ထွက်ပေါက်
Saturday, August 30th, 2008
လောကဆိုတဲ့ ပင်လယ်ကြီးထဲမှာ
လှော်ခတ်နေကြတဲ့ ဘဝလှေငယ်တွေထဲက
ငါ့ဘဝဟာလည်း လှေလေးတစ်စင်းပါပဲ
ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးတွေက
ကြမ်းတမ်းလွန်းလှပါရဲ့
ပရိရာယ်များတဲ့ လောကပင်လယ်မှာ
မာနဆိုတဲ့လှော်တက်ကလေးနဲ့ 
မုန်တိုင်းရဲ့ တိုက်ခိုက်မှုတွေကိုအန်တု
မာယာလှိုင်းလုံးတွေ ကြံ့ကြံ့ခံခဲ့ဖူး
ဒုက္ခကျောက်ဆောင်တွေနဲ့ လည်း
သဲသဲမဲမဲ ရင်ဆိုင်ခဲ့ရဖူးတယ်။
ရေစီးသန်လွန်းလှတဲ့
ခေတ်ရဲ့ရေစီးကြောင်းနောက်ကို အမှီလိုက်ရင်း
ကမ်းစပ်များစွာနဲ့  ရင်းနှီးခဲ့ရတယ်
ကြမ္မာလေပွေရိုင်းကြားမှာ
ကြံ့ကြံ့ခံ ကျောက်ဆူးမချနိုင်သေးသ၍
ငါဟာ . . . . . . . . .
ပင်လယ်ငွေ့ ကိုစားသုံး
အရှုံးမပေးစတမ်း
ရှေ့ ဆက်လို့ လှမ်းရဦးမယ် . . . . . ။
အတွေ့ အကြုံတွေနဲ့  ကျေနပ်
အမြတ်မရှိ ကျော်ဖြတ်ခဲ့ရ
မလှမပရွက်နွမ်းနေ့ စွဲတွေ နှမြောမိရင်း
စိတ်ပြင်းပျတဲ့ အတိတ်ပြန်ခရီးစဉ်ထဲက
အချိန်နာရီတွေ ရပ်တန့် 
စက္ကန့် တံတွေ နောက်ဆုတ်လို့ 
အတိတ်တွေဆီ လှည့်ပြန်ခွင့်ကို
ခဏလေးဖြစ်ဖြစ် ရခဲ့မယ်ဆိုရင်
မှားယွင်းမှုတွေ ပြုပြင်
နောင်တတွေ စွန့် ပြစ်ချင်သူအတွက်
ဒါဟာ . . . . ထွက်ပေါက်တစ်ခုဖြစ်နိုင်ပါတယ်။
ဆလိုင်းရှယ်လေး



3 Comments
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 30 August 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)