Sign Up
lost your password?

julydream

Poem

" ဤ ၀ါကျသည် ဤကဗျာ၏ခေါင်းစဉ်ဖြစ်သည် "

Friday, September 18th, 2009

" ဤ ၀ါကျသည် ဤကဗျာ၏ခေါင်းစဉ်ဖြစ်သည် "
ဘ၀မှာ ထပ်တူဖြစ်ဖို့ အော့အန်ရ

အဲဒီတိတ်ဆိတ်မှုဟာ....

ငါကောင်းရင် ငါ့ကိုပြန်ကောင်းကြလိမ့်မဲ့ဝါဒ

ဘုရားသခင်က လက်ပတ်နာရီရှာနေတုန်း

သူ့  တာလီတွေ ငါခိုးခဲ့တယ်..........

မနေ့ က အသက်ဟာ

ဆက်ထုံးတွေများခဲ့ပြီ..........။ ။

၁။ ။ ကိုယ့်မျက်ရည် က ကိုယ့်ပြန်လောင်ကျွမ်းလို့ 


၂။ ။ သေမင်းက နာရီလက်တံပေါ်မှာ တွဲလောင်းချိတ်နေတယ်


၃။ ။ လက်သည်းချွန်ချွန် နာမ်စားတစ်ခု

ငါ့

ကို

ကုတ်

ဖဲ့


၎။ ။ " အစစ် " ရဲ့  အရည်အသွေးတွေ သူ့ မှာရှိရင်

" အတု " ကို အမည်ပြောင်းပေးဖို့ လိုတယ်

(ခက်တာပဲ)


၅။ ။ ငါ့ကံက ကမ္မသကာ (သို့ ) every things is all the best



၆။ ။ ........ ........ ......... ........



၇။ ။အမြစ်ထဲမှာ ......စောင့်ဆိုင်းနေရှာတဲ့ ပန်းလေးတစ်ပွင့်

ဘယ်သော့နဲ့  ဖွင့်ရမလဲ.......

မေမေ ။။

Labels:

ရုပ်ရှင်ရုံ

Saturday, September 5th, 2009

                                                          ရုပ်ရှင်ရုံ
သူတို့ ရဲ့  အားလပ်ရက်ကို
ငါ့ဆီခဏခဏလာပုံချကြတယ်
ငါ့ရင်ခွင်ထဲကို ၀င်ခွင့်ရဖို့ 
သူတို့ ပဲမှောင်ခို လုပ်ကြပြန်တယ်....
တစ်ချို့  က ငြီးတွား.............
တစ်ချို့  က ဂျီး (ဂျေး)များတယ်.............
ကားလိပ် ဖွင့်တော့ ငါ့ကိုလေးစားကြ(တစ်ချို့ ).......
ငါဖန်ဆင်းမယ့်အရာတွေ ကို
သူတို့ တွေ အငမ်းမရဖြစ်ကြပြန်ရော......။  ။

ပကာသနတွေ ကိုလည်း
ငါ့ထပ်ခိုးပေါ်တင်ကာ မျက်နှာလုပ်ရသေးတယ်....
မခန့် လိုက်ပုံများ.......
ငါ့ရင်ခွင်ကို ဆားနဲ့ တို့ 
အမှိုက်ရှုတ်ကြပြန်တယ်......။ ။

အဲဒီမှာ..........ငါက
ဘာသာစကားမျိုးစုံ ခင်းကျင်းပြရတယ်
ရသမျိုးစုံ ချကျွေးရတယ်......
ငါ......... ဟာသလုပ်ရင်
သူတို့ ရယ်ကြ......
ငါ......... လွမ်းလို့  ငိုတဲ့အခါ
သူတို့  ၀မ်းနည်းကြ......
ငါ......... ကြမ်းပြရမ်းပြတဲ့အခါ
သူတို့  အံ့အားသင့်ကြ......
ငါ့ရင်ခွင်ထဲမှာပဲ .....
စစ်ပွဲပေါင်းများစွာဖြစ်ပြီး
မျက်ရည်ပေါင်းများစွာစီးကြ
လူပေါင်းများစွာက သေချင်ယောင်ဆောင်ကြ
ပြီးတော့...........................
နာပျော်ဖွယ်ကောင်းတဲ့ ဂီတသံတွေ ဖန်ဆင်းခိုင်းပြီး
ပျော်ရွှင်စွာနဲ့  ကခုန်ကြပြန်တယ်.......။ ။

တစ်ခါတစ်လေမှာတော့....
ငါ့မျက်နှာကို လျစ်လျူရှု ထားပြီး
သူတို့ ဇာတ်လမ်းကို သူတို့  ပြန်က
သူတို့  အိမ်မက်ကိုသူတို့ ပြန်ရှာဖွေကြပြန်တယ်.....။ ။

ဒီလို နဲ့ ....... စာတန်းထိုးပြီး
နေ့ တစ်နေ့ ရဲ့  နောက်ဆုံး အချိန်ကိုရောက်ခါမှ
ကိုယ်စီကိုယ်စီ ဖုန်တွေ ခါပြီး ထသွားကြပါရော
အဲဒီနောက်.........
ငါ့ဖာသာငါ မနက်ဖြန်အတွက် စဉ်းစားရင်း
အေးအေးဆေးဆေး အိပ်မောကျရတော့တယ်................။ ။ ။ ။ ။

Labels:

" အရိုးစုများ "

Friday, September 4th, 2009

" အရိုးစုများ "


လရောင် နှင်းတောထဲက သတိရစရာများ
အတိတ်တွေေ၀၀ါးလို့ .......
ဇာတ်နာက ရတဲ့ ညဆို ဖျားပြီ..........။။

မြစ်ရေပြင်က
မိုးကုတ်စက်ဝိုင်းကို ရင်ဘတ်ဖွင့်ပြတယ်
မာယာများပြတယ်..........။။

ဆောင်းလေရူးမှာ
ငါက..............
စီးကျလာတဲ့ မျက်ရည်တွေကို
လက်ဖမိုးနဲ့  သုတ်လိုက်တယ်......။။

တဖြည်းဖြည်းနဲ့ 
အမာရွတ် ဟောင်းတွေ က
နားလည်ရခက်လာတယ်....။။

အိပ်လို့ မပျော်ရင်
အိပ်ခန်းဟာ ဗလာစာရွက်တစ်ရွက်ပဲ....။။

သူပေးတဲ့ အလွမ်းက
ကြွပ်ကြွပ် အိတ်ဆန်တယ်ဆိုရင်တောင်
မစွန့် ပစ်ရက်ဘူး..............။။။

Labels:

" နှဖူးပေါ်လက်တင်မိတိုင်း အဖျားတက်တယ် "

Friday, September 4th, 2009

" နှဖူးပေါ်လက်တင်မိတိုင်း အဖျားတက်တယ် "

အတူဆုံစဉ်က.....
လေပြည်ရဲ့  ရနံ့ တွေ ဟာ
သွေးခြေ ဥကုန်ကြပြီ.......။

သီချင်းဆိုနေတဲ့
ဥသြ ငှက်ဟာလည်း
အရူးတစ်ပိုင်းဖြစ်လို့ .....။

စကားဝါပွင့်ပေါ်မှ
လိပ်ပြာတစ်ကောင်
အဆိပ်သင့်သွားတယ်.....။

စွယ်တော် ရွက်တစ်ချို့ 
ဒိုင်ယာရီစာအုပ် ကြားမှာ
အိပ်ငိုက်နေကြတယ်.....။

နှုတ်ခမ်းချင်းတေ့ယုံနဲ့ 
ဘ၀က မပြီးလေတော့
ရှိရင်းစွဲ..............
မျှော်လင့်ချက်တွေ သာ
တဖြုတ်ဖြုတ်..........။။

နှဖူးပေါ်လက်တင်မိတိုင်း အဖျားတက်တယ်...........။။။

Labels:

" ပွင့်ချပ်ဝါပေါ်မှ လိပ်ပြာတစ်ကောင်၏ အရိုးစု "

Friday, September 4th, 2009

" ပွင့်ချပ်ဝါပေါ်မှ လိပ်ပြာတစ်ကောင်၏ အရိုးစု "


၁။

ကြယ်ပွင့်တွေ ကောင်းကင်မှာ ဟိုတစ်စု ဒီတစ်စုပြန့် ကျဲနေကြသည်...။
အိမ်မက်လို ရီဝေသော ကတ္တီပါ ရွှေရောင်အလင်းဖြင့် စန္ဒာ သည် သူမ၏ ဆံပင်များ မှ ရနံ့ လို ခပ်မွှေးမွေးသင်းပျံ့ နေ၏....။
အမှောင်ကြိုက်တဲ့ လင်းနို့ တွေ အိပ်စက်နားနေကြပါစေ.......။
ကြယ်တစ်ပွင့်ကြွေ ကျ သွား သည်ကို မြင် ရ၏.....။ ကျီးကန်းနားခိုက် ဖြစ်ချင်ဖြစ်နိုင် သည်.....။
ဝေးကွာလွန်းလှ သော ဟိုး....အဝေးဆီမှာ အတွေးတွေ ပျံသန်းနေရတာ ပဲ....မဟုတ်လား....။
ပန်းပွင့် ၀တ်ဆံတစ်ချို့  ၊ မျက်ရည်တစ်ချို့  ဖြင့် ရက်လုပ်ထားသည့် အိမ်မက်များ အကြောင်း ပြောပြချင်ပါသည်...။။



၂။

အိမ်မက်အတိုင်း မျောပါသွားပြီး ကမ်းခြေ တစ်ခုသို့ ရောက် သွားရာ...မျက်တောင်တစ်ခတ်တွင် သက်တန့်  က သူမကိုနမ်းရှိုက် လိုက်သည်...။
ကျွန်တော် နှင့်သူမကြားတွင် နေမ၀င်အင်ပါယာရှိသည်......။
 အိမ်မက်မှ မနိုးမှီမှာပင် မျက်လုံးများ တံခါးဖွင့်လိုက်၏.....။
ထိုညကနွေရာသီမို့  ထင်သည်... နှင်းများ အဆုပ်လိုက် ကျနေကြသည်.....။
ပျင်းရိစရာကောင်းသော သီချင်းသံတစ်ချို့  တစ်နေရာမှ လွင့်ဝဲလာသည်....။
မိုးစက်တွေ ရေငွေ့ ပျံချလိုက်သော အခါ မြေသင်းနံ့ များမွှေးပျံ လာလိမ့်မယ်....။
ကြွေခါနီးဆဲဆဲ နက္ခတ်တာရာတစ်လုံးရဲ့  သေတမ်းစာဟာလည်းဟိုး...အလင်းနှစ်သန်းပေါင်းများစွာရဲ့ တစ်နေရာရာမှာ ငိုရှိုက်နေလိမ့်မယ်...။
ပြီးတော့..................
အထီးကျန်သူတစ်ယောက်ရဲ့  ညဟာလည်း တိတ်ဆိတ်ပေါက်ကွဲနေလိမ့်မယ်......။။

၃။

တမ်းတခြင်း မြစ်ထဲမှာ ပန်းပွင့်လှေ တစ်စင်းနစ်သွားသည်...။အလွမ်းတွေ ခရမ်းရောင်စေးပျစ်သွားကြ၏.....။
ဆောင်းရာသီမှာ ကြေကွဲစွာအော်ကျစ်တတ်သော ပုစဉ်းရင်ကွဲများလွမ်းသည်....။
ချော့ကလက်ရောင်ထနေသော အတိတ်ကိုလွမ်းသည်.....။
ချစ်သူ၏ လက်ပေါ်မှ မွှေးညှင်းနုနုလေးများကို လွမ်းသည်....။
ညှင်သာဖွဖွ ပွတ်တိုက် သွားသည့် အနမ်းထွက်သက်နွေးနွေးကိုလွမ်းသည်...။
ပွင့်ချက်ဝါ၀ါလေးများကိုလည်းလွမ်းသည်.....။
လွမ်းဖြစ်စရာတွေ ကို ယွန်းသေတ္တာ မှာထည့် သိမ်းထားပါသည်...။။
တစ်နာရီလား.........တစ်နှစ်လား.........ဆယ်နှစ်လား......။။
နောက်ထပ်ဘယ်လောက်များများလွမ်းနေရဦးမှာ လဲ......။
Dota တစ်ပွဲခုပ်စာ ဖြစ်နိုင်သည်......။ ကွန်နက်ရှင်ကောင်းသော 40MB စာ Download ဆွဲချိန်လည်းဖြစ်နိုင်သည်...။
အချိန်ဆိုသည်မှာ ဘာကိုခေါ်သလဲ........(နာရီပေါ်မှ လက်တံများ၏ရွေ့ လျားနိုင်ဟုယေဘုယျ ပြောနိုင်မည်ထင်သည်..)။

၎။

ချစ်သူကိုလွမ်းရန် အတိတ်ကို သံပတ်ပေးဖို့  (နှိုးစက်ပါသော) နာရီတစ်လုံး လိုပါသလား....။
ပါးလျားနူးညံ့ စွာ လွင့် ပျံ လာတတ်သော ပွင့်ချက်ဝါ၀ါလေး၏ ကိုယ်သင်းနံ့ သည် ခရမ်းရောင်ဖြစ်၏....။
ပွင့်ချပ်ဝါ ၀တ်ဆံပေါ်မှာ နားနေသော အရာကို လိပ်ပြာတစ်ကောင်ဟုထင်လိုက်မိသေးသည်....။
သေသေချာချာကြည့်လိုက်သော အခါတွင်မှ ၀ိဥာဉ်တစ်ကောင်ဖြစ်နေမှန်းတွေ ရသည်....။
အလင်းသည်နူးညံ့ ပျော့မှိုင်းလျှက်ရှိ၏.......။
သစ်ရွက်တစ်ချို့  ရွှေအိုရောင်တောက်ပစွာကြွေ...ကြွေကျနေကြသည်....။
အရိုးစုတစ်ခု ပါးပြင်ပေါ်တွင် မျက်ရည်စများနှင့်အတူ အေးချမ်းငြိမ်သက်စွာရှိနေလေသည်.....။

Labels:

<< Start < Prev 1 Next > End >> Results 1 - 5 of 5
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.