'' သူသိပါစေ ''
Monday, April 16th, 2012
သတိရတိုင်း တဆစ်ဆစ်နာနေတဲ့
ဟော့ဒီ ဘယ်ဘက်ရင်အုံက
ဒဏ်ရာက သေရာပါ..
နင့်အကြောင်းတွေးမိတိုင်း
ငိုမိတဲ့ ငါ့ရဲ့စိတ်တွေ
ဘယ်တော့မှ အသားကျမှာပါလိမ့်..
နင်ငါ့ဆီပြန်လာပါစေ လို့
ဆုမတောင်းပါဘူး..
ဒါပေမဲ့
နင်သိရဲ့လား..
မျှော်လင့်ချက်မဲ့တဲ့ မျက်ဝန်းတွေနဲ့
တစ်စုံတစ်ယောက်ကို
စောင့်မျှော်နေတဲ့ ကောင်မလေးတစ်ယောက်
ညနေတိုင်း ကမ်းနားကထိုင်ခုံလေးမှာရှိတယ်ဆိုတာ..။ ။
မေဃ



3 Comments
Tuesday, 08 May 2012
Tuesday, 17 April 2012
Tuesday, 17 April 2012
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)