Sign Up
lost your password?

julydream

Poem

စကားဝါ

Saturday, November 1st, 2008

တကယ်တော့... ထို စဉ်အခါကတည်းက ကျွန်တော် .... '' စကားဝါ '' ပန်းလေးကို ချစ်မိခဲ့တာပါ...။။
စွဲမက်ဖို့ ကောင်းတဲ့ '' စကားဝါ ''....
ကျွန်တော့ ရင်ကို နွယ်တစ်ပင်လို တင်းကျပ်စွာရစ်ပတ်နှောင်ဖွဲ့  လာ သည့်...'' စကားဝါ ''
ချစ်လှစွာသော '' စကားဝါ ''ရေ.....
ငါ့..အိမ်မက်...ငါ့သမိုင်း...နက် ရှိုင်းစွာဖြစ်တည်ဖို့ တခမ်းတနား တွေးမိရဲ့ ... မျှော်လင့်ခြင်းတွေတဖွဲ ဖွဲ..မိုးဝတ်မြူထဲမှာ...တက်ကုန်ရွက်ကုန်ဝေလို့ ပေါ့......။။
'' စကားဝါ '' ...... အချစ်ဟာ..သမိုင်းဆန်ဖို့  လိုအပ်ပါရဲ့ ...ငါ့မှော်ရင်ဘတ်ထဲက နှလုံးသားဗဟိုခပ်နက်နက်မှာပွင့်တဲ့ပန်း.....'' စကားဝါ ''
ငါ့..အနာဂတ်အတွက်....ချစ်ခြင်းတို့ နဲ့ ..လမ်းပြလှည့်ပါ....'' စကားဝါ ''
နှလုံးသားမှာ အလွမ်းတွေက'' စကားဝါ ''အတွက် ပျိုးတက်လာ၏...ငါ စိတ်ရှည်လက်ရှည်စောင့်နေတဲ့ဆုံနိုင်ခွင့်.....အတွေးတို့  လေယူရာလွှင့် ...မကြာခင်အာရုဏ်လာတော့မယ်...။။
ထိုနေ့ က... မနက်အစောကြီး.. နိုးနေ သည်... ညကလဲတော်တော်နှင့် အိပ်မရခဲ့...လင်းခါနီးမှဖျက်ခနဲ့  အိပ်ပျော် ရုံသာ...။
ပြန်အိပ်ချင်စိတ်မရှိသောကြောင့်.....ချိန်းထားသောနေရာသို့  ထွက်လာခဲ့သည်..။။အချိန်အများကြီးစောနေသေးသည်...သို့ သော်..ဒီနေရာမှာပဲ..ထိုင်စောင့်နေမည်ဟုဆုံးဖြတ်လိုက်သည်...။။
'' စကားဝါ '' ဒီနေ့ ...သူမ မွေးနေ့ ....သူမရဲ့  ၂၅ နှစ်မြောက်မွေးနေ့ ....ထို့ အတွက်....သူမနှင့် ဘုရား သွားရန်အတွက် ချိန်းဆို ထားခြင်းဖြစ် သည်...။။
ဘတ်စ်ကားများ...တစ်စီးပြီးတစ်စီး...မှတ်တိုင်တွင် ရပ်သည်...လူအချို့  ဆင်းလာကြသည်...လူအချို့  တက် သွား ကြသည်...ဘက်စ်ကားထွက် သွားသည်...။။
လက်မှ နာရီကို ကြည့်မိသည်...၆နာရီခွဲ.... '' စကားဝါ ''ပြော ထားသော ၇နာရီ ရောက်ဖို့ ...လိုသေးသည်....။။သို့  သော်လည်း...လာသမျှ ဘက်စ် ကားများ ကို လိုက်ကြည့်နေမိသည်...။။
သူမပြောသည့်...ခြင်္သေ့ ကြီးအောက်တွင် တစ်ယောက်ထဲ စောင့်နေဆဲ......
၇ နာရိ ၁၅ မိနစ် ရှိ ပြီ.....'' စကားဝါ '' မရောက်လာသေး..လက်မှနာရီ ကို ကြည့်..... မှတ်တိုင်တွင်ရပ်သောကားများ ကို ကြည့် နှင့် စိတ်မောလာသည်..
သူမ ... ချိန်းဆိုထားသောနေရာ ခြင်္သေ့ ကြီးအောက်ဆို တာ... ကျိန်းသေ သည်...နေရာမမှား နိုင်..ဟု ကို ယ့်ကိုကိုယ်ပြန်မေးကြည့်နေမိသည်....။။
၇နာရီ ၂၀ မိနစ်...အမှတ် (၃) ဘတ်စ်ကားတစ်စီး....မျတ်တိုင်တွင် ရပ် သည်.... အမျိုးသားကြီးတစ် ဦး...ဆင်းလာသည်...ထို့ နောက် ..ကောင်မလေးတစ်ယောက်...
သူ၏ နောက်တွင်... '' စကားဝါ ''......ဟုတ်သည်...ကျွန်တော်ရဲ့  ချစ်လှ စွာသော...'' စကားဝါ ''..... အပြာနုရောင် အကျီ င်္လေး နှင့် အနက်ရောင် ကချင်ထမီလေးကို လှပစွာဝတ်ထားသည့်.... ချစ်လှ စွာသော..'' စကားဝါ ''.....ရောက်လာပြီ....။။
ထို့ နောက်... '' စကားဝါ '' နှင့်အတူ... မွေး နံ ထောင့်တွင်...ပန်း၊ဆီမီး၊ ပူဇော် သည်..ဘုရား... ရင်ပြင်တော်ပေါ်တွင်...ခဏထိုင်ကာ.. စကားပြောဖြစ်သေးသည်...။။
'' စကားဝါ ''..... ချစ်လှစွာသော..'' စကားဝါ ''... ဒီနေ့ .... နင် အရမ်းလှ ရက် နိုင်လွန်းတယ်... '' စကားဝါ ''.. ရယ်.........။။။

 

ကျွန်တော် ရူးသွပ် စွာ.. ချစ်ရပါတယ်.. '' စကားဝါ '' ရယ်.... မိုင်ရာချီဝေးနေပေမဲ့... '' စကားဝါ '' ပန်းရနံ့  ရင်ထဲထိမွှေးပျံနေ တုန်းပါပဲ...မွှေးမြလွန်းလှတဲ့ '' စကားဝါ '' ပန်းရနံ့ ဟာ.. ကျွန်တော့်ရင်တစ်ခုလုံး ချာချာလည်မူးယစ်ခြင်းတွေ ခြုံလွှမ်းသိမ်းပိုက်သွားခဲ့ပေါ့..........ဘယ်ရနံ့ နဲ့  မှမတူဘဲ...သင်းမြကြိုင်လွန်း လှတယ်.. '' စကားဝါ ''....
မပြတ်ရောက်လာတဲ့....'' စကားဝါ '' ပန်းရနံ့  တွေကို ရှောင်ဖယ်မရ...မေ့ဖျောက်မရနဲ့ ...တသသစွဲလမ်းနေတဲ့ကောင်ပါ...
ဒီလိုနဲ့ ပဲ... '' စကားဝါ ''ဟာ... ကျွန်တော့ ရင်ထဲကို မသိလိုက် မသိဘာသာ ဖောက်ထွင်းရှင် သန်ပွင့်လန်းနေခဲ့တာပါ...။။(အမြဲတမ်းနမ်းထားဖို့  တောင့်တငတ်မွတ်နေ မိသူပါ...)
ဘာတတ် နိုင်မှာလဲ လေ..မသိစိတ်အလျဉ်မှာ '' စကားဝါ ''ပန်းကိုစွဲလမ်းအငြိငြိအယှက် ယှက်နဲ့  မြတ်နိုးနေမိခဲ့သူပါ....။။
မိုးစက် နှင်းမြူ
မင်းမျက်ဝန်းတို့  ကို
ငါ... ပြန်တောင်းတ
အလွမ်းတွေရွာထားသလို...
အလွမ်းတွေ ဝေထားသလို....
ငါ့.... မျက်ဝန်းထဲမှာ
မှုန်ရည်ေ၀၀ါး....
ဒီလို အနေဝေး...ညများ
ဘယ်တော့ မှကုန်ဆုံးကာ..
ပြန်ဆုံနိုင်မှာ လဲ...
'' စကားဝါ ''............ရယ်။။

Labels:

<< Start < Prev 1 Next > End >> Results 1 - 1 of 1
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.