အဖေများနေ့ကို ဂုဏ်ပြုသော အားဖြင့် MySuboo Member များအားလုံး ၀င်ရောက်ဆင်နွှဲနိုင်မယ့် ကဗျာပြိုင်ပွဲ
ဇွန်လတွင် ကျရောက်သော အဖေများနေ့ကို ဂုဏ်ပြုသောအားဖြင့် www.mysuboo.com တွင် ကဗျာပြိုင်ပွဲ တစ်ရပ်ကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ MySuboo.com ရဲ့ ပထမဆုံး ကျင်းပမယ့် ပြိုင်ပွဲတစ်ခု ဖြစ်ပြီး စုဘူးမန်ဘာတွေ အတူတကွ ပါဝင်ဆင်နွှဲနိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
ဖခင်ကျေးဇူး၊ ဖခင် မေတ္တာကို ဖော်ကြူးထားသော ကဗျာများကို ရေးဖွဲ့ရမှာ ဖြစ်ပါတယ်။ ကဗျာအမျိုးအစား၊ ကဗျာခေါင်းစဉ်၊ ကဗျာပုဒ်ရေ ကန့်သတ်ထားခြင်း မရှိသောကြောင့် မိမိတို့ ခံစားမိသလောက် လွတ်လွတ်လပ်လပ် ရေးသားပေးပို့နိုင်သော ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ကဗျာများကို ဇွန်လ ၁၉ ရက်နေ့မှ ၂၁ရက်နေ့ အတွင်း ရေးသားယှဉ်ပြိုင်နိုင်ပါတယ်။ ၂၂ရက်နေ့မှ ၂၅ ရက်နေ့ များကိုတော့ မန်ဘာများအမှတ်ပေးရန်နေ့များအဖြစ် သတ်မှတ်ပေးထားပါတယ်။
ပြိုင်ပွဲဝင်ကဗျာတွေထဲက အကောင်းဆုံး ကဗျာလေးတွေကို စုဘူးမန်ဘာတွေကပဲ မဲပေးပြီး ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး၊ မဲအများဆုံး ကဗျာသုံးပုဒ်တိတိကို ရွေးချယ်မှာ ဖြစ်ပြီး ဆုများကို ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဆုရကဗျာများကို www.mysuboo.com Homepage မှာ တစ်လ တိတိဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် အထူးအခွင့် အရေးတစ်ရပ် အနေနဲ့ မြန်မာပြည်၌ လူကြိုက်အများဆုံး၊ ကဏ္ဍအစုံလင်ဆုံး မဂ္ဂဇင်း တစ်ခု ဖြစ်ပြီး စာမျက်နှာတိုင်းကို Art Paper များဖြင့် နိုင်ငံတကာ မဂ္ဂဇင်းတွေအတိုင်း ပုံနှိပ်ထုတ်ဝေထားတဲ့ People Magazine ရဲ့ August-2008 issue မှာထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဆုရရှိသူများကို August လထုတ် People Magazine (၃) အုပ် တိတိနှင့်အတူ ပထမဆု နှစ်သောင်းကျပ်၊ ဒုတိယဆု တစ်သောင်းကျပ် နှင့် တတိယဆု ငါးထောင်ကျပ် တို့အား ပူးတွဲပေးအပ်သွားမှာ ဖြစ်ပါတယ်။ စာအုပ်လက်ဆောင်များကို ရန်ကုန်မြို့တွင်းတွင်သာ အိမ်အရောက် ပို့ဆောင်ပေးမှာ ဖြစ်ပြီး၊ အကယ်၍ ဆုရရှိသူသည် နိုင်ငံခြားတွင် ရောက်ရှိနေသော မန်ဘာ ဖြစ်ပါက ရန်ကုန်မြို့တွင်းရှိ မိမိ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း စသည်ဖြင့် နီးစပ်ရာ လိပ်စာသို့ ပို့ပေးရန် တောင်းဆိုနိုင်ပါသည်။
စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် MySuboo ရဲ့ အဖေများနေ့ ဂုဏ်ပြု အစီအစဉ်မှာ MySuboo နဲ့အတူ လက်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်ကြပါပြီ။ MySuboo ကို access လုပ်ကြတဲ့ သူတွေ အများစုဟာ အချိန်နဲ့အမျှ အွန်လိုင်းမှာ ပျော်မွေ့နေကြတဲ့ ခေတ်လူငယ်တွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီလိုလူငယ်တွေကို ကြော်ငြာဖို့ အတွက် ခုချိန်က အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ပဲပေါ့။ MySuboo နဲ့ လက်တွဲပြီး အောင်မြင်မှုတွေကို စက္ကန့်မဆိုင်းပဲ ရယူလိုက်ကြရအောင်။
Sponsor Package: Sponsor Fees: 50,000 Ks Duration: 12 Days (19-June-08 to 30-June-08) Logo size: 230 x 100 pixels Others: Sticking MySuboo stickers at the computer desks of café
Facilities for Sponsors: • Logo at page of Poem Competition program of www.mysuboo.com • Link to the websites of the sponsors with the logo • Creating one page describing the detail information of the sponsor's business • 10 Days Free advertising on MySuboo's homepage (after the poem competition) • All design will be done by MySuboo designers
နောက်ပိုင်းတွေမှာလည်း ယခုလို အထိမ်းအမှတ်နေ့လေးတွေကို ကဗျာပြိုင်ပွဲ၊ ၀တ္ထုတိုပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ စသည်ဖြင့် အမျိုးမျိုး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စုဘူး မန်ဘာများ အားလုံး မိမိတို့ နှစ်သက်ရာအလိုက် ပါဝင်ဆင်နွှဲနိုင်ပါတယ်။ စုဘူး မန်ဘာများ အာလုံး ဗဟုသုတ တိုးပွားစေရန်၊ ထူးချွန်သော ၀ါသနာရှင်များကို မြေတောင် မြှောက်ပေးနိုင်ရန်၊ မန်ဘာ အချင်းချင်း အပြန်အလှန် ရင်းနှီးနွေးထွေးမှု ရှိစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများ ဆက်လက် ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။
Sponsor ပေးဖို့ စိတ်ဝင်စားသူများ အနေဖြင့် အောက်ပါလိပ်စာကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
Tin Myat Htet Marketing Executive Inforithm-Maze Co.,Ltd No.37, 10 th Floor, La Pyae Wun Plaza , Alan Pya Pagoda Road , Dagon Twonship, Yangon Ph: 243 542, 09 517 3255, 370 836-839 (ext-819) Fax: 243 542, 393 458 E-mail: orbit@myanmar.com.mm Website: www.mysuboo.com
|