တကယ်ဆို ရင်
Sunday, September 21st, 2008
ငါ... တန်ဖိုးထားတဲ့
မင်းရဲ့  နှုတ်ခမ်း
ဒီအချိန်ဘယ် သူနမ်းနေမလဲ...။
အရင် က... နင့်ကြင်နာခြင်းမှာ
ငါ ၀ပ်ဆင်းထားခဲ့တာ
တစ်ဘ၀လုံးဆာ....။။
အခု.... ငါ့ကုတင်ခြေရင်းမှာ
နင့်ဓာတ်ပုံတွေစုထားတယ်
မိး ရှို့ ပစ်ဖို့ ..........။။
နင် ချစ်ပါတယ်ဆိုတဲ့
အရင်က .....ငါ
အခု... နင်က
နောက်တစ်ယောက်နောက်
ကောက်ကောက်ပါ.........။။
ပြောစမ်းပါ ဦး...
နင့်အကောင်က
နင့် ကို ဘာတွေနဲ့ 
ပြုစားထားတယ်ဆိုတာ..။။
ကဲ... ထားလိုက်တော့...
ကြက်ဖပြောသလို
ငါ က ယောင်္ကျားပဲ
နင်ဖောက်ဖြားတာ
ဘာ......ဂရုစိုက်စရာလိုလဲ...။။။


