Sign Up
lost your password?

julydream

Poem

အလွမ်းသ၀ဏ်လွှာ

Thursday, April 30th, 2009

လွမ်းနှစ်ရက်ရယ်

ထပ်ဆင့်ကဲ

လေး ကမ္ဘာ ဝေးပါနဲ့ လေ....။။

ကျေးစေတမန်

မနှေးအမြန်

ပြောပေးပါဘု......။။

ဒီတစ်ရက်အဖို့ 

တယ်လီဖုန်းလဲ 

မစွမ်းသာ..............။။

သာပါစ ၊ မာပါစ

ဗျာပါဒ နဲ့ တွေး

သူ့ ဖုန်းခေါ်သံ... မျှော်မိပေါ့လေး...။။

ဝေးမြေမှာ...

ဒီမောင် မစွမ်းသာလို့ 

လွမ်းနာကျ ပူပန်

အယူခံ ၀င်ပါရဲ့  ကြမ္မာ

အမြန်သာ ပို့ ဆောင်ပေးပါ ဟု

သူ့ အနားမသွေ ရောက်စေကြောင်း

ဆုခြွေလို့ တောင်း...................။။။

                                                (ငဂျူလိုင်)

Labels: ဘာအမျိုးအစားမှန်းမသိပါဘူး. စိတ်ကူးပေါက်ရာရေးထားတာပါ :)

တောင်သူမလေးရဲ့  ကမ်းဝေးလှောင်အိမ်

Tuesday, April 28th, 2009

အဲဒီတောင်သူမလေးပေါ့....

လေပြေတွေ ကိုပိုက်

သူ့ ...... ၀တ်လွှာတွေ ကို စိုက်ဖို့ 

ယာမြေ အရှာထွက်လာတယ်.....။။

အဲဒီတောင်သူမလေးပေါ့......

ပန်းတွေ ကြွေ ရလွန်းလို့ 

အလင်္ကာမှာတမ်းနဲ့ 

သေခြင်းကို သတ်ပစ်လိုက်စမ်းပါတဲ့

အလင်းဝှက်အကောင်တစ်သောင်းရဲ့ 

မျက်ရည်....ပင်လယ်မှာ

စံပယ်တွေ ကြွေအောင် တိုင်တည်လိုက်တယ်.....။။

အဲဒီတောင်သူမလေးပေါ့.....

လမင်းကြီးဟာ... သူ့ ရင်ခွင်ထဲက

ကြယ်ပွင့်လေးတွေ ကို တကယ်မှ ချစ်ရဲ့ လား....တဲ့

မှိတ်တုတ် ဖိတ်လက်နေပေမယ့်

သံစဉ်မထွက် နိုင်တယ် ကြယ်လေးရေ...

မင်းပျော် ပါရဲ့ လား.....

မင်းပျော်ပါ ရဲ့ လားကွယ်.........

ပန်းထက်မွှေးတဲ့ ညနေခင်းအားလုံးကို

ရွှေဖြစ်အောင်ချစ်ချင်ခဲ့ပါ ရဲ့ ......။။

အဲဒီတောင်သူမလေးပေါ့........

မြစ်တစ်စင်းဟာ....

ချစ်ခြင်းသဘောလည်းဆောင် ရဲ့ ...

သွယ်ဝှိုက် ၊ ဖြောင့်တန်း

လွင်ပြင် ၊ ချိုင့်ဝှမ်း တွေ ကိုဖြတ်

တော အထပ်ထပ် ၊ တောင် အထပ်ထပ်ပေါ့..........။။

အဲဒီတောင်သူမလေးပဲပေါ့.......

 သူ့ ... မျက်လုံးတွေဟာ

နံနက်ခင်းရဲ့  ပုခက်

ကြယ်တွေ ရဲ့  အိမ်မက် ဆို လဲ

ဟုတ်ရဲ့ ........

 မြူမှုန်ရဲ့  ကောင်းကင်မှာ

ကိုယ့်ကို ပျဲ ၀ဲ ရုံသာခွင့်ပေးပါ့လား...........။။

အဲဒီတောင်သူမလေးပဲပေါ့............

ဝတ်ဆံအိမ်မှာ မွှေးရနံ့ တွေ

ပြည့်သိပ် သင်းပျံ နေတဲ့

အချိန်တစ်ချိန် ရှိခဲ့ဖူးတာ

သိကောင်းပါ ရဲ့ .....

အခုတော့....... အဲဒီရ နံ့ တွေ ကို

ပြည်လည် .....သိမ်းဆည်း

ပြန်ပြီး...... ငုံပိတ် လို့ ရတဲ့

မှော် အတတ်....ဘယ်သူများတတ်ပါလိမ့်...

ပြောစမ်းပါလား.... တောင်သူမ

ပြောပြစမ်းပါလား...တောင်သူမရယ်.....။။

အဲဒီတောင်သူမလေးပဲပေါ့....

တံခါးတွေဖွင့်လိုက်ပါ

မနက်ခင်းအလင်းအတွက်

အခန်းပြင်ထားပေးပါ

တေးဆိုငှက်နဲ့ အတူ

ပျော်ရွှင်ခြင်းတွေကို ကိုက်ချီခဲ့ပါမယ်....။။

အဲဒီတောင်သူမလေးပဲပေါ့.....

ဟိုး...... အဝေးက

နတ်ပျိုးတဲ့ ဥယျာဉ် ပန်းတံခါးကို

ဖွင့်လှစ်ပြီး.....

ကမ္ဘာ မြေရဲ့ 

ပထမ အရွယ် နုပျိုခြင်းအပေါ်

မင်း...ဆင်းသက်လာခဲ့တုန်းကပေါ့........။။

အဲဒီတောင်သူမလေးပဲပေါ့........

ရွာလုလု မိုးဒေ၀ါက

မင်းရဲ့  ရွှန်းလဲ့ မျက်ဝန်းနက်ကလေးထဲမှာ

သူ့  ဂီတကို ရှာတွေ့  သလိုမျိုး

ကိုယ့်.......၀ါဆိုဦးက

စံပယ်ပွင့်တွေ နဲ့  ကြိုလင့်လျှက်ပါ.......။။

အဲဒီတောင် သူမလေးပဲပေါ့........

နှင်းပန်းဟာ.....

လမင်းရဲ့  အချစ်ကို မျှော်မော့ရင်း

ဖျော့တော့နေ ရှာပြီ......

မင်းက............

ပွင့်ချပ် ၊ ပွင့်ခတ်တွေ နဲ့ 

အရိပ်ဝေတဲ့ ....

ကမ်းစပ်ကို မြတ်နိုးတယ်ဆို 

ကိုယ့်ဆီကိုသာ....

ညင်သာတိုးတိတ်......

စိုးထိတ်ခြင်းမရှိပဲ...

ငြိမ်းချမ်းစွာ စီးဝင်ခဲ့ပါတော့......

တောင်သူမရယ်...........................။။။

 

 

 

 

Labels:

မျက်ဝန်းတစ်စုံ တွင် ချော်လဲ ခြင်း

Saturday, April 25th, 2009

                             (၁)
ကိုယ့်ရင်ဘတ်ကို ကိုယ်ကြိုးတပ်လို့ 
တယောလိုထိုးရ.....
အသံတစ်သံ...... အသံဗလံ
ခေါ်လို့  မကြား၍  
နားတို့ လိုက်လာခဲ့ပြီ.....။။
                                 (၂)
ဝန်ခံခြင်းတွေ နဲ့ 
ဒူးထောက်ထားပေမဲ့
သံသယတွေ နဲ့  ဆုံးဖြတ်တဲ့
မင်းကို......
ငါ့ချစ်ခြင်းတွေ
မလွန်ဆန်နိုင်ကြသေးဘူး....။။
                                (၃)
ပထမဆုံး လမင်း
ဘယ်ရင်ခွင်မှာ လင်း လင်း
မင်း အလင်း နဲ့ ...
ငါ့အရိပ်တွေ ရှည်နေ ရရင်
ကျေနပ်တယ်.........။။
                            (၄)
မျှော်လင့်ခြင်းကို ဖက်ပြီး
ခဏ ဖြစ်ဖြစ် အိပ်ချင်ယောင်ဆောင် ရမယ်
 " ဧဒင် " ရေ........
ငါတော့ လုံးဝ ကိုးကွယ်လိုက်ပြီ
နောက်ထပ်လွန်မဆွဲတော့ ဘူး......။။
                             (၅)
တစ်ဘ၀စာ စိုရွဲ ပြီးသားကောင် ကိုမှ
ထီးမိုးပေးခဲ့ သူရေ....
မင်း ...မလွန်ပါဘူး
မင်း.....မလွန်ပါဘူး
ထီးအောက်မှာ ငြိမ်သက်ခဲ့မိသူ
ငါသာ...................။။
                                (၆)
ရနံ့ တွေ အခိုးခံရတယ်......ဆိုပြီး
 " စကားဝါ " ပန်းလေး ငိုမှာစိုးလို့ 
သူ့  ဘေး က အဖြတ်
လေပြေတစ်ချက် အဝှေ့  မှာ တောင်
ငါကလေ......
အသက်အောင့်ထားခဲ့တဲ့ကောင်ပါ..........။။
                                  (၇)
လှောင်အိမ်ထဲ က ...... " ၀က် "
ချည်တိုင် နဲ့   " ငှက် " လို
အထားအသို.....လွဲ
ဝှက်ဖဲတွေ များလွန်းခဲ့တယ်....
ငါ့အနာဂတ်မှာ.................။။
                             (၈)
မင်းရဲ့  အမှောင် တွေ ကို
လင်း   ပ   ၀င်း    မြ
မပေးနိုင်ခဲ့တဲ့ ငါ..........

မီး ပုံထဲမှာ......ပိုးစုန်းကြူး ဘ၀နဲ့ 

ြုပာကျ ပါ ရစေ..................။။
                         ( ၉)
အကြည့်တစ်ချက်နဲ့ 
ကမ္ဘာ ပျက်ခဲ့ ရသူ အဖို့ 
ဒုက္ခ တွေ..........
ပင်လယ်လို..... ဝေ     ။။

Labels:

မသိ.... သခင်

Friday, April 24th, 2009

                   ချစ်တတ်ဖို့ သင်ပေးခဲ့သော ပန်းပွင့်ကလေး၏ ရာဇ၀င်ကို သက်သေခံနိုင်သည့် မျက်ဝန်းတစ်စုံ ကွဲရှခဲ့သည်မှာကြာချေပြီ...။ ကျပျောက်သွားသော မျှောင်လင့်ခြင်းအတွက် ငိုကြွေးခဲ့ရသော မျက်ရည်များ၏ တန်ဖိုးကို သူမ ထံမှ အလျော်တောင်းရန် ကျွန်တော့်ထံတွင် ကြွေး ကျန်၍  နေပါသည်...။စွန့် ခွာမှုရဲ့  ရလဒ်အမာရွတ်အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကျင်းပရန် ဘယ်သောအခါမှ ကျွန်တော် မကြံရွယ်ပါ....။ ကျွန်တော်သည်
သံယောဇဉ်တောအုပ်တွေ ရော်ဘင်ဟုဒ် လုပ်ချင်၏...။ အင်းလျားကန်ဘောင်တွင် ညအိပ်ဖူး၏...။ဗိုလ်အောင်
ကျော်လမ်းမှ သုခ မှတ်တိုင်အထိ လမ်းလျှောက်ပြန်ဖူး၏... (မိုးရွာထဲတွင်ဖြစ်သည်)။ နာဇီ ၊ ဗလာ ၊ အန့်  တို့ နှင့်
အိမ်နံပါတ်အမှားတစ်ခုကိုကိုင်ကာ သူမနေထိုင်ရာ အိမ်ကိုရှာခဲ့ဖူး၏...။။
                                                       အိုလံပစ်တာဝါတွင် သူမ သိပ်ကြိုက်သော မြေအိုးမြီးရှည် လိုက်ကျွေးသဖြင့် ကျွန်တော် ကို သူမက အာဘွားပေးပါသည်..။ ကော်ဖီဆိုင်တစ်ခုတွင် လူလစ်ခိုက် သူမပါးကို
ခိုးနမ်းသောအခါ သူမက ကျွန်တော့်လက်မောင်းကိုကိုက်ပါသည်...။သူမနာမည်မှာ  "စကားဝါ " မဟုတ်ပါ...။
ကျွန်တော့်ရင်ထဲကပန်းပွင့်လေးဖြစ်ပါသည်..။ ပန်းဆိုသော်လည်း...  "စကားဝါ "မဟုတ်ပါ...။  "စကားဝါ "ပန်း
ကလေးဖြစ်မည်ဟုထင်ပါသည်...။ သို့ သော်..... မသေချာ...။ သေချာသည်က ကျွန်တော် သူမ ကိုသိပ်ချစ်ခဲ့ခြင်း ဖြစ်သည်.....။
                                                     အချစ်ဆိုသည်မှာ................
                                                   အချစ်ဆိုသည်မှာ...............
                                                 အချစ်ဆိုသည်မှာ.............
                                     ထူးအိမ်သင် သီချင်းမဟုတ်တာ ကတော့ သေချာသည်...။သေချာသည်ကိုတော့
ကျွန်တော် မသိ...။ ကျွန်တော် မသိတာ ကတော့ သေချာသည်...။ သူမကို ဟောင်သည့်ခွေးအား..ခဲနဲ့ ပေါက်ချင်တာ အချစ်လား... ၊ သူမခြေဖ၀ါးကို ရွံ့ ဗွက်များစင်သွားသည့်အခါ သုတ်ပေးမိတာ အချစ်လား...၊
ကျွန်တော်တို့ အိမ်တွင် ဆွမ်းကျွေးသောအခါ သူမကိုလာစေချင်တာ အချစ်လား....၊ လား.........၊ လား.....၊
လား.........ပေါင်းများစွာ ကို ကျွန်တော် မသိတော့......။။
                                              စက်တင်ဘာအရေခြုံထားတဲ့ အလွမ်းတို့  အရည်တင်းနေတာ ကျွန်တော်သိသည်...။ နာဇီ နှင့် ဘိုနီ တို့  အကြောင်းကို ကျွန်တော်သိသည်...။ တက်(ဂ်ျ)မဟာ ၊ ဗာလင်တံတိုင်း ၊ ဗယ်လင်တိုင်း ၊ ဆိုက်ဘေးရီးယားကွင်းပြင် ၊ ဆာဟာရ ၊အိုအေစစ် ၊ အိုလံပစ် .. ကျွန်တော်သိသည်....။ ဗလာတစ်ယောက် ကောင်မလေးတစ်ယောက်ရဲ့  ဓာတ်ပုံလိုချင်နေတာ လည်း ကျွန်တော်သိသည်...။လပေါ် လူရောက်တာ လည်းသိသည်..။ လင်းလက်အောင် သရဲကြောက်တာ လဲသိသည်..။ သူမအကြောင်းကို ကျွန်တော် မသိ...။လှည်းတန်း နှင့် မြေနီကုန်း  ကိုသိသည်..။ ငတိတို့ အကြောင်းကို သိ သည်...။ကောသလမင်း အိမ်မက်တစ်ဆယ့်ခြောက်ချက်ကိုသိသည်...။
အခုတလော ညီမင်း ဘာတွေ ဖြစ်နေတယ်ဆိုတာကိုလည်းသိသည်..။ သူမဘယ်မှာနေသလဲ ကျွန်တော်မသိ..။YKKO  ၊ Mr.Brown ကိုသိသည်...။ ကိုသူတစ်ယောက် ချိုဝမ့် ကို မချစ်တော့တာသိသည်.။
အိုလံပစ်တာဝါ ၊ ပန်းဆိုးတန်း ကိုသိသည်...။ပထမတစ်ယောက် ရည်းစားရနေတာကိုလည်းသိသည်...။
                                    သူမ ဘာကြောင့် ကျွန်တော့ ကို လိမ်ညာခဲ့သလဲ ဆိုတာ.. ကျွန်တော်လုံးဝမသိ...။
     သူမ ရဲ့  မသိကျေးကျွန် အောက်က ကျွန်တော့်အတွက်တော့ ..သူမ က မသိခြင်းရဲ့  သခင်.......။။။။။

Labels:

အပိုင်း (၁) ၊ အပိုင်း(၂)

Friday, April 10th, 2009


                                                      (၁)

ကျွန်တော် အသက်ရှင်ခဲ့ခြင်းမှာ မွေးဖွားခဲ့ခြင်းကြောင့်ဖြစ်သည်.. အကယ်၍..့...မွေးဖွားခဲ့ခြင်းသာမရှိပါက...
ကျွန်တော်အသက်ရှင်စရာအကြောင်းမရှိ....။။ကျွန်တော် အသက်ရှင်ရပ်တည်ဖို့ ပြုဖွယ် ကိစ္စ   တွေရှိနေသည်...။။
လောကကြီးတွင် သဘာဝတရားများသည် သဘာဝကျစွာရပ်တည်လျှက် ရှိသည်..။ ကောင်းကင်၊ သစ်ပင်ထိပ်ဖျားနှင့် အိမ်မိုးများ၊ ခွေးလေခွေးလွှင့်တစ်ချို့ ၊ ဈေးတန်း၊ ဓာတ်ကြိုးပေါ်မှ ငှက်တစ်ကောင်၊
ကားဟွန်းသံ၊လေပြည်သွေး..စသောအရာများ က သဘာဝ။ ကျွန်တော် သည် သဘာဝတရားထဲ က လူလား...။
အတွေးများဖြတ်ပြစ်လိုက်သည်....။။
မုန့် ဟင်းခါးစားရန်ထွက်လာသောကျွန်တော် သည် သူငယ်ချင်းတစ်ယောက်နှင့်တွေ၍ လက်ဖက်ရည်ဆိုင်ကို
ရောက်ရှိသွားသည်..။။ကျွန်တော်တို့ သောက်နေ သော လက်ဖက်ရည်မှာ..သောက်နေကျပုံစံဖြစ်သည်....။
ကောင်းစွာမကျက်သေးသော ထပ်တစ်ရာ...ချစ်စမ်းမောင်၏ဂစ်တာ လက်သံနှင့်...ကျွန်တော့်သူငယ်ချင်း၏
ဆေးလိပ်မီးခိုးများသည် ကျွန်တော့်ကို ကသိကအောက်ဖြစ်စေသည်..။။သူက မန်ယူအကြောင်း၊ မိုးဟေကို
အကြောင်း ၊ Giordano တံဆိပ် စပို့ ရှပ်အကြောင်း ပြော၍  ကျွန်တော် က ကဗျာ အကြောင်း၊  Hip Hop ဂီတ
အကြောင်း ၊ မန်းလေးမှာ မီးခဏခဏ လောင်သည့်အကြောင်းပြောခဲ့သည်...။။ ကျွန်တော်တို့  စားပွဲပေါ်တွင်...
မန် ၊  ဟေ  ၊ နို ၊ ဗျာ ၊ ဟော့  ၊ မီး ၊ လောင် ၊ ဟစ်၊ က ၊ဂျော် ၊ မိုး ၊ယူ တို့ ရှုပ်ထွေး ပြန့် ကျဲနေကြသည်...။။
ကျွန်တော် အိမ်ပြန်လာသောအခါ....ဟင်းမကျက်သေး..။။ ငပိချက်တစ်ခွက်ကျက်ရန်..နာရီတစ်လုံး၏
မိနစ်ပေါင်း ခြောက်ဆယ် ခန့် ကို အသုံးပြုရမည်ဖြစ်သော်လည်း....ထိုနာရီသည်..ချယ်ရီဦး မှဝယ်ရန်
မလိုပါ.......။။ကျွန်တော် မြို့ ထဲ သွားရန်...(အဓိပတိ)စောင့်နေ ခိုက် (ရွှေဧည့်သည်)ကားရောက်လာသဖြင့် စီးခဲ့ပါသည်...။။ကျွန်တော် ဘာလုပ်မည်နည်း။ ဘာမဆိုလုပ် နိုင်သည်....။။မြေနီကုန်းသို့ မျက်စိအစာကျွေး
အလေလိုက်ရန်သွားသည်...။။ တစ်ခါတစ်ရံဒဂုံစင်တာ ၀င်သည်...။ မြေနီကုန်းနားကထိုင်နေကျကော်ဖီဆိုင်မှာ..အခုကျွန်တော်မေ့သွားသောနာမည်ဖြစ်သည်..။ကိုသူ၊လင်းလက်၊
မုန်တိုင်း ၊ ဗလာ၊ ငတိ၊ အန့်  တို့ တစ်ယောက်မှ မပါ။  ကျွန်တော် ခါတိုင်းလိုပင်ကောင်မလေးတွေကို
လိုက်ငေးသည်...။။ ကောင်မလေးတွေ က အက်ကြောင်းထပ်နေ တာ လား ၊ သောက်နေကြ ကော်ဖီက
အက်ကြောင်းထပ်နေ တာ လား ၊ ထိုင်နေကြခုံက အက်ကြောင်းထပ်နေ တာ လား ၊အက်ကြောင်းထပ်တာ
တွေက အက်ကြောင်းထပ်နေ တာလား .။။ မြင်နေကြအရာတွေ က တွေ့ နေ ကြဖြစ်သည်..။။ ကျွန်တော်
နေ့ လည်စာမစားရသေးကြောင်း...သတိရသဖြင့်ဆေးလိပ်ကောက်သောက်လိုက်သည်..။။
ဆိုင်အတွင်းဆေးလိပ်မသောက် ရ စားပွဲထိုးလေးလာပြောသဖြင့်မီးငြိမ်းလိုက်ရသည်...။။ ကျပ်ညပ်ပြွတ်သိပ်
ကာ...အသက်ရှုရန်ခက်ခဲသောလိုင်းကားတစ်စီးနှင့်ကျွန်တော်အိမ်ပြန်ရသောခရီးမှာတစ်ခန်းရပ်ငရဲပြဇာတ်
တစ်ပုဒ်ပင်ဖြစ်သည်...။။ အိမ်ကဖွယ်တယ်တယ်ညနေစာမှာခံတွင်းပျက်နေသော ကျွန်တော့်အဖို့ အရသာတွေ့ စရာမမြင်ပါ.....။။ကဗျာရေးဖို့ စာအုပ်ရှာတော့မတွေ့ ပါ....။။ မတွေ့ ပါ....။။ မတွေ့ ပါ.....။။
မတွေ့ ပါ........။။ မတွေ့ ပါ..........။။ စာအုပ်ရှာတွေ့ တော့.. မီးပျက်သွားသည်....။။ မီးပြန်လာသောအခါ
ကျွန်တော်အိပ်ပျော်နေသည်.....။။အိမ်မက်ထဲတွင်ကျွန်တော်မွေးဖွားဖို့ အတွက် အသက်ရှင်လာသည်...။။
                                             (၂)
ကျွန်တော် ရှင်သန်ဖို့ အတွက်မွေးဖွားလာသည်မှာ အိမ်မက်ထဲတွင်...။။ ကျွန်တော်အိပ်ပျော်နေသောအခါမီး
လာသည်...။။မီးပျက်သွားသော အခါမှ စာအုပ်ရှာသည်...။။ မတွေ့ ပါ....။။ မတွေ့ ပါ......။။ မတွေ့ ပါ....။။
မတွေ့ ပါ...။။ မတွေ့ ပါ..စာအုပ်ထဲတွင်ကဗျာရေးဖို့ ရှာသောအခါ...။။ ကျွန်တော့်အဖို့ ခံတွင်းပျက်သော
ကြောင့်...အိမ်ကဖွယ်တယ်တယ် ညနေစာမှာအရသာတွေ့ စရာမမြင်ပါ...။။ တစ်ခန်းရပ်ငရဲပြဇာတ်တစ်ပုဒ်
နှယ်..ကျွန်တော်အိပ်ပြန်ရသောခရီးမှာ...ကျပ်ညပ်ပြွတ်သိပ်ကာအသက်ရှုရန်ပင်ခက်ခဲသောလိုင်းကားတစ်
စီးနှင့်ဖြစ်သည်...။။ ဆေးလိပ်မီးငြိမ်းလိုက်ရသည်မှာ..ဆိုင်အတွင်းဆေးလိပ်မသောက်ရဟုစားပွဲထိုးလေးလာ
ပြောသောကြောင့်ဖြစ်သည်...။။ ဆေးလိပ်သောက်ခြင်းသည်က...နေ့ လည်စာမစားရသေးဟုကျွန်တော်
သတိရသောကြောင့်ဖြစ်သည်....။။တွေ့ နေကျအရာတွေ က မြင်နေကျဖြစ်သည်...။။ အပ်ကြောင်းထပ်တာ
တွေ က အပ်ကြောင်းထပ်နေ တာလား...၊ ထိုင်နေကြထိုင်ခုံက အပ်ကြောင်းထပ်နေတာလား..၊ သောက်နေ
ကြကော်ဖီကအပ်ကြောင်းထပ်နေ တာလား...၊ ကောင်မလေးတွေ က အပ်ကြောင်းထပ်နေ တာ လား...။။
ခါတိုင်းကောင်မလေးများကို ကျွန်တော်လိုက်ငေးသည်...။။ ကျွန်တော်တစ်ယောက်တည်းကြောင့်...အန့် ၊
ငတိ၊ ဗလာ၊ မုန်တိုင်း ၊ လင်းလက် ၊ ကိုသူ တို့  မပါ...။။ ကျွန်တော်မေ့သွားသော အမည်ဖြင့်ဖွင့်ထားသော
မြေနီကုန်းနားကကော်ဖီဆိုင်မှာထိုင်နေ ကြဖြစ်သည်...။။ဒဂုံစင်တာသင်သည်မှာ..တစ်ခါတစ်ရံဖြစ်သည်..။။
အလေလိုက်ဖို့ မျက်စိအစာကျွေးရန်မြေနီကုန်းသို့ သွားသည်...။။ ဘာမဆိုလုပ်နိုင်သည်..။။ ကျွန်တော်ဘာ
လုပ်မည်နည်း...။။ (ရွှေဧည့်သည်)ကားရောက်လာသဖြင့်စီးခဲ့သောကျွန်တော်သည်..မြို့ ထဲသို့ သွားရန်
(အဓိပတိ)စောင့်နေခိုက်ဖြစ်သည်...။။ ဟင်းများမကျက်သေးခင်ကျွန်တော် အိမ်ပြန်ရောက်လာသည်...။။
နာရီတစ်လုံး၏ မိနစ်ပေါင်းခြောက်ဆယ် ကိုအသုံးပြုမှ ငပိချက်ကျက်မည်ဖြစ်သော်လည်း ချယ်ရီဦးမှဝယ်ရန်
ထိုနာရီမလိုပါ...။။ယူ ၊ မိုး ၊ ဂျော် ၊ က ၊ ဟစ် ၊ လောင် ၊ မီး ၊ ဟော့ ၊ ဗျာ ၊ နို ၊ဟေ ၊ မန် တို့ ရှုပ်ထွေးနေသည်က
ကျွန်တော်တို့ စားပွဲပေါ်တွင်ဖြစ်သည်...။။ ကျွန်တော်က မန်းလေးမှာ မီးးခဏခဏလောင်သည့်အကြောင်း ၊
Hip Hop ဂီတ အကြောင်း ၊ ကဗျာ အကြောင်းပြော ၍  သူက Giordano တံဆိပ်စပို့ ရှပ်အကြောင်း၊ ၊မိုးဟေကိုအကြောင်း...၊ မန်ယူအကြောင်း ၊ ပြောခဲ့သည်...။။ ကျွန်တော့်ကို ကသိကအောက်ဖြစ်စေသော
အရာများမှာ...ကျွန်တော့်သူငယ်ချင်း၏ဆေးလိပ်မီးခိုး..၊ ချစ်စမ်းမောင်၏ ဂစ်တာလက်သံ ၊ ကောင်းစွာမကျက်သော ထပ်တစ်ရာတို့  ဖြစ်သည်...။။သောက်နေ ကျ ပုံစံ လက်ဖက်ရည်ကို ကျွန်တော်တို့ 
သောက်ကြသည်...။။ လက်ဖက်ရည်ဆိုင်သို့ သူငယ်ချင်းတစ်ယောက်နှင့်တွေ ၍  ရောက်ရှိသွား
သောကျွန်တော်သည် မုန့်ဟင်းခါစားရန်ထွက်လာခဲ့ခြင်းဖြစ်သည်...။။ ဖြတ်ပြစ်လိုက်သည့်အတွေးများမှာ...
သဘာဝတရားထဲက လူသည်.. ကျွန်တော်ဖြစ်သည်...။။ သဘာဝ က လေပြည်သွေး ၊ ဓာတ်ကြိုးပေါ်မှ ငှက်တစ်ကောင်၊ ကားဟွန်းသံ ၊ဈေးတန်း ၊ ခွေးလေခွေးလွှင့်တစ်ချို့  ၊ အိမ်ခေါင်မိုးများနှင့် သစ်ပင်ထိပ်ဖျားတို့ ဖြစ်သည်....။။ သဘာဝကျစွာရပ်တည်နေသော....သဘာဝတရားများလောကကြီးတွင်ရှိသည်.။
ကိစ္စ  တစ်ချို့  အတွက်ကျွန်တော် အသက်ရှင်ရပ်တည်ဖို့ ရှိသည်...။။ အကယ် ၍  ကျွန်တော်အသက်ရှင်စရာအကြောင်းမရှိသည်မှာ..မွေးဖွားမှုမရှိခြင်းကြောင့်ဖြစ်သည်...။။
ကျွန်တော့် ကိုမွေးဖွားခဲ့ခြင်းကြောင့်ကျွန်တော်အသက်ရှင်ခဲ့ရခြင်းဖြစ်သည်.......။။               

ဝန်ခံချက် ....။။ ဆရာ သစ္စာ   နီ ၏ ရေးနည်းဟန်ကိုမှီငြိမ်းပါ သည်...။။

Labels:

စီးချင်းအတုထဲကဓားသွား

Wednesday, April 8th, 2009

အမှန်တရားတွေ က
ဖုန်းဆိုးထဲမှာ
ဝတ်ရုံးတွေ.......
အခါခါ........ပြောင်းလို့ 
ရုပ်ဖျက်တမ်းကစားနေခဲ့တာကြာပေါ့............။။
စင်ပေါ်တင်ထားတဲ့
အတ္တကို
ခါးဝတ်လိုမြဲကြ..............
ကျောရိုးထဲက
သေဆုံးခဲ့သော....သက္ကရာဇ်
အဟောင်းတွေ ထဲ
   သစ္စာတရား ကို ပြန်ရှာဖွေ ရဦးမယ်..။။
အပြုံးတု..........................
              မျက်လုံးအတု.....................
ဟန်ဆောင်မှု အတု.....................
ရူးသွပ်သူရဲ့ ဘာသာဗေဒ
အာဃာဒ တရားတွေ..................။။
ဖိနပ်ဆန်တဲ့ .............
လူမှုကျင့်ဝတ်များက
တစတစ
 အန္တာရယ်
အမြင်ကျဉ်းကျဉ်း..................
             အနာဂတ်ကျဉ်းကျဉ်း.................
ခပ်ကျဉ်းကျဉ်း ..............၀တ်ရုံထဲက
လူတွေ............................................
လောဘကြောင့်..
အရာရာသည်  တိုက်ပွဲကွင်းများဖြစ်လာ
ကျုပ်..............
ပြေးစရာမြေမရှိတော့..........။။
တစ်ညသာခံတဲ့.................စိတ်ကူးနဲ့ 
ဘ၀တစ်ခုလုံး ကို     လဘ်ထိုးပြီး......
သစ္စာတရားတွေ အာလုံးကို
အတုဖြစ်စေခဲ့ပေါ့.......................။။

အခုတော့.......................
ကျွန်တော်ဖျားနေ ခဲ့ပါပြီ.............................။။။။။

Labels:

<< Start < Prev 1 Next > End >> Results 1 - 6 of 6
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.