Sign Up
lost your password?

ဆလိုင်း ရှယ်လေးရဲ့ ဝါသနာကဗျာဥယာဉ်

ကဗျာမဟုတ်သော ကျွန်တော့်ကဗျာများ

ခြုံလွှာ

Friday, August 29th, 2008

မိုးကောင်းကင်ကို မော့ကြည့်ရင်း
အတ္တချွေးစက်တွေကို သုတ်
မာနတံတွေးတွေ ထွေးအထုတ်မှာ
မျက်နှာပေါ် ပြန်စင်ကျ
ဒုက္ခအညစ်အကြေးတွေ
အခကြေးငွေမရပဲ
ဆန္ဒသဲတွင်းထဲ ရေလှောင်ချင်သူ
အမှောင်ခင်သူ တစ်ယောက်
လမ်းပျောက်နေဆဲ ညတစ်ညမှာ
အထိနာခဲ့ရတဲ့ ခြေရာတွေ
နောက်ပြန် ရေတွက်ခဲ့မိ
သတိရခြင်းတွေထဲ ဝဲဝဲလည်
သား . . . ဘဝကို ဘယ်တော့မှ အရှုံးမပေးပါနဲ့  ဆိုတဲ့
အမေ့ စကားတစ်ခွန်းဟာ
ရင်ထဲမှာမွန်းကျပ်နေတဲ့ အစိုင်အခဲတစ်ခုကို
မျှော်လင့်ခြင်းတွေနဲ့  ရိုက်ချိုးနိုင်ခဲ့တယ်။

အမေပေးတဲ့ ခြုံလွှာတစ်စုံဟာ
ဒုက္ခဆင်းရဲခြင်းတွေ ကြားမှာ
ကဗျာတွေနဲ့  နွေးထွေးစေခဲ့ပါတယ်။

အမေ့မေတ္တာ ခွန်အားတွေနဲ့ 
ငါ့အတ္တတွေကို ပြန်ယှဉ်
ပြန်ပြင်မရတဲ့ အမှားတစ်ခုကို
ငွေ ဆိုတဲ့နောက်ကို လိုက်ရင်း
သား မိုက်တွင်းနက်ခဲ့တယ်။

ဆန္ဒဆိုတဲ့ အမှိုက်ပုံကြီး
အပူမီးတွေတောက်လောင်
သတ်မှတ်ချက်ဘောင်တွေနဲ့  လောကမှာ
သောကဒဏ်ရာတွေကို ခံနိုင်ရည်မရှိတော့တဲ့
ခပ်ပျော့ပျော့ ငါ့အရေခွံတွေကို
ငါ့ဟာငါ ပြန်ခွါကြည့်ရမယ် . . . . . . . . . . . .။

 

                                                          ဆလိုင်း ရှယ်လေး

၂၀၀၄ ခုနှစ်မှာ နိုင်ငံခြားအထိဘ၀အတွက်ရုန်းကန်ငွေရှာရင်းနဲ့ အမြဲငွေပြတ်နေတာကို ဘာမှလုပ်လို့ မရတော့ စိတ်ညစ်ညစ်နဲ့ ရေးခဲ့တဲ့ကဗျာလေးပါ။

Labels:

4 Comments

pawtarlay
Monday, 08 September 2008
ကောင်းလိုက်တာဗျာ။ ရှယ်လေး ဆိုတဲ့အတိုင်း ရှယ်ပဲ။
yinmyatnwe
Saturday, 06 September 2008
ဆန္ဒဆိုတဲ့ အမှိုက်ပုံကြီး အပူမီးတွေတောက်လောင် သတ်မှတ်ချက်ဘောင်တွေနဲ့  လောကမှာ သောကဒဏ်ရာတွေကို ခံနိုင်ရည်မရှိတော့တဲ့ ခပ်ပျော့ပျော့ ငါ့အရေခွံတွေကို ငါ့ဟာငါ ပြန်ခွါကြည့်ရမယ် . . . . . . . . . . . .။
htarwarachittu
Thursday, 04 September 2008
ဆလိုင်းရေ.................လုံးဝ ရှယ်လေး ပါပဲ ကွယ်.......
ayechanphyu
Friday, 29 August 2008
ကဗျာလေးအရမ်းကောင်းပါတယ်......... အမေ ကို ..တမ်းတနေတာ........

Would you like to comment?

Sign up for a free account, or Sign in (if you're already a member)
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.