Sign Up
lost your password?

julydream

Poem

'' ကျူ ပ် နှင်း ငတ် လို့  သေ ဖူး တယ် ''

Tuesday, November 3rd, 2009

'' ကျူ ပ် နှင်း ငတ် လို့  သေ ဖူး တယ် ''


နှင်းရေ.....
ဆွံအခဲ့တဲ့ ငါ့ခေါ်သံကို
နင် က နားစည်တွေ ဖြုသိမ်းတော့လည်း...
မျက်လုံးက မိုးအုံ တယ်.....။။


နင့် နာမည်ချည်း သက် သက် နဲ့ 
အသက်ရူဖူးတယ်......။ ။


ဒီလိုဝေးရမယ်လို့  / မထင်ထားဘူး
ထင်မထားဘူး / ဒီလိုဝေးရမယ်လို့ 

ဟုတ်..........
ဒါ ကျုပ်ရဲ့  နှင်းပါ.....
ဥတုသုံးပါး ....... ဝေတယ်
ဟို...... လူကြီးတွေ
သွေးမဆူကြစမ်းပါနဲ့ .....
ဒါ
ကျုပ်
ရဲ့ 
နှင်း
ဟုတ်...........
ကျွန်တော် ရိုးသားစွာ ၀န်ခံပါရစေ

'' သူမ အပေါ် ကဗျာ လို ကျင့်ကြံခဲ့မိပါတယ် ''


ဒီလို နဲ့ ပါပဲ........
လွဲ ချင်တော့ ချစ်တယ်ဆို တာ တစ်ခု တည်းနဲ့ ပဲ
ဝေး............................
ဝေး............................
ဝေး............................
ချစ်သူ.....
ကိုယ်
တို့ 
မိုး
ချုပ်
ကြ

တော့
   မယ်   

 ဘာများတတ်နိုင်ကြလို့ လဲ
တစ်ယောက် နှလုံးသားကို
တစ်ယောက်ထုတ်
အလံ ဖြူ လုပ်ပစ်လိုက်၇တယ်..... ။ ။

သစ်ရွက်အကြွေ
+
ပြက္ခဒိန်
+
မျက်ရည်
...........................

နှင်း


ပင်လယ်ပြာရေ.....
သီချင်းဆိုရင် ငိုတတ်တဲ့
နင့်အသံတွေကို
ငါ
ဆယ်ယူပြီး ပြန်ခဲ့ရတာ
အကြိမ်ကြိမ်ပါ
မယုံ၇င်
တိမ်တွေ ကို
မေး
ကြည့်
ပေါ့


တောင်တန်းတွေ
လိပ်ပြာတွေ
ပန်းပွင့်တွေ
ဆောင်း......

ပြီးတော့.....
နင့် အရိပ်နဲ့  ငါ့ အတောင်ပံ
အင်း......................
သူများတွေ ပြောတာ တော့
ကြာခဲ့ပါပြီ ... တဲ့    ။ ။

နင် က......
နာရီတွေ အလွတ်မကျက်ဘူး
ရွက်စုတ် တွေ မသိမ်းတတ်ဘူး
ဒိုင်ယာရီတွေ မရေးတတ်ဘူး
ငါ့အတွက်တော့......
ဆန့်  ကျင် ဘက် ပဲ........။ ။


ဘယ်လို နေ့ စွဲတွေပါ လိမ့်
အဖြစ် အပျက်တွေ က သိပ်မြန်ပေမယ့်
အဝေးဆုံးထိ........
ငါတို့  ခရီးေ၇ာက်ခဲ့ ကြပြီ..... ။ ။

ဒီလိုပါ........
နှင်း
ငတ်လို့ 
သေ တဲ့ တစ္ဆေ
တစ်ကောင် အကြောင်းက.....။ ။
    

Labels:

8 Comments

lwintyarway
Friday, 06 November 2009
နှင်း ......... နှင်း ........နှင်း ငါ့သွေးသားထဲလဲ နှင်းပဲလား
yoe.yar
Friday, 06 November 2009
အား ပါး ပါး လို့ပဲတနိုင်တယ်
L0v34MuLaBoy
Wednesday, 04 November 2009
ဒီလိုတွေရှိခဲ့တယ်ပေါ့ .. နှင်း ရေ
NAMELESS
Wednesday, 04 November 2009
နှင်း ငတ်လို့  သေ တဲ့ တစ္ဆေ တစ်ကောင် အကြောင်း
ngatilay
Wednesday, 04 November 2009
တေချင်တယ်
Zippylay
Wednesday, 04 November 2009
ဆောင်း လည်း ၀င် ပြီ ။ နှင်း ငတ် တယ် ။
Nge
Tuesday, 03 November 2009
နှင်းကို နှင်းက ဝေဖန်မလို့လားကွယ်... နှင်းငတ်လို့သေတဲ့တစ္ဆေ .. ။း)
hninn.thida
Tuesday, 03 November 2009
ဟုတ်.......... ဒါ ကျုပ်ရဲ့  နှင်းပါ..... ဥတုသုံးပါး ....... ဝေတယ် ဟို...... လူကြီးတွေ သွေးမဆူကြစမ်းပါနဲ့ ..... ဒါ ကျုပ် ရဲ့  နှင်း ဟုတ်........... ကျွန်တော် ရိုးသားစွာ ၀န်ခံပါရစေ '' သူမ အပေါ် ကဗျာ လို ကျင့်ကြံခဲ့မိပါတယ် ''... ဘာပြန်ပြောလို့ပြောရမှန်းမသိအောင် ကဗျာကကောင်းတယ်... :D ဒီတော့ မဝေဖန်တော့ဘူးနော်...

Would you like to comment?

Sign up for a free account, or Sign in (if you're already a member)
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.