Sign Up
lost your password?

julydream

Poem

ဗီးနပ်စ်

Sunday, October 26th, 2008

မင်းဟာ... ငါ့အတွက်

ဗီးနပ်စ်ရဲ့  လက်တစ်ဖက်ပဲ...

ရင်တွင်းဖြစ်တည်မှုထဲ

 မင်း.. ကိုယ်သင်းရနံ့ တွေထည့်လို့ 

နတ်သမီးတေးသံကို မျှော် ကိုးလို့ နေမယ်...။။

မဝေးကြပါဘူး.....

ဟုတ်တယ်... ငါတို့  မဝေးကြပါဘူး

နှလုံးသားနှစ်ခု သံယောဇဉ် ကြိုးတို့ နဲ့ 

ချည်နှောင်... ကြားလေ မတိုးအောင်ကို

ကိုတို့ နှစ်ဦး နီလျှက်ပါပဲ......။။

 ဒီဗီးနပ်စ် ရဲ့  ရင်ခွင်ထဲ

 ကြင်နာခြင်းများနဲ့  စည်းချ

နုညက်အိမ်မက်တွေ ဖွဖွမက်စေပြီး

ကြယ်ကြွေပန်းများသီကုံး

အပြုံးတွေ ထီးမိုးပေး ပါဦး... ချစ် သူ...။

တစ်သက်ဆာအတွက် 

ငါ့.......ချစ်ခြင်းများစွာ

မင်းရင်ခွင်ထဲမှာ

မြုပ်နှံထားပါရစေ....ဗီးနပ်စ်ရေ..............။။။ 

Labels:

ခရီးဖော်

Sunday, October 26th, 2008

တစ်နယ်စီဝေး

ဘ၀တွေထဲမှာ

အလွမ်းတွေအထပ်ထပ် 

မျှော်လင်းရင်း ခရီးဆက်နေဆဲပါ...။။

စိတ်ကူးအိမ်မက်တွေနဲ့ 

ယုံကြည်မှုရှိနေ သရွေ့  

မျက်ရည်မကျနဲ့  အချစ်ရေ

ဆက်လျှောက်ပါ............။။

တစ်ယောက်အပြုံး

တစ်ယောက်မြင်ရင်

နှလုံးမွေ့ တတ်သူတွေပဲ

တစ်ယောက် ညည်းညူသံ

တစ်ယောက်အားပေးကြေးပေါ့.......။။

အနာဂတ်ဆိုတာ 

အမြဲရုံတင်ထားတဲ့

ဇာတ်လမ်းမဟုတ်ဘူး

ဒါပေမဲ့...........

သိပ်မခက်ပါဘူး...ချစ် သူ

လမ်းခွဲတွေတွေ့ တိုင်း

တို့ တွေ လက်ချင်းဆုပ်ထားရုံပေါ့........။။ 

 

 

 

 

Labels:

အလွမ်းကဗျာ

Saturday, October 25th, 2008

ချစ်တယ်.....
သိပ်ကိုချစ်ခဲ့ပါတယ်....
ဟော..ဒီလို မုန်းတီးစွာဟစ်ကြွေး
ဒို့ ရဲ့  အနေဝေးနေ့ တွေကိုပေါ့.........။။

မျှော်လင့် ယုံကြည်မှုနဲ့ ပဲ
ငါ့မနက်တွေ အသက်ဆက်ခဲ့
လွမ်းတိုင်း.........(နင့်အကြောင်း)
ကဗျာတွေကို ရင်ဘတ်နဲ့  ခတ်နေ မိတယ်...။။

သစ်ရွက်ကလေးတွေ လှုပ်နေ
မင်း.. ရယ်သံလေးများကြားရမလား
နားစွင့်.........
သူ့ သီချင်းလေးတွေကတော့
ရင်မှာမွှေးမြနေတုန်းပါပဲ.........။။

မဝေးတော့တဲ့တစ်နေ့ 
ပြန် လည် ဆုံတွေ့  ချင်တယ်
ချစ် သူရယ်...........။။။

Labels:

ပန်းသီး

Friday, October 24th, 2008

ကောင်မလေးရေ....
ငါ့ မျှော်လင့်ချက်တွေကြွေကြအောင်
မပြုစားပါနဲ့ ....။
အချစ်ဟာ.... လရောင်စိမ်ထားတဲ့
ပန်းသီးတစ်လုံးမဟုတ်ပါဘူး...
ငါ.. ခူးစွတ်လို့  ရကောင်းပါရဲ့ ...။။
ကိုယ့် အိမ်မက်တွေကျပျောက်လို့ 
မင်းနောက်ကို (တစ်ကောက်ကောက်) လိုက်နေရသူပါ...။။
ကျေးဇူးပြုပြီး... စာနာပါ
ကြယ်ဝင်စားလို့ ... လှသောချစ်သူ
သင့်.. ပါးပြင် စံပယ်ခင်းမှာ
အကျွန့်  အနမ်းတို့  မွှေးမြလို့ ၏....။။
ခွင့်ပြုတော့... ချစ်သူ
အပန်းမကြီးဘူးဆိုရင်
ချစ်ခြင်းပန်းသီး ကို
သင်နဲ့  အတူ စားသုံးပါရစေ...........။။။

Labels:

ကဗျာ အကြောင်း..

Friday, October 24th, 2008

လေးချိုးတေးထပ်မှသည်
ကာရန်မော်ဒန်ဆီသို့
ခေတ်နဲ့အညီချီတက်ခဲ့ပြီ။
ရှေးထုံးမပယ်သလို
ခေတ်နောက်လဲမကျန်တဲ့ကဗျာ...
ကဗျာဆိုတာ...
ရင်ခွင်ရဲ့ဘာသာစကား
(ထို့ထက်ပိုတယ်)။
ကဗျာဟာ...
ယဉ်ကျေးမှု
ကွဲပြားခြားနားမှု
လွတ်လပ်စွာဖွင့်ဟဖေါ်ပြမှု
အနုပညာဆန်စွာဖန်တီးမှု
စတဲ့အသိဥာဏ်တွေကို
ပွင့်လင်းစေတယ်။
ဘာသာစကားတွေ
ဘယ်လိုခြားခြား
ကဗျာကတော့
ကမ္ဘာကြီးရဲ့
ဘာသာစကားတွေရဲ့
ဗဟုဖြစ်မှုကိုဖေါ်ပြတယ်။
ထိုသို့ကဗျာဟာ..
သမိုင်းအဆက်ဆက်မှာရှိခဲ့တယ်...
သမိုင်းအဆက်ဆက်မှာရှိနေဦးမယ်... ။။

Labels:

အံချော်သူ

Friday, October 24th, 2008

ကျွန်တော်ဆိုတဲ့ကောင်က

ပန်းတိုင်ရောက်မှ

ချော်လဲ........

ဆုတံဆိပ်နဲ့ 

လွဲခဲ့ဖူးသူပါ.........။။

ရင်ဘတ်ထဲ ခပ်နက်နက်တူး

မျှော်လင့်ခြင်းတွေအခါခါစိုက်

ပိုးကိုက်ခံရသူပါ.........။။

အလွမ်းနွေ နဲ့ ကြွေ

မျက်ရည်တို့  မြေမှာခ

ဇာတ်သိမ်းလဲ မလှခဲ့ပါဘူး.......။။

လွမ်းတော်..လွမ်းလျှံတို့ 

ရင်မှာ  ဆန်တက်ကြပါစေ......................။။။

Labels:

ရှင်ရယ်.......

Friday, October 24th, 2008



ကျွန်မမှာ...
ပြောစရာတွေ ရှိတယ်
ရှင်ကဗျာတစ်ပုဒ်ရေးပေးနိုင်မလား.....။။

ရှင်ရယ်.........
ကျွန်မအလုပ်သွား...
ဘက်စ်ကားပေါ်မှာ
ကျွန်မရဲ့ ဘေး
လူတွေ..လူတွေ
ဒါတွေကိုလည်းမဟုတ်ပြန်ဘူး...
ရှင်...ဒီလို မဖြစ်ဖူးဘူး မဟုတ်လား......။။

ရှင်ပြောပြောနေတဲ့...
တာဝတီ င်္သာ လဲ မသွား အားသေးပါဘူး
ကျွန်မ ဘေးကို ငေးငေး နေမိတယ်
တစ် ချိန်လုံး  ၊ တစ်ဘ၀လုံးပဲလား....
မသိပါဘူး  ရှင်.........။။

ကျွန်မအလုပ်ထဲမှာ
ရှင် နဲ့  ပတ်သတ်သမျှ
သီချင်းတွေဖွင့်
ကျွန်မ ရဲ့ စိတ်တွေက
လွင့်... လွင့်... သွားတယ်.
ဒါတွေဟာ......
ကျွန်မရဲ့  မွေးရာပါလား ဟင်..
ရှင်...ပြောစမ်းပါဦး....
ဒါ.... ကျွန်မ
တစ်ယောက်ထဲ ဖြစ်ဖြစ်နေတာလား....
ဒီလိုတွေးရင်းကပဲ.. ဘေးကိုငေးငေးနေမိပြန်တယ်......။။

ကျွန်မနား မရောက်တော့ ဘူးလား....
ရှင်ရယ်..................
ရှင်...........ကဗျာတွေရေးနေတယ်
တစ်ပုဒ်ပြီး....နောက်တစ်ပုဒ်
ရှင်..ကျွန်မနား မရောက်တော့ဘူးလား.....။။

ရှင်...ဘယ်တော့မှ
ကျွန်မရဲ့  နား ကို ရောက်လာမှာ လဲ...
ရှင်ရယ်.....................။။။

Labels:

အချစ်လို့  အမည်တပ်ခြင်း

Friday, October 24th, 2008

နေ့  စဉ်နေ့ ဆက်
လွမ်းနေပါရစေ
အသားရည်ဝင်းပသူ
မျက်လုံးဝိုင်းဝိုင်းစက်
အနက်ရောက်ကို နှစ်သက်သူ......။။
ငါ့ နှုတ်ဖျားမှာ ပဲ
မင်းနာမည်က အရိုးဆွေးလို့ 
မင်းသုံးပြီးသား...
အအေးသောက်ပိုက် အကျိုးအကြေ
စာသင်ခန်းအောက်မှာ
ရပ်စောင့်နေတဲ့ ရက်တွေ
အမှတ်ရနေဆဲ..............။။
စက်တင်ဘာရဲ့  မိုးစက်တို့ ရေ...
ငါလို လူက .....
မင်းနဲ့  မှ ရောဂါ ရင့်ခဲ့ပြီ..............။။။

Labels:

တစ် သက် ဆာ...

Wednesday, October 22nd, 2008

ရာသီစက်ဝန်းမှာ
တို့  နှစ်ယောက်ကြား
တစ်လခြားထားပေမဲ့.....။။
တကယ့် ဘဝ
တို့  နှစ်ယောက်ကြား မှာ
ဘာစည်းမှ မခြားထားစေလို ဘူး..။
ဂုဏ်၊ငွေ၊ပကာသန
အခု... သံသယ အထိပေါ့
ဘာစည်းမှ မရှိ
ညီမျှ ခြင်းအတိပဲ.....။။
ငါ့ ဘ၀ က မင်း ရှိ ရင် ကုံ လုံတယ်
နင် က တစ် သက်တည်းအတွက် ရှင်တဲ့ ၀ိ ညာ ဉ်လေ........။။

Labels:

ဝိုင်တွေ နဲ့  မူးယစ် အိမ် အပြန်

Wednesday, October 22nd, 2008

   အိမ်ပြန်ချိန်
လမ်းတွေမှာ....
နှုတ်ဆက်လက်ပြ
ငိုမရဘူးချစ် သူ.....။။
ဆို့  နင့်ကြေကွဲ
ဒီရင်ထဲမှာ...
မပြန်ချင်တာပဲ သိတယ်.....။။
အဲဒီညနေခင်းက
မလှပခဲ့ဘူး....
ရော်ရွက်ဝါတွေ
ငြိမ်သက် အိပ်စက်
ငါတို့ ခွဲရလို့ 
တိတ်တိတ်လေးကြေကွဲနေကြရဲ့ .......။။
နင့် အပြုံးလေးတွေကို
ပုံရိပ်ဖမ်းရင်ခုန် ရင်း
အိမ်အပြန်လမ်းပေါ်မှာ
အလွမ်းတို့  နှင့် ခရီး နှင်ခဲ့ပေါ့......။။
  အဲဒီနေ့  ည ရဲ့  အလယ်မှာ...
ဝိုင်တွေ နဲ့  မူးယစ်
  နင်လွမ်းလို့ ကျန်ရစ်ခဲ့တယ်ရော်.......။။

Labels:

အတွက်.........

Wednesday, October 22nd, 2008

အဆင်နုနု လေးနဲ့  ပြုံးပါ ဦး ချစ်သူ
ငါ့အသက်ကြွေလုလု
ငါ့ကိုယ်ငါ... စာမေးပွဲချခဲ့
ဒီအပြုံးမှာပဲ...
ပိုက်ကွန်မိပါစေ........။။
ခပ်ကျုံကျုံရင်ထဲက
သံစဉ်တွေနဲ့ ရေးခဲ့တာ
ဘယ်လိပ်ပြာလေး..
အရောင်တောက်ဖို့  ဆိုတာ
တစ်နေ့ တော့.....
ကောင်မလေးသိကောင်းပါ ရဲ့ ....။။
အပြာရောင် ခုတင်
အပြာရောင်မှန်တင်ခုံတို့ နဲ့ 
ဆင်စွယ်ရောင်အခန်းမှာ
စံမြန်းတဲ့...
ပန်းနုရောင် နတ်သမီးလေးရေ......။။
ချစ်ခြင်းတွေ အစွန်းရောက်နေ တော့လဲ
စိတ်ဆိုးသွားဟန်လေးအဆုံး
စွဲလမ်းမှုဒီဂရီကို
Infinity ပို့  ထားတယ်.......။။

Labels:

ညနေ

Tuesday, October 14th, 2008

ချော်လဲ ဖူးတဲ့ရင်ဘတ်ရဲ့ 
အက်ကွဲသံ တစ် ထပ်
ဒဏ်ရာတွေတမင်စေ ယုံ မျှနဲ့ 
အလွမ်းတွေက
ငါ့အပေါ်မှာ တန်ခိုးကြီးတယ်....။။
ဟော့ဒီ.......
ရင်ကွဲကောင်အတွက်
ကားစင်လို လား...
ချစ် သူ.......။။
ထားလိုက်ပါတော့......
နှလုံးသားချင်း ခင်းတဲ့စစ်မို့ 
ဒိုင်ပွဲရပ်နဲ့  စုတ်ပြတ်သတ်လည်း
ကိုယ့်ကုသိုလ် နဲ့  ကိုယ်ပါလေ........။

Labels:

နှုတ်ဆက်

Sunday, October 12th, 2008

အနှေးပြကွက်နဲ့ 
တာ့တာ ပြနေ ရသလို ပဲ
မခွဲချင်ပဲ......
နှုတ်ဆက်ရဦးမယ် ချစ် သူ...။။
မျက်လုံးမှာခိုစီးနေတဲ့
အလွမ်းက ...
အပူငွေ့  ရည်ဖွဲ့ 
ရင်ကို တိမ်အုံစေခဲ့ပေါ့........။။
အဝေးကြီး......... အဝေးကြီး
စိတ်ကူးကူးရတာ
ခြေထောက်ညောင်းတယ်။
ပြန်ဆုံခွင့်ကို မျှော်လင့်လို့ 
တစ်ယောက် အပေါ်ကို
တစ်ယောက်
သစ်စာတွေ အပြန်အလှန်
စိုစွတ်ကြရအောင်..........။။

Labels:

ကောင်မလေး....

Sunday, October 5th, 2008

ငါ့ညတွေကို

အအိပ်ခက်ကာ

အိပ်ပျက်စေတဲ့

ကောင်မလေးရေ...။

နင့်အကြောင်း

အတွေးများနဲ့ 

မျက်နှာမသစ်ခဲ့ရပေါင်းလဲ

များလှပြီ.........။။

နင်သတိရလို့ 

ငါအိပ်မရတာလား

ငါသတိရနေလို့ 

နင်ရော်.......အိပ်ရရဲ့  လား

ကောင်မလေး....။။

ငါအိပ်မရလို့ 

ကဗျာထိုင်ရေးနေရင်

နင်အိပ်မရလို့ 

ဘာထိုင်တွေးနေမလဲ

ကောင်မလေး...။။

ဒီလိုနဲ့  မိုးသောက်

နေရောင်ရောက်ရင်

လင်းငှက်တေးသံ

ဆွတ်ပြန့် ငါ့အခန်း

မင်းအရိပ်လွှမ်းတုံးပဲ..........။။။

Labels:

ထိပ်ထား..

Sunday, October 5th, 2008

ကဗျာမမှီ ၊ စာမမှီ

ဇာပန်းချီသွန်းပါလို့ 

ညွှန်းစာဖွဲ့ ဆို မည်...။။

လှခေါင်ရယ် ထိပ်ထား..

ဝတီ င်္ဖျားဆီက

နတ်မိမယ်အလား......။။

ပိုင်စိုးမှုဧကရီ

အလီလီနှောင်ဖွဲ့ တဲ့ 

အရောင်လဲ့မျက်ဝန်း.......။။

သမင်မျက်လုံးနဲ့ 

တမင်ပြုံးတဲ့အလှက

စွဲမက်ဖွယ်အသည်းထက်......။။

အအိပ်ခက်တဲ့

ကြယ်ရောင်စုံ ညနက်မှာ

အမြဲလို နှိပ်စက်သူရေ....။။

နှလုံးသားမှာ...

သိုသိပ်မထားနိုင်တဲ့အကြောင်း

ထပ်လောင်းကာ ဒီကဗျာနှင့်

ပြောပါ မယ်... ထိပ်ထားသိစေကြောင်း..။။။

Labels:

<< Start < Prev 1 Next > End >> Results 1 - 15 of 15
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.