Sign Up
lost your password?

julydream

Poem

ပန်းပွင့်ဖို့  မျှော်လင့်တဲ့ ရေသောက်မြစ်မဲ့ သစ်ပင်

Tuesday, August 25th, 2009

ပန်းတစ်ပွင့်အတွက်

အလင်းနှစ်တွေ ကျွမ်းလောင်ခဲ့ပေမယ့်

ဓူဝံကြယ်နဲ့  မြောက် အရပ်ကို

လွဲမှားစွာရှာဖွေမိတုန်း...............။။

ကျွန်တော်ဘယ်လောက်ပဲ စိမ်းလန်းပါစေ

သူမကတော့..............

ခြောက်သွေ့  ပစ်လိုက်တာ ချည်းပဲ........။။

အလွမ်းတွေလည်း မထားခဲ့ နဲ့ 

တွန်သံကြားရာဆီ ကြည့်မိတိုင်း

ရာသီဦး မပီသခဲ့ဘူး.............။။

ဆုံနိုင်ခွင့်အလွဲတွေ မက်တဲ့ အိမ်မက်

အတွေးတွေ နီးသလောက်

ပန်းတိုင်နဲ့  ဝေးခဲ့ပြီ..........

 မျှော်လင့်ခြင်းမှာ.......

တောင်တွေ ကတော့ နီးလေမြင့်လေပဲ......။။

ဝန်ခံခြင်းတွေ ပြီးဆုံး ချိန်မှာ

ရေသောက်မြစ် မပါတဲ့  သစ်ပင်ဖြစ်ကြောင်း

အတည်ပြု ချက်ရောက်ရှိလာတယ်..........................။။။။

Labels:

" မရေးရသေးတဲ့ ကဗျာ "

Saturday, August 8th, 2009

" မရေးရသေးတဲ့ ကဗျာ "

ပွဲတော် မှာ ငါ့အဖော်
ဘယ်ရောက် သွားပါ လိမ့်..........
ငါကိုးကွယ် တဲ့ ကြိုးစကို မမြင်နိုင်
သူ့  အလင်းက မျက်စိမှုန်တယ်.......
တစ်နေ့  ခင်းလုံး
ဂိုးသမား မရှိတောတောင်
ငါ့ဆီမှာ ဘောလုံး မရှိခဲ့ဘူး......
ဒဏ်ရာက
ညကိုမှ လင်းတယ်..........။။။
ဘာမှ မဟုတ်ပါဘူး.........
မရေးရသေးတဲ့  ကဗျာ အကြောင်း တွေးပူမိလို့ ပါ..........။။

Labels:

" မျက်ရည်လွယ်တယောတစ်လက်ရဲ့  သီချင်း "

Saturday, August 8th, 2009

" မျက်ရည်လွယ်တယောတစ်လက်ရဲ့  သီချင်း "

ကျွန်တော် မိုးပေးခဲ့တဲ့ အရိပ်ထက်
သူချိုးသွားတဲ့ အခက် က ပိုရှည်တယ်.....။။
အလွမ်းနဲ့  အစာချက်တော့
ရွက်ကြွေတွေ များ...............
ဒဏ်ရာလည်း ဂရုမစိုက်အားခဲ့....။
ချစ်သူရေ.... အဲဒီနေ့  မနက်
နိုးလာမဲ့ အချိန်မှာ............
မင်းကိုမမြင်ရတော့ တာ ကိုပဲ
ကြေ
ကွဲ
                        တယ်....................။။
ငါတို့  အဖြစ်မှာ......
 ငါပြော ခဲ့ သမျှ က " အလွမ်း " ဆို
ငါမပြောခဲ့ သမျှ က " ဒဏ်ရာ "တွေ ပဲ
လှေ နဲ့ နေမျာ လှေ နဲ့ လိုက် ဆိုသလို
မျောနေ တဲ့ အလွမ်းနေ ကို ဘာနဲ့ လိုက် ရမလဲ......။။
ဒဏ်ရာတောအုပ်ထဲ ကြင်နာခြင်းကိုမှ အနံ့ ခံ ချင် တဲ့ ငါ
ဒဏ်ရာတွေ နဲ့  မြစ်လို စီးဆင်းခဲ့ ရတာ

ဆန်း
ပါ
ဘူး
                           လေ........................။။
လွဲမှားမှု သံချောင်းခေါက်သံ အတိုင်း
ငါ့နားရွက်တွေ က လမ်းလျှောက် တတ်လာတယ်.....။
ရင်မှ ပျံသန်းသွားတဲ့ နှစ်
အတိတ်ကို အရိပ် အဖြစ် အလံတင်ထားသူ......
ပန်းပွင့် က သူ့ ရနံ့ သူရှာ တွေ့ တဲ့ ရင် ခုန်သံ နဲ့ 
ညအပြာတွေ အကြောင်း ...........
စာရွက် အလွတ်ပေါ် တဖွဲ့  တနွဲ့  တင်မိတော့
ခံ
စား
မှု
က
စကားလုံးတွေ ဆီ အနံ့  အသက်မျှ မပါ........။။
စိတ်ရဲ့  အမည်မပေး ရသေးသော အရသာများ
ပဲ့တင်ထပ် သေဆုံးနေ........
သစ္စာတရားကိုပဲ အသံထွက်အောင်
တီးခတ်ပြာနှမ်းနေမိရဲ့ ..........။
အခုတော့.........

လွမ်း
ပြေ
စိတ်ချင်းပွတ်သပ်ချွဲ့  နွဲ့ နေကြတော့ရုံပဲ..............။။

ခု
တော့
အလွမ်းပြေ..........
စိတ်ချင်းပွတ်သပ်ချွဲ့  နွဲ့ နေကြတော့ ရုံပဲ...............။။

Labels:

<< Start < Prev 1 Next > End >> Results 1 - 3 of 3
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.