|
လူသံ သူသံတွေကဆူလံလို့။ ကျုပ်အတော်လေး စိတ်ကျဉ်ကြတ်တယ်။ ကျုပ်ကို သူတို့က အတော်လေးပျော်နေ မယ်လို့ ထင်ကြရဲ့။ တကယ်တော့ ကျုပ်မပျော်ပါဘူး။ လူတွေကတော့ သူတို့ကောင်းမှုအတွက်ဆုတောင်းရင်း အပြုံးပန်းတွေပွင့်နေကြတယ်။ ဘေးနားက တစ်ချို့သူတွေ က ကျုပ်တို့ကိုနှမြောနေပုံရတယ်။ လူသူတွေတစ်ပုံကြီမို့ တောစပ်ကစည်ကားလို့နေရဲ့။ ကျုပ်ရဲ့တစ်ကိုယ်လုံးမှာလည်း ဘာတွေလုပ်ထားမှန်းမသိပါဘူး။ ချိုမှာလည်းပန်းတွေချီထားတယ်။ ကိုယ်ပေါ်မှာ လည်းထုံးဖြူနဲ့ `ဘေးမဲ့´တဲ့။ `ဒီကောင်းကြီးတွေကို ဒီတစ်မိုးလောက်ခိုင်းလို့ရသေးတယ်။ အသက်တွေကလည်း မနည်းကြတော့ပါဘူးလေ´ ဒီနေ့နှစ်ဆန်းတစ်ရက်နေ့မို့ ဇီဝိတဒါနအဖြစ် ကျုပ်တို့ကိုတောထဲ ဘေးမဲ့လွှတ်ပေးမလို့လေး။အခု ကျုပ်တို့အသက် ကြီးမှ တောထဲအစာရှာစားရတော့မယ်။ |