အစွန်းရောက်အချစ်
Friday, September 5th, 2008
ချစ်တယ် ချစ်တယ် ဆိုတဲ့စကား
မင်းကြားဖန်များလာတဲ့အခါ
ကိုယ့်အကြင်နာ ရင်ခုန်မြတ်နိုးမှုတွေ
မင်းအတွက် ရိုးသွားမှာ
ကိုယ့်အသက်ထက် စိုးရိမ်မိလို့ ပါ။
အနမ်းပွင့်တွေ ခြွေလိုက်တိုင်းမှာ
အနမ်းတွေ အထပ်ထပ်နဲ့ 
မင်းရဲ့ မျက်နှာနုနုလေးဟာ
အရည်ထူ ထုံကျင်မှုတွေကြောင့်
ခံစားချက်မဲ့သွားမှာ သိပ်ကြောက်မိလို့ ပါ။
မင်းအတွက် သီချင်းတွေဆိုလိုက်တိုင်း
ကိုယ့်နှလုံးသားရဲ့ သံစဉ်လှိုင်းတွေ
အချိန်တိုင်းကြားရတဲ့ မင်းအတွက်
အကြားအာရုံကို ထိခိုက်လို့ 
မင်း မနှစ်မြို့ တော့မှာကို
မိုးပြိုမှာထက် ထိတ်လန့် မိလို့ ပါ။
မင်းအတွက် ကဗျာတွေရေးမိတိုင်း
အခါတစ်ရာမက ထပ်နေတဲ့စကားလုံးတွေကြောင့်
မင်းနှလုံးသားထဲ မရောက်ပဲ
မင်းမျက်စိနောက်မှာ မကြည့်ရက်လို့ ပါ။
အဲဒါကြောင့်
ချစ်တယ်လို့  မပြော
ချစ်နမ်းလည်း မခြွေ
ချစ်တေးလည်း မဆို
အချစ်ကဗျာဆို မရေး
ကိုယ့်အတွေးထဲ ကနေ
မင်းကိုချစ်နေရုံလေးနဲ့ 
ကျေနပ်ခဲ့သူဟာ ကိုယ်ပါ။
မခူးခြွေရက်လောက်အောင်
ချစ်မြတ်နိုးခဲ့တဲ့ ကိုယ့်ကို
"ဒို့ ကိုတကယ်မချစ်ခဲ့ပါဘူး" ဆိုတဲ့
မင်းရဲ့ တဖက်သတ်စွပ်စွဲချက်နဲ့ 
နောက်ဆုံး နှုတ်ဆက်စကားသံဟာ
ဝေဒနာတွေ ပရပွနဲ့ 
ငါ့ကို အကြိမ်ပေါင်းများစွာ သေဆုံးစေခဲ့တယ်။
တကယ်တော့
အစွန်းရောက်အချစ်တွေနဲ့ 
မင်းအတွက် ငါ သေဆုံးခဲ့တယ်ဆိုတာ
မင်း သိခွင့်ရှိခဲ့မယ်ဆိုရင် . . . . . . . . .။ ။
ဆလိုင်း ရှယ်လေး
04092008
စိတ်ကူးထဲပေါက်လာတာကို လျှောက်ရေးထားတာပါ။ ဘာမှမပြင်မဆင်ပဲ ချရေးထားတဲ့အတိုင်း အသစ်စက်စက် တင်လိုက်တာပါ။ ကဗျာဖတ်ပြီး မျက်စိနောက်သွားခဲ့သူများ သည်းခံပါ။
ဆလိုင်း



17 Comments
Monday, 08 September 2008
Sunday, 07 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Friday, 05 September 2008
Friday, 05 September 2008
Friday, 05 September 2008
Friday, 05 September 2008
Friday, 05 September 2008
Friday, 05 September 2008
Friday, 05 September 2008
Friday, 05 September 2008
Friday, 05 September 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)