမည်ကို အော်ခေါ်နေကြတယ်...
ဘဂ္ဂဒက်
သူတို့  မျက်ရည်စက်တွေ
အိုးခွက် ပန်းကန်တွေ ဆေးကြေဖို့ 
စုဆောင်းထားကြတယ်လား
ဘဂ္ဂဒက်
ဆေးရုံ စာသင်ခန်း ၊ ၀တ်ပြုဆုတောင်းပွဲ နဲ့ 
မိဘ မဲ့ ဂေဟာများ
သေပန်းတွေ   မတရားပွင့်ကြတယ်
ဘဂ္ဂဒက်
သူတစ်ပြန် ၊ ကိုယ်တစ်လှည့်
ဘယ်သူဟာ
လရောင်ကို ဆေးစိမ်ခဲ့သလဲ
ဘဂ္ဂဒက်
အလံကို ဘယ်လို လွှင့် လွှင့်
ငှက်တို့  နားမစွင့်ကြတော့ဘူး
ဘဂ္ဂဒက်
သူ့ သမိုင်းကို သူခွဲစိတ်တိုင်း
ဗုံးကြဲ ခံနေရတဲ့
ဘဂ္ဂဒက်
အိုး...............ဘဂ္ဂဒက်
ငါတို့  ဘာအတွက်
အသက်ရှင်နေရတာ လဲ....... ။ ။
Labels:
'' အ သွားတဲ့ တစ္ဆေ ''
Saturday, October 17th, 2009
'' အ   သွားတဲ့ တစ္ဆေ ''
အလွမ်း  ၊  လွမ်းလို့    အ  သွားတဲ့
လူတစ်ယောက်........
ကြေကွဲ  ၊ တိတ်ဆိတ်
ကွဲကြေ ၊ ဆိတ်တိတ်
မျက်လုံး ကိုမှိတ်
အိပ်................အိပ်
တစ်ချက်.............တစ်ချက်
တဖျတ်.................ဖျတ် နဲ့ ကြွေ
ကြယ်တွေ
ကျွန်တော် လည်း
အ............ အ သွားတယ် အမေ။ ။
Labels:
'' မှောင်ထားတဲ့ ဥတု ''
Saturday, October 17th, 2009
'' မှောင်ထားတဲ့ ဥတု ''
မိဝေသီရေ........
အလွမ်းဆိုတာ ကြိုးခွေပဲ
သည်တစ်နွေ..........
ပြီးတော့ ၊ နောက်အသစ် တစ်ခွေပေါ့....။ ။
မနက်ခင်းနေရောင်မှာ
နင့် သတင်းမပါဘူး
တစ်ယောက်ခြေထောက်ပေါ်
တစ်ယောက်မှီရပ်ရတဲ့
ကမ္ဘာတစ်ခြမ်း
လွမ်း...................တယ်  ။ ။
ဝင်ရိုးစွန်းတွေ  ကွဲပါရစေ
မိဝေသီ............
( တ သ လ ခ ပ ရ စ )
အဆက်မပြတ် ၊ ခရားရေတွတ်
အိမ်မက်တွေ နှစ်ထပ် မဖြစ်စေဖို့ 
ည အိပ်ရင်..........
မျက်မှန် ချွတ်အိပ်ပါ
မိဝေသီ............. ။ ။
ငါကတော့.......
အဝေးပြေး အိမ်မက်တွေ ခြေသံလုံဖို့ 
ငါ့ကိုယ်
ငါ ပြန်ညှို့ နေ ရ......... ။ ။
တစ်ယောက် တစ်ကိုက် ဆက်ကိုက်မယ့်
ပန်းသီး အကြောင်းကိုမေးရင်
ငါ
ခေါင်းငုံနေမယ် ......... မိဝေသီ ။ ။
နင်မရှိရင် ထွန်းကားမဲ့ ၀ါဒနဲ့ 
ဒဏ်ရာတစ်ချို့ ..........
သံပတ်လို နာရီထဲမှာ
ခေါက်ရိုးကျိုး .............။ ။
မိဝေသီရေ............
ရင်ဘတ်နား ကပ်ကပ်ပြီး
ကြို့  ထိုးတော့လည်း
ဟော့ဒီကောင် က
သူရဲကောင်းမမည်တော့ဘူး....... ။ ။
ခေတ် က သူ့  အလျှင် နဲ့  သူ
ငါတို့ ရဲ့
အငွေ့  ပျံ မှု မှာ
ဘယ်သူ က မိုးတိမ် အတုလည်း......  မိဝေသီ ။ ။
ခြေရာကောက်သူ တစ်ယောက် အတွက်
နွေ ..... မိုး ...... ဆောင်း
ဘယ်အရာက ငါ့ခေါင်းစဉ်လဲ .... မိဝေသီ  ။ ။
သစ်ရွက် အကြွေ တွေ မှာ 
နာမည်ထိုး.......
ဒီဇင်ဘာ မသိတဲ့ 
သီချင်းတစ်ပုဒ် နဲ့  .....
မိုးရာသီကို
ဖုန်ခါဝတ်ရဦးမယ်...... ။ ။
ဘူတာက ရထားအိုလည်း
ပြေးလမ်းပေါ်မှာ တိတ်ဆိတ်လို့ 
သြော်.......
ငါတို့  နေ့ ရက်တွေ က
နတ်ဖွက်ခံလိုက်ရတာလား....................မိဝေသီ ။ ။ ။ ။
Labels:
'' ..... အတွက် ''
Sunday, October 11th, 2009
'' ..... အတွက် ''
အဲဒီလပြည့်ည က
ငါ့ကြယ်စင်ကို
ရှာမတွေ့ ခဲ့ဘူး......။။
တဖောက်.......ဖောက်
တဒိုင်း.......ဒိုင်း
ငါ့ နားစည်တွေ ထိုင်းသွားပြီထင်တယ်....။။
ခြေမသွက်တဲ့
အပြန်လမ်းအတွက်
မစဲတမ်းရွာပေးပါ
မိုးရယ်...............။။
လွဲခဲ့တဲ့  ကံကြမ္မာရေ
ဒီတစ်ကြိမ်တော့.....
ရှိစေတော့...............။ ။
ဟိုလမ်းမပေါ်က
အပေါက်အပြဲ တစ်ချို့ 
 နင့်အရိပ်ခြုံ လို့ 
ငါ '' လုံ '' လို ရဲ့ .......။။
တစ်ယောက် တစ်ကိုင်းစီမှာ
အလွမ်းကိုယ်စီ နဲ့ 
ငါတို့  ရှိခဲ့ကြတယ်......
ရံဖန်.......ရံခါ
အနာဂတ်အကြောင်း
ဆွေးနွေးကြမယ်...
အဲဒီနောက်မှာတော့
သူများတွေ ကြားဖို့ မလိုတဲ့ အသံနဲ့ 
ငါတို့ ရဲ့ အချိန်ကာလတွေ ကို အတူမောင်းနှင်ကြမယ်....။။
ငါက ရှိုက်ကြီးတငင်လက်မှတ်တွေကို
အမှတ်တရ သိမ်းထားတတ်သူ
နင် နှင်းပွင့်တွေ နဲ့ 
ဖေးမတတ်သူ..........။ ။
အတူဆုံချိန်ကြ
ငါတို့ အလွမ်းတွေ ကိုလည်း
အနမ်းနဲ့  အလဲအထပ်လုပ်
(ခပ်ပျော်ပျော်)
ဆွဲစုပ်ပစ်လိုက်ကြရုံပဲ....... ။ ။
'' သမိုင်းစာမျက်မှာပေါ်မှာ
အနာတရမရှိဖို့ တော့ လိုမယ် ''
ငါဘ၀ပွဲတော်ရဲ့  ရက်စွဲများ
ကုန်လွန်သွားတဲ့ အခါ
နင့် ၀ိဥာဉ်ကိုလည်း
မော်ဖူးလိုရဲ့ ..........။ ။
ငါ့ လက်တွေ ကိုချိုး
 နင့် ရွက်စုတ်တွေကို ဖြုတ်
မျှော်လင့်ချက် တစ်ဆုတ် နဲ့ 
အချိန်တွေ ကို ကိုင်လှုတ်ကြမယ်.....။ ။
အချစ်ရေ..........
နောက်ထပ် အလွမ်းတွေ အတွက်
ငါ့မှာ........
စကားလုံးတွေ ရှားသွားပြီ........ ။ ။
Labels:
" ဤ ၀ါကျသည် ဤကဗျာ၏ခေါင်းစဉ်ဖြစ်သည် "
Friday, September 18th, 2009
" ဤ ၀ါကျသည် ဤကဗျာ၏ခေါင်းစဉ်ဖြစ်သည် "
ဘ၀မှာ ထပ်တူဖြစ်ဖို့ အော့အန်ရ
အဲဒီတိတ်ဆိတ်မှုဟာ....
ငါကောင်းရင် ငါ့ကိုပြန်ကောင်းကြလိမ့်မဲ့ဝါဒ
ဘုရားသခင်က လက်ပတ်နာရီရှာနေတုန်း
သူ့  တာလီတွေ ငါခိုးခဲ့တယ်..........
မနေ့ က အသက်ဟာ
ဆက်ထုံးတွေများခဲ့ပြီ..........။ ။
၁။ ။ ကိုယ့်မျက်ရည် က ကိုယ့်ပြန်လောင်ကျွမ်းလို့ 
၂။ ။ သေမင်းက နာရီလက်တံပေါ်မှာ တွဲလောင်းချိတ်နေတယ်
၃။ ။ လက်သည်းချွန်ချွန် နာမ်စားတစ်ခု
ငါ့
ကို
ကုတ်
ဖဲ့
၎။ ။ " အစစ် " ရဲ့  အရည်အသွေးတွေ သူ့ မှာရှိရင်
" အတု " ကို အမည်ပြောင်းပေးဖို့ လိုတယ်
(ခက်တာပဲ)
၅။ ။ ငါ့ကံက ကမ္မသကာ (သို့ ) every things is all the best
၆။ ။ ........ ........ ......... ........
၇။ ။အမြစ်ထဲမှာ ......စောင့်ဆိုင်းနေရှာတဲ့ ပန်းလေးတစ်ပွင့်
ဘယ်သော့နဲ့  ဖွင့်ရမလဲ.......
မေမေ ။။
Labels:
ရုပ်ရှင်ရုံ
Saturday, September 5th, 2009
                                                          ရုပ်ရှင်ရုံ
သူတို့ ရဲ့  အားလပ်ရက်ကို
ငါ့ဆီခဏခဏလာပုံချကြတယ်
ငါ့ရင်ခွင်ထဲကို ၀င်ခွင့်ရဖို့ 
သူတို့ ပဲမှောင်ခို လုပ်ကြပြန်တယ်....
တစ်ချို့  က ငြီးတွား.............
တစ်ချို့  က ဂျီး (ဂျေး)များတယ်.............
ကားလိပ် ဖွင့်တော့ ငါ့ကိုလေးစားကြ(တစ်ချို့ ).......
ငါဖန်ဆင်းမယ့်အရာတွေ ကို
သူတို့ တွေ အငမ်းမရဖြစ်ကြပြန်ရော......။  ။
ပကာသနတွေ ကိုလည်း
ငါ့ထပ်ခိုးပေါ်တင်ကာ မျက်နှာလုပ်ရသေးတယ်....
မခန့် လိုက်ပုံများ.......
ငါ့ရင်ခွင်ကို ဆားနဲ့ တို့ 
အမှိုက်ရှုတ်ကြပြန်တယ်......။ ။
အဲဒီမှာ..........ငါက
ဘာသာစကားမျိုးစုံ ခင်းကျင်းပြရတယ်
ရသမျိုးစုံ ချကျွေးရတယ်......
ငါ......... ဟာသလုပ်ရင်
သူတို့ ရယ်ကြ......
ငါ......... လွမ်းလို့  ငိုတဲ့အခါ
သူတို့  ၀မ်းနည်းကြ......
ငါ......... ကြမ်းပြရမ်းပြတဲ့အခါ
သူတို့  အံ့အားသင့်ကြ......
ငါ့ရင်ခွင်ထဲမှာပဲ .....
စစ်ပွဲပေါင်းများစွာဖြစ်ပြီး
မျက်ရည်ပေါင်းများစွာစီးကြ
လူပေါင်းများစွာက သေချင်ယောင်ဆောင်ကြ
ပြီးတော့...........................
နာပျော်ဖွယ်ကောင်းတဲ့ ဂီတသံတွေ ဖန်ဆင်းခိုင်းပြီး
ပျော်ရွှင်စွာနဲ့  ကခုန်ကြပြန်တယ်.......။ ။
တစ်ခါတစ်လေမှာတော့....
ငါ့မျက်နှာကို လျစ်လျူရှု ထားပြီး
သူတို့ ဇာတ်လမ်းကို သူတို့  ပြန်က
သူတို့  အိမ်မက်ကိုသူတို့ ပြန်ရှာဖွေကြပြန်တယ်.....။ ။
ဒီလို နဲ့ ....... စာတန်းထိုးပြီး
နေ့ တစ်နေ့ ရဲ့  နောက်ဆုံး အချိန်ကိုရောက်ခါမှ
ကိုယ်စီကိုယ်စီ ဖုန်တွေ ခါပြီး ထသွားကြပါရော
အဲဒီနောက်.........
ငါ့ဖာသာငါ မနက်ဖြန်အတွက် စဉ်းစားရင်း
အေးအေးဆေးဆေး အိပ်မောကျရတော့တယ်................။ ။ ။ ။ ။
Labels:
" အရိုးစုများ "
Friday, September 4th, 2009
" အရိုးစုများ "
လရောင် နှင်းတောထဲက သတိရစရာများ
အတိတ်တွေေ၀၀ါးလို့ .......
ဇာတ်နာက ရတဲ့ ညဆို ဖျားပြီ..........။။
မြစ်ရေပြင်က
မိုးကုတ်စက်ဝိုင်းကို ရင်ဘတ်ဖွင့်ပြတယ်
မာယာများပြတယ်..........။။
ဆောင်းလေရူးမှာ
ငါက..............
စီးကျလာတဲ့ မျက်ရည်တွေကို
လက်ဖမိုးနဲ့  သုတ်လိုက်တယ်......။။
တဖြည်းဖြည်းနဲ့ 
အမာရွတ် ဟောင်းတွေ က
နားလည်ရခက်လာတယ်....။။
အိပ်လို့ မပျော်ရင်
အိပ်ခန်းဟာ ဗလာစာရွက်တစ်ရွက်ပဲ....။။
သူပေးတဲ့ အလွမ်းက
ကြွပ်ကြွပ် အိတ်ဆန်တယ်ဆိုရင်တောင်
မစွန့် ပစ်ရက်ဘူး..............။။။
Labels:
<< Start < Prev 1 2 3 4 5 Next > End >> Results 1 - 30 of 121
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.